Myanmar PaOh Zawgyi Font Style APK - ညီလတ်ထွန်း(နည်းပညာ)

728x90 AdSpace

Trending

Myanmar PaOh Zawgyi Font Style APK

 ဒီဖောင့်လေးကတော့ကျနော်ဘာ App ရေးရေး Typeface ထည့်ရေးတတ်တဲ့ဖောင့်လေးပါ။
လက်ရှိ www.Takhon.com/tech မှာလည်း Embed လုပ်သုံးထားတဲ့ဖောင့်လေးပါ။
သူကရိုးရိုးရှင်းရှင်းလေးအရမ်းကြည့်ကောင်းပါတယ်။
ဇော်ဂျီဖောင့်လို ရပင့်တွေ ရရစ်တွေကပ်တာတို့ တစ်ချောင်းငင်၊
ဟထိုးတွေကပ်တာတွေလုံးဝမရှိပါဘူး။
ရိုးရိုးလေးနဲ့စာဖတ်ဝါသနာပါသူတွေအတွက်စာလုံးတွေကိုကောင်းကောင်းမြင်နိုင်ဖတ်နိုင်အောင် ဒီကောင်လေးကအဆင်ပြေပါတယ် ;)
Android ဖုန်းတွေမှာအသုံးပြုဖို့ Samsung,Oppo တို့လို Font Style ပါတဲ့ဖုန်းတွေမှာတော့
Root မလိုပဲထည့်သွင်းအသုံးပြုနိုင်ပါတယ်။
Huawei, Vivo, Xiaomi(MIUI) တို့လို Theme ပါတဲ့ဖုန်းတွေအေတွက်လည်း
Root မလိုပဲ Theme ထဲမှာ Font ပြောင်းသုံးနိုင်ပါတယ်။
အခြားဖုန်းတွေမှာအသုံးပြုချင်တယ်ဆိုရင်တော့ Root လိုအပ်ပါတယ်။
App ထဲမှာပါတဲ့ Other(#Root) ဆိုတာလေးကတော့ Root ရှိတဲ့မည်သည့်ဖုန်းမဆို
ဒီ Myanmar PaOh စာလုံးပုံစံလေးကိုထည့်သွင်းပေးနိုင်ပါတယ်။

Play Store ကနေဒေါင်းလို့အဆင်ပြေသူများကတော့ Play Store ကနေ
အဓိကထားဒေါင်းပေးကြပါ။
ပြီးတော့အဆင်ပြေ မပြေ Play Store ပေါ်မှာ
ကြယ်လေးတွေရွေးပြီး Review လေးတွေရေးပေးခဲ့ကြပါဦး
Play Store ကနေဒေါင်းဖို့အဆင်မပြေသူများတော့ Download APK ကိုနှိပ်ပြီး
တိုက်ရိုက်ဒေါင်းယူနိုင်ပါတယ် ;)



ကွန်ပျူတာမှာအသုံးပြုချင်သူများကတော့ ဒီမှာ ttf ဖိုင်လေးကိုသွားဒေါင်းနိုင်ပါတယ်။

အသုံးပြုနည်း
===========
အသုံးပြုနည်းကတော့လွယ်ပါတယ်။
အကုန်လုံး One Click တွေပါပဲ :)

Samsung နဲ့ Oppo ဆို "ထည့်သွင်းမည်" ကိုနှိပ်ပြီး Install လုပ်ပေးပါ။
ပြီးရင် "ဖောင့်ပြောင်းမည်" ကိုနှိပ်ပြီး Myanmar PaOh Zawgyi(myFont) ကိုရွေးပေးပါ။
မူလအတိုင်းပြန်ထားချင်ရင် Change Font ကိုနှိပ်ပြီး Default ကိုပြန်ရွေးပေးလိုက်ပါ။

Vivo ကတော့ "ထည့်သွင်းမည်" ကိုနှိပ်ပြီး "ဖောင့်ပြောင်းမည်(၁)" ကိုနှိပ်ပြီး Theme တွေထဲမှာ
Myanmar PaOh Zawgyi Font ကိုရွေးပေးပြီး Apply လုပ်ပေးရုံပါပဲ :D
မရရင် "ဖောင့်ပြောင်းမည်(၂)" ကိုနှိပ်ပြီး Font တွေထဲမှာ Myanmar PaOh Zawgyi Font ကိုရွေးပြီး Apply လုပ်ပေးပါ။
မရသေးရင် File Manager ထဲကိုသွားပြီ Vivo Myanmar Font ဆိုတဲ့ဖိုဒါထဲကိုဝင်ပြီး
PaOh Zawgyi.itz သို့မဟုတ် PaOh Zawgyi.txj ကိုဖွင့်ပြီး Apply လုပ်ပေးပါ။
မူလအတိုင်းပြန်ထားချင်ရင် "ဖောင့်ပြောင်းမည်(၃)" ကိုနှိပ်ပြီး Default ကိုပြန်ရွေးပေးလိုက်ပါ။

Huawei ဆိုရင်တော့ "ထည့်သွင်းမည်" ကိုနှိပ်ပြီး "ဖောင့်ပြောင်းမည်" ကိုနှိပ်ပါ။
Theme တွေထဲမှာ Myanmar PaOh Zawgyi Font ဆိုတဲ့ Theme ကိုရွေးပြီး Apply ပေးလိုက်ပါ။
မူလအတိုင်းပြန်ထားချင်ရင် "ဖောင့်ပြောင်းမည်" ကိုနှိပ်ပြီး Default ကိုပြန်ရွေးပေးလိုက်ပါ။

Xiaomi ဆိုရင်တော့ "ထည့်သွင်းမည်" ကိုနှိပ်ပြီး "ဖောင့်ပြောင်းမည်" ကိုနှိပ်ပြီး System Font သို့မဟုတ် Theme ထဲက Font ထဲမှာ
Myanmar PaOh Zawgyi Font ဆိုတဲ့ Font ကိုရွေးပြီး Apply လုပ်ပေးလိုက်ပါ၊။
မူလအတိုင်းပြန်ထားချင်ရင် "ဖောင့်ပြောင်းမည်" ကိုနှိပ်ပြီး Default ကိုပြန်ရွေးပေးလိုက်ပါ။

တကယ်လို့ကိုယ့်ဖုန်းကအပေါ်ကပြောခဲ့တဲ့ဖုန်းတွေမဟုတ်လို့ပဲဖြစ်ဖြစ် Root ရှိလို့ပဲဖြစ်ဖြစ်
Other(#Root) ကိုနှိပ်ပြီး Root တောင်းလာရင် Grant သို့ Allow ပေးပြီးလက်ခံပေးလိုက်ပါ။
ပြီးရင် "ထည့်သွင်းမည်" ကိုနှိပ်ပြီး ၅ စက္ကန့်လောက်နေရင်ဖုန်းက Restart ကျသွားပါမယ်။
ပြန်တက်လာရင်တော့ ဘယ်နေရာသွားသွားမြန်မာစာအားလုံး Ok ပါပြီ ;')
မူလအတိုင်းပြန်ထားချင်ရင် "မူလအတိုင်းပြန်လည်ထားရှိမည်" ကိုနှိပ်ပြီးပြန်ထားနိုင်ပါတယ် :D
#MyanmarPaOh ZawgyiFont
Myanmar PaOh Zawgyi Font Style APK Reviewed by Khun Htetz Naing on 7:31 AM Rating: 5  ဒီဖောင့်လေးကတော့ကျနော်ဘာ App ရေးရေး Typeface ထည့်ရေးတတ်တဲ့ဖောင့်လေးပါ။ လက်ရှိ www.Takhon.com/tech မှာလည်း Embed လုပ်သုံးထားတဲ့ဖောင့်...

No comments: