လူပျောက်ရှာနိုင်မယ့် Software - ညီလတ်ထွန်း(နည်းပညာ)

728x90 AdSpace

Trending

လူပျောက်ရှာနိုင်မယ့် Software

နှစ်စဉ်နှစ်တိုင်း အမေရိကန်နဲ့ ဗြိတိန်မှာ လူတစ်သန်းကျော် ပျောက်ဆုံးနေတယ်လို့ သိရပါတယ်။ အဲဒီအတွက် သုတေသန ပညာရှင်များက ပျောက်ဆုံးသွားသူများကို ရှာဖွေပေးမယ့် ဆော့ဖ်ဝဲကို တီထွင်လိုက်ပါတယ်။ သူတို့ရဲ့ ဆော့ဖ်ဝဲဟာ ပျောက်ဆုံးသွားတာကြာမြင့်သွားတဲ့ လူများရဲ့ မျက်နှာ ပြောင်းလဲမှုများကိုပါ တွက်ချက် ဖော်ထုတ်ပေးနိုင်ပါတယ်။ တစ်နည်းအားဖြင့် လူတစ်ယောက်ရဲ့ အသက်အရွယ် အပိုင်းအခြား အမျိုးမျိုးမှာ ပြောင်းလဲသွားတဲ့ မျက်နှာသွင်ပြင်ကို ဆော့ဖ်ဝဲက ထုတ်လုပ်ပေးပါတယ်။

Bradford တက္ကသိုလ်မှ ပညာရှင်များက အဲဒီဆော့ဖ်ဝဲကို တီထွင်လိုက်တာဖြစ်ပါတယ်။ သုတေသနကို ဦးဆောင်ခဲ့တဲ့ ပါမောက္ခဖြစ်သူ Hassan Ugail က ကမ္ဘာအ၀န်းမှ ရဲဌာနများ အပါအ၀င် အစိုးရများ၊ ကုမ္ပဏီများက ပျောက်ဆုံးနေတဲ့ လူများကို ရှာဖို့ သူတို့ ဆော့ဖ်ဝဲကို သုံးနေကြတယ်လို့ ပြောပါတယ်။
သူတို့ရဲ့ ဆော့ဖ်ဝဲက မေးရိုး၊ ပါးစပ်နဲ့ ဦးခေါင်းတို့လို အဓိကကျတဲ့ မျက်နှာ အစိတ်အပိုင်းများကို ခွဲခြမ်းစိတ်ဖြာ၍ တွက်ချက်ပေးတာ ဖြစ်ပါတယ်။ အဲဒီ ဒေတာများကို Computer Algorithm က အသုံးပြု၍ လူတစ်ယောက် အသက်အရွယ် ကြီးရင့်သွားရင် ဖြစ်သွားမယ့် မျက်နှာများကို ဖန်တီးပေးတာ ဖြစ်ပါတယ်။ သူတို့ရဲ့ နည်းပညာဟာ ယခင်ထွက်ပေါ်ခဲ့ဖူးတဲ့ မျက်နှာအာရုံခံ နည်းပညာများထက် ပိုမို အစွမ်းထက်တယ်လို့ သိရပါတယ်။
ဒီလို တိကျရခြင်းဟာ မတူညီတဲ့ လူမျိုး၊ အသားအရောင်နဲ့ လိင်တို့လို အရာများကို ဆော့ဖ်ဝဲအား သင်ကြားပေးထားလို့ ဖြစ်တယ်လို့ Ugail က Dailymail ကို ပြောပါတယ်။ ဒါ့အပြင် သူတို့ရဲ့ နည်းပညာက လူတစ်ယောက်ရဲ့ မိဘ၊ အဖိုး၊ အဖွားများနဲ့ အမျိုးများကိုပါ တွက်ချက်ဖော်ထုတ်ပေးနိုင်ပါတယ်။ Ugail က ဗြိတိန်မှာတင်ပဲ တစ်နှစ်မှာ ပျောက်ဆုံးသူ ၃၀၀ ၀၀၀ ခန့် ရှိတယ်လို့ ပြောပါတယ်။ သူတို့ရဲ့ နည်းပညာဖြင့် ပျောက်ဆုံးနေတဲ့ လူများအား ရှာဖွေပေးဖို့ သက်ဆိုင်ရာ အဖွဲ့အစည်းများဖြင့် ပူးပေါင်း ဆောင်ရွက်နေပါတယ်။






ref : dailymail
Crd- digitaltimes 
www.nyilattun.com

လူပျောက်ရှာနိုင်မယ့် Software Reviewed by ညီလတ်ထွန်း(နည်းပညာ) on 9:54 AM Rating: 5 နှစ်စဉ်နှစ်တိုင်း အမေရိကန်နဲ့ ဗြိတိန်မှာ လူတစ်သန်းကျော် ပျောက်ဆုံးနေတယ်လို့ သိရပါတယ်။ အဲဒီအတွက် သုတေသန ပညာရှင်များက ပျောက်ဆုံးသွားသူမျာ...

No comments: