Windows 10 Creator update မှာ virtual touchpad feature ကို ထည့်သွင်းပေးထားပါတယ်။ အဆိုပါ feature ကို ထည့်သွင်းပေးထားတဲ့အတွက် touchscreen အသုံးပြုထားတဲ့ device တွေမှာ touchpad ပေါ်ကနေ gesture တွေကို ထည့်သွင်း သုံးစွဲနိုင်ပါတယ်။ Virtual touchpad ကို laptop မှာ ထည့်သွင်းထားတဲ့ touchpad တွေကဲ့သို့ touch screen တွေပေါ်ကနေ သုံးစွဲနိုင်ပါတယ်။
Virtual touchpad ကို enable လုပ်မယ်ဆိုရင် taskbar မှာ right-click လုပ်လိုက်ပါ။ ပြီးရင် Show touchpad button ဆိုတဲ့နေရာကို နှိပ်ရပါမယ်။ အကယ်၍ အဆိုပါ option မပေါ်ဘူးဆိုရင် ကိုယ်သုံးစွဲနေတဲ့ device ဟာ touchscreen အသုံးပြုနေတဲ့ device မျိုးမဟုတ်တဲ့ အဆိုပါ option ကိုတွေ့ရမှာမဟုတ်ပါဘူး။

irtual touchpad ကို enable လုပ်ပြီးပြီဆိုရင် taskbar မှာ touchpad icon ကိုတွေ့ရပါမယ်။

Virtual touchpad မှာ သုံးစွဲနိုင်မယ့် gesture တွေကိုလေ့လာကြည့်ချင်တယ်ဆိုရင် Settings > Devices > Touchpad ဆိုတဲ့နေရာမှာ gesture တွေကို လေ့လာကြည့်နိုင်မှာဖြစ်ပါတယ်။

No comments: