မိုဘိုင်းဖုန်းနဲ့ ဓာတ်ပုံ Edit လုပ်တဲ့အခါ အသုံးဝင်မယ့် နည်းလမ်းအချို့ - ညီလတ်ထွန်း(နည်းပညာ)

728x90 AdSpace

Trending

မိုဘိုင်းဖုန်းနဲ့ ဓာတ်ပုံ Edit လုပ်တဲ့အခါ အသုံးဝင်မယ့် နည်းလမ်းအချို့

မိုဘိုင်းဖုန်းနဲ့ ဓာတ်ပုံရိုက်ထားပြီးရင် အသင့်ပေါ်လာတဲ့ ပုံကိုပဲသုံးတာထက် နည်းနည်းလေးတော့ Edit လုပ်တတ်ကြပါတယ်။ ဒါကြောင့် ကိုယ့်ဓာတ်ပုံကို အကောင်းဆုံးဖြစ်နိုင်ဖို့ Edit လုပ်တဲ့အခါမှာ အသုံးဝင်မယ့် နည်းလမ်းတချို့ကို ဖော်ပြပေးလိုက်ပါတယ်။ မိုဘိုင်းဖုန်းထဲမှာ App တစ်ခုနဲ့ ဓာတ်ပုံထဲမှာ ရှုပ်နေတဲ့အရာတွေကို ချက်ချင်းကို ဖယ်ရှားလိုက်နိုင်မှာ ဖြစ်ပါတယ်။ အရမ်းကို လွယ်ကူလွန်းလှပြီးတော့ App ကို သုံးစွဲရတာလည်း အခက်အခဲ မရှိနိုင်တာကို တွေ့ရပါတယ်။ ဒီ App ကတော့ Touchretouch ဆိုတဲ့ App ဖြစ်ပြီး ဓာတ်ပုံသမားတွေအတွက် မရှိမဖြစ် ထည့်ထားသင့်တဲ့ App တစ်ခုဖြစ်ပါတယ်။ Touchretouch ဆိုတာဟာ မိုဘိုင်းApp တစ်ခုဖြစ်ပြီး မိုဘိုင်းဖုန်းနဲ့ ရိုက်ကူးထားတဲ့ ဓာတ်ပုံတွေထဲမှာ ပေါ်နေတဲ့ မလိုလားအပ်တဲ့ ကြိုးတန်းတွေ အရာဝတ္ထုတွေ အစက်အပြောက်တွေကို Select ကို လက်ညှိုးနဲ့ပဲပြုလုပ်ပြီး ဖျောက်ပစ်ဖို့အတွက်ကတော့ တကယ့်ကို one clip နဲ့ပဲ သုံးစွဲရမှာ ဖြစ်ပါတယ်။ ထည့်သွင်းဖို့ မိုဘိုင်းဖုန်းတွေအတွက်တော့ Android ကော iPhone နှစ်မျိုးစလုံးနဲ့ အဆင်ပြေစေနိုင်မှာ ဖြစ်ပါတယ်။
App Store မှာကော iTune မှာပါ ရှာဖွေ ထည့်သွင်းနိုင်ပါတယ်။ ဒါပေမဲ့ Free ကြိုက်တဲ့ ကိုကိုမမတွေအတွက်တော့ အဆင်မပြေနိုင်ပါဘူ။ ဘာလို့လဲဆိုတော့ 1.99 ဒေါ်လာနဲ့သာ Download လုပ်နိုင်တဲ့အတွက်ကြောင့်ပဲ ဖြစ်ပါတယ်။

ဓာတ်ပုံတစ်ပုံမှ မလိုတဲ့ အရာဝတ္ထုကို ဖယ်ရှားမယ်။

ဓာတ်ပုံထဲက မလိုအပ်တဲ့ အရာကို ဖယ်ရှားခြင်း အဆင့်ဆင့်ကို တစ်ဆင့်ချင်း ဖော်ပြပေးသွားပါမယ်။
ပြုလုပ်မယ်ဆိုရင်တော့ အရင်ဆုံး Touchretouch ကို အရင်ဖွင့်ရပါတယ်။ ပြီးရင် ဖျက်မယ့် ဓာတ်ပုံကို App အတွင်းကို ထည့်သွင်းရမှာပဲ ဖြစ်ပါတယ်။ အခုပြထားတဲ့ဓာတ်ပုံမှာ ပါဝင်နေတဲ့ အမှိုက်ပုံလေးကို ဖယ်ရှားဖို့အတွက် ပြုလုပ်ပြီး ဘေးပတ်ဝန်းကျင်က အရာတွေနဲ့ အစားထိုးမှာပဲ ဖြစ်ပါတယ်။

Touchretouch app ကိုဖွင့်လိုက်ပါ။ ပြီးရင် Open Photo From Gallary ဆိုတာကို နှိပ်လိုက်ပါ။ ဖုန်းနဲ့ရိုက်ကူးထားတဲ့ ဓာတ်ပုံတွေရှိတဲ့ နေရာကို ရှာဖွေရွေးချယ်ပြီး ကိုယ် edit လုပ်ချင်တဲ့ ဓာတ်ပုံကို ရွေးချယ်လိုက်ရမှာပဲ ဖြစ်ပါတယ်။

အခုဆိုရင် သင်ရွေးချယ်ရမှာကတော့ ဓာတ်ပုံကို edit လုပ်ပြီး Save တဲ့အခါမှာ ထွက်လာမယ့် resolution ကို စိတ်ကြိုက် ရွေးချယ်နိုင်မှာပဲ ဖြစ်ပါတယ်။ Resolution ကောင်းကောင်းကို ပြောင်းလဲမယ်ဆိုရင်တော့ Processing time ကတော့ ကြာသွားနိုင်တဲ့အတွက် Recommand ပေးရမယ်ဆိုရင် original size အတိုင်းက အကောင်းဆုံးပဲ ဖြစ်ပါတယ်။

တကယ်လို့ edit လုပ်မယ့် ဓာတ်ပုံကို ရွေးချယ်ပြီးပြီလို့ Screen ပေါ်မှာ ပေါ်လာပြီဆိုရင် Double touch လုပ်ပြီး Zoom in Zoom out ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။ Double touch လုပ်လိုက်ရင် Zoom in သွားမှာဖြစ်ပြီး နောက်ထပ် Double touch လုပ်လိုက်ရင် နဂိုပုံစံအတိုင်း 100% ooiginal photo size ပြန်ဖြစ်သွားပါလိမ့်မယ်။ အဲလိုမျိုးနဲ့ ကိုယ်ဖျက်လိုတဲ့ အရာဝတ္ထုနေရာသို့ Zoon in ဝင်ပြီး အရာဝတ္ထုပေါ်မှာ Mask အုပ်ပြီး Selection ပေးထားနိုင်ပါတယ်။ ပေးထားတဲ့ Selection က အရာဝတ္ထုကို ဖယ်ရှားဖို့ဆိုရင်တော့ သုံးစွဲရမယ့် Tools က Lesso tool ကို ရွေးချယ်နိုင်သလို Brush tool ကိုလည်း ရွေးချယ်နိုင်ပါတယ်။ အဲဒီ Tool တွေက Screen ရဲ့ အောက်ဘက် ဘယ်ဘက်ထောင့်မှာရှိပြီး Lesso Tool က ဘယ်အစွန်ဆုံးမှာရှိပြီး Brush Tool ကတော့ ဘယ်ဘက်ရဲ့ဒုတိယမြောက် တစ်ခုပဲဖြစ်ပါတယ်။ အဲဒီ tool နှစ်ခုလုံးဟာ တူညီတဲ့ လုပ်ဆောင်မှုကို ပေးမှာပဲဖြစ်ပါတယ်။

အပေါ်မှာပြထားတဲ့ ပုံမှာလို Brush Tool ကို ရွေးချယ်ပြီး အရာဝတ္ထုကို ဖယ်ရှားဖို့လုပ်မယ် ဆိုရင်တော့ Brush tool ကို ရွေးလိုက်တဲ့ အချိန်မှာ အောက်ဘက်မှာ Brush size ကို ရွေးချယ်နိုင်ပါတယ်။ ရွေးချယ်ပြီးရင် ကိုယ်ဖျက်လိုတဲ့ အရာဝတ္ထုပေါ်မှာ လက်ချောင်းလေးကို ပွတ်လိုက်ပြီး selection ပေးလို့ရပါတယ်။ Selection ပေးမှုဖြစ်မဖြစ်ကို အနီရောင် mesk နဲ့ ဖော်ပြပေးမှာဖြစ်ပြီး အဲလိုဖြစ်နေပြီဆိုရင် ဖျောက်ပစ်လို့ရအောင် Selection ပေးပြီးဖြစ်ပါတယ်။ တကယ်လို့ လက်ချောင်းနဲ့ ပွတ်တဲ့အခါမှာ လွဲချော်မှုတွေရှိလို့ ပြန်ပြင်ချင်တယ်ဆိုရင် undo ပြုလုပ်နိုင်ပြီး Screen ရဲ့ အပေါ်ဘက်မှာ အဲဒီ button ရှိမှာပဲဖြစ်ပါတယ်။ တကယ်လို့မှ ကိုယ်က Brush tool ကို မရွေးဘဲ Lesso Tool ကိုလည်း အပေါ်မှာပြောခဲ့သလို လုပ်နိုင်ပြီး သူကတော့ဖယ်လိုတဲ့ အရာဝတ္ထုရဲ့အပေါ်မှာ အနီရောင် Mask လိုင်းကိုတွေကို အလွယ်တကူ မှတ်သားပေးမှာပဲ ဖြစ်ပါတယ်။

ပုံရဲ့ အခြားနေရာတွေကို ကြည့်ချင်တယ် ဆိုရင်တော့ Screen ရဲ့ အောက်ဘက်မှာရှိတဲ့ လက်ဝါးပုံစံလေးကို ရွေးပြီးဓာတ်ပုံရဲ့ အခြားနေရာတွေကို လျှောက်ကြည့်နိုင်ပါတယ်။ နောက်ပြီး Selection ပေါ်ထားတဲ့နေရာကို ဖျက်ပစ်ချင်တယ်ဆိုရင်တော့ screen အောက်ဘက်က icon တွေထဲမှာရှိတဲ့ ဘယ်ဘက်က ရေတွက်မယ်ဆိုရင် တတိယမြောက် icon ကို နှိပ်ပြီးဖျက်ပစ်နိုင်ပါတယ်။ တကယ်လို့ မလိုဘူးဆိုရင်တာ့ Double tab လုပ်ပြီး ဓာတ်ပုံမူရင်း ပုံစံကို ပြန်လုပ်ထားလိုက်ပါ။

နောက်ဆုံးမှာ တကယ့်ကို အံ့သြရမယ့်အပိုင်းပဲ ဖြစ်ပါတယ်။ Selection အားလုံး လုပ်ပြီးသွားပြီဆိုရင်တော့ အောက်ဘက်မှာရှိတဲ့ Select button ကို နှိပ်လိုက်တာနဲ့ အလိုအလျောက်ကိုပဲ ဖျက်ချင်တဲ့ အရာဝတ္ထုက ချက်ချင်းပျောက်ကွယ်ပြီး ဘေးပတ်ဝန်းကျင်မှာရှိတဲ့ အရာတွေနဲ့ တသားတည်း ဖြစ်သွားတာကို တွေ့ရမှာပါ။

အားလုံးပြီးဆုံးလို့ အရာဝတ္ထုကို ဖျောက်ပစ်တာ စိတ်ကျေနပ် သွားပြီဆိုရင်တော့ ကိုယ့်ပြုပြင်လိုက်တဲ့ ဓာတ်ပုံကို သိမ်းဆည်းနိုင်မှာ ဖြစ်ပါတယ်။ သိမ်းဆည်းမယ်ဆိုရင် Camera Libabery ထည့်သွင်း သိမ်းနိုင်သလို email ကိုလည်း တစ်ခါတည်း ပို့နိုင်ပါတယ်။ Social media တွေပေါ်လည်း တခါတည်း တင်နိုင်ပါတယ်။ ဒါ့အပြင်အခြား Edit လုပ်ဖို့ ကျန်သေးတယ်ဆိုရင် အခြား App တွေကိုလည်း လွှဲပြောင်းနိုင်တာကို တွေ့ရပါတယ်။
၂။ ဓာတ်ပုံပေါ်က မလိုလားအပ်တဲ့ အစွန်းအထင်းတွေဖယ်နိုင်
ကိုယ်ရိုက်ထားတဲ့ ဓာတ်ပုံမှာပါနေတဲ့ အရာဝတ္ထုပေါ်က အစွန်းအထင်းတွေကို ဒီ App ကိုသုံးပြီး ဖယ်ရှားနိုင်ပါတယ်။ ဖယ်ရှားပုံကလည်းအပေါ်မှာ ပြောခဲ့တဲ့အတိုင်း လုပ်ဆောင်ချက်တွေက အတူတူပဲဖြစ်ပြီး ချက်ချင်း မထင်မှတ်လောက်အောင်ကို ပျောက်ကွယ်သွားမှာ ဖြစ်ပါတယ်။

အခုပုံမှာမြင်ရတဲ့ အနီရောင်နံရံပေါ်မှာရှိတဲ့ အဖြူရောင်အကွက်တွေကို ဓာတ်ပုံကို ကြည့်မယ်ဆိုရင် လူရဲ့မျက်လုံးက အာရုံစိုက်မိ နေပါလိမ့်မယ်။ ဒါကြောင့် ဒီ App ထဲမှာ ပါဝင်တဲ့ Brush toot ပဲဖြစ်ဖြစ် Lesso Tool ကိုပဲဖြစ်ဖြစ်သုံးပြီး ဖယ်ရှားဖျောက်ပစ်လိုက်လို့ ရနိုင်ပါတယ်။ ဖျောက်လိုက်တာနဲ့ တကယ်ကို အခြားအရာတွေနဲ့ တသား တည်း ဓာတ်ပုံကို ရနိုင်မှာပါ။

၃။ ဓာတ်ပုံက အစက်အပြောက်တွေဖယ်နိုင်
ကိုယ်ရိုက်လိုက်တဲ့ ဓာတ်ပုံမှာဖုန်တွေကပ်နေပြီး သေချာပြန်ကြည့်မှ အမဲစက်လေးတွေ ပေါ်နေတာကို နောက်မှတွေ့တတ်ကြတာကို ကြုံဖူးကြပါတယ်။ အဲလိုအချိန်မှာလည်း ဒီ App ကိုသုံးပြီး ဖယ်ရှားပစ်နိုင်ပါတယ်။

၎။ မျက်နှာပေါ်က အစက်တွေဖယ်နိုင်
လူရဲ့ မျက်နှာတွေ ရိုက်တဲ့အခါမှလည်း မျက်နှာပေါ်မှာ ရှိနေတဲ့ အစက်အပြောက်တွေ၊ ဝက်ခြံတွေနဲ့ အမာရွတ်တွေကိုလည်း အပေါ်ကဖော်ပြထားတဲ့ နည်းလမ်းတွေအတိုင်း ပြုလုပ်ပြီး ဖျောက်ပစ်နိုင်ပါတယ်။

၅။ ဓာတ်ကြိုး ၊ ဖုန်းကြိုးကို ဖယ်နိုင်
တစ်ခါတလေ မြို့တွင်းဓာတ်ပုံ ရိုက်ကူးတာပဲဖြစ်ဖြစ်၊ ရှုခင်းတွေ ရိုက်လိုက်တဲ့ အခါမှာပဲဖြစ်ဖြစ် ကိုယ့်ရဲ့ ဓာတ်ပုံထဲမှာ ကြိုးတန်းတွေ ရှုပ်နေပြီး ဓာတ်ပုံရဲ့ အလှကို လာဖျက်နေတတ်တာကို တွေ့ရပါတယ်။ အဲလိုအချိန် touchretouch ထဲက Brush tool ကိုသုံးပြီး ဖျောက်ပစ်နိုင်ပါတယ်။

သုံးသပ်ချက်
ဒါကြောင့် ဒီ touchretouch app ဟာ ဓာတ်ပုံထဲက ရှုပ်ထွေးနေတဲ့ အရာဝတ္ထုကို ဖယ်ရှားတဲ့အခါမှာ အကောင်းဆုံးသော App တစ်ခုဖြစ် တယ်လို့ ညွှန်းဆိုချင်ပြီး ဓာတ်ပုံရိုက်ကူးတာ ဝါသနာပါတဲ့ မိုဘိုင်းဖုန်း user တွေအတွက် မရှိမဖြစ် ထည့်သွင်းထားသင့်ပါတယ်။ Free မရဘဲ ဝယ်ယူရတာကတော့ အခက်အခဲတစ်ခုဖြစ်ပြီး iPhone သမားတွေ အတွက်ကတော့ iTune ကဝယ်ဖို့ လွယ်ကူပေမယ့် Android သမားတွေအတွက်ကတော့ Playstore မှာ ဝယ်လို့ရတဲ့ အကောင့်တစ်ခု ဖွင့်ထားဖို့တော့ လိုပါတယ်။







Crd-စည်သူ(Internetjournal)
www.nyilattun.com

မိုဘိုင်းဖုန်းနဲ့ ဓာတ်ပုံ Edit လုပ်တဲ့အခါ အသုံးဝင်မယ့် နည်းလမ်းအချို့ Reviewed by ညီလတ်ထွန်း(နည်းပညာ) on 3:19 AM Rating: 5 မိုဘိုင်းဖုန်းနဲ့ ဓာတ်ပုံရိုက်ထားပြီးရင် အသင့်ပေါ်လာတဲ့ ပုံကိုပဲသုံးတာထက် နည်းနည်းလေးတော့ Edit လုပ်တတ်ကြပါတယ်။ ဒါကြောင့် ကိုယ်...

No comments: