လစဉ်လတိုင်း Android Apps အသစ်များစွာ ထွက်ပေါ်နေတဲ့အတွက် အကောင်းဆုံး Apps
များကို ရှာဖွေရတာ မလွယ်ကူပါဘူး။ အဲဒီအတွက် Digital Times ၀က်ဆိုက်က
ဇူလိုင်လအတွင်းမှာ ထွက်ရှိတဲ့ အကောင်းဆုံး App များကို
ရွေးချယ်ပေးလိုက်ပါတယ်။
Adobe Scan
Adobe Scan ကို Adobe က ဖန်တီးထားတာ ဖြစ်ပြီး
ပုံနှိပ်စာရွက်စာတမ်းများကို စမတ်ဖုန်း ကင်မရာကနေ စကင် လုပ်ခြင်းဖြင့် PDF
ဖိုင် အဖြစ် ပြောင်းပေးနိုင်ပါတယ်။ App ကို ဖွင့်ရင် ကင်မရာ မြင်ကွင်းကို
ပြသပေးမှာ ဖြစ်ပြီး PDF ဖိုင် အဖြစ် ပြောင်းလဲချင်တဲ့ စာရွက်စာတမ်းကို
ချိန်ရွယ်ရမှာ ဖြစ်ပါတယ်။ သူက စာရွက်ရဲ့ ထောင့်စွန်းများကို
အာရုံခံနိုင်ပြီး တည်းဖြတ်ပေးပါတယ်။ ဒါမှမဟုတ် သင်ကိုယ်တိုင်
ထောင့်စွန်းများကို သတ်မှတ်ပေးနိုင်ပါတယ်။ ပြီးရင်တော့ အဲဒီ စာရွက်ရဲ့ PDF
ဖိုင်ကို ဖန်တီးပေးမှာ ဖြစ်ပါတယ်။ ဖန်တီးထားတဲ့ ဖိုင်ကို သင့် စမတ်ဖုန်းမှာ
သိမ်းပေးမှာ ဖြစ်ပြီး မက်ဆင်ဂျာများကနေ လွယ်ကူစွာ မျှဝေနိုင်ပါတယ်။
• Version tested: 17.06.02
• Size: 23.1 MB
• Compatibility: Android 5.0 and up
• Price: free with in-app purchases
Download link
Firefox Focus
ဝက်ဆိုက်များကို ၀င်ရောက်ကြည့်ရှုတဲ့ အခါမှာ သင့်ရဲ့ ဒေတာများကို
ပေးအပ်ရပါတယ်။ အဲဒီအတွက် သင့်ရဲ့ ကိုယ်ရေးကိုယ်တာ လုံခြုံမှုကို
ထိခိုက်စေပါတယ်။ ဒီပြဿနာကို ဖြေရှင်းဖို့အတွက် နာမည်ကျော် Firefox
ဘရောက်စာကို ဖန်တီးတဲ့ အဖွဲ့က Firefox Focus ကို ဖန်တီးလိုက်ပါတယ်။ Firefox
Focus ကလည်း ဘရောက်စာ ဖြစ်ပြီး သင့်ရဲ့ ဒေတာများကို ၀က်ဆိုက်များက
ရယူခြင်း မပြုနိုင်အောင် ကာကွယ်ပေးနိုင်ပါတယ်။ ၀က်ဆိုက်တစ်ခုကို
သင်လည်ပတ်တဲ့ အခါမှာ သင့်ကို ခြေရာခံနေတဲ့ Tracker အရေအတွက်ကို သူက
ပြသပေးနိုင်ပါတယ်။ ဒါ့အပြင် ၀က်ဆိုက်များမှ ကြော်ညာများကိုလည်း သူက
ဖျောက်ပေးနိုင်တဲ့အတွက် လျှင်မြန်စွာ ၀က်ဆိုက်များကို ကြည့်နိုင်သလို
ဒေတာကိုလည်း သက်သာစေပါတယ်။ အဲဒီအတွက် AD Block Plus လို ကြော်ညာများကို
ဖျောက်ပေးတဲ့ Browser Extension မလိုအပ်တော့ပါဘူး။
• Version tested: 1.0
• Size: 3.02 MB
• Compatibility: Android 5.0 and up
• Price: completely free
Download Link
Persona 5 IM

စမတ်ဖုန်းများရဲ့ Default SMS App များဟာ ရိုးရှင်းတဲ့ Plain Design ကို အသုံးပြုထားကြပါတယ်။ ဆန်းသစ်တဲ့ ဒီဇိုင်းကို နှစ်သက်သူများအတွက် ဒါဟာ အဆင်မပြေပါဘူး။ Persona 5 IM က အဲဒီ Default SMS App များကို အစားထိုးပေးတဲ့ App ဖြစ်ပြီး ဂရပ်ဖစ်များက ကာတွန်းဆန်ဆန် လှပပါတယ်။ သမားရိုးကျ SMS App များမှာလိုပဲ သူ့မှာ SMS များကို ပေးပို့၊ လက်ခံနိုင်ပါတယ်။ Notifications များရဲ့ သွင်ပြင်ကို App Settings ထဲမှာ ပြောင်းလဲနိုင်ပါတယ်။ အတိုချုပ်ပြောရရင် သွင်ပြင် ဆန်းပြားတဲ့ SMS App ကို အသုံးပြုချင်သူများအတွက် သူက ရွေးချယ်စရာ ဖြစ်ပါတယ်။
• Version tested: 1.1
• Size: 2.23 MB
• Compatibility: Android 4.4 and up

No comments: