ဥာဏ်ရည်တု နည်းပညာပါတဲ့ အကောင်းဆုံး Android Apps ငါးခု - ညီလတ်ထွန်း(နည်းပညာ)

728x90 AdSpace

Trending

ဥာဏ်ရည်တု နည်းပညာပါတဲ့ အကောင်းဆုံး Android Apps ငါးခု

Artificial Intelligence (AI) နည်းပညာဟာ အဆင့်မြင့်လာပါပြီ။ သူဟာ လူသားတွေရဲ့ လူနေမှုဘ၀များကို များစွာ အထောက်အကူပြုနေပါတယ်။ ဒီနေ့ခေတ်မှာ စမတ်ဖုန်းများတွင် သူတို့ကို ဒစ်ဂျစ်တယ် ကိုယ်ရေးလက်ထောက်များ အဖြစ် ထည့်သွင်းထားကြပါတယ်။ သူ့ကို အသံအမိန့်ဖြင့် ခိုင်းစေလိုက်တာနဲ့ အလုပ်များ လုပ်ပေးမှာဖြစ်တဲ့အတွက် အလုပ်ရှုပ်သက်သာစေပါတယ်။ အဲဒီအတွက် ဥာဏ်ရည်တု နည်းပညာပါတဲ့ အကောင်းဆုံး Android Apps ငါးခုကို ဖော်ပြလိုက်ပါတယ်။
၁။ Robin – AI Voice Assistant

Robin ဟာ ကားမောင်းတဲ့ အခါမှာ အသုံးပြုဖို့ အထူး ဖန်တီးထားတဲ့ ဥာဏ်ရည်မြင့် ကိုယ်ရေးလက်ထောက်ပါ။ ပါးစပ်ကနေ ပြောလိုက်တာနဲ့ တည်နေရာ လမ်းညွှန်မှုများ၊ စာပို့ခြင်းများ၊ ဒေသတစ်ခုရဲ့ သတင်းအချက်အလက်များကို ပြသခြင်းများများကို ပြုလုပ်ပေးနိုင်ပါတယ်။ ဟာသတောင် သူက ပြောတတ်ပါသေးတယ်။ သူဟာ အခြား ဒစ်ဂျစ်တယ် ကိုယ်ရေးလက်ထောက်များ၊ အသံဖြင့် ရှာဖွေမှုများ ပြုလုပ်ပေးတဲ့ Apps များ၊ Chat Bots များထက်တောင် လူတွေနဲ့ ဆက်ဆံရာမှာ ပိုမို ကောင်းမွန်ပါတယ်။
၂။ Google Allo

Google Allo ဟာ သင့် အလုပ်တွေကို ပြီးမြောက်စေမယ့် စမတ်ကျတဲ့ Messaging App ဖြစ်ပါတယ်။ အကောင်းဆုံးကတော့ သင့်အလုပ်များကို စီမံခန့်ခွဲရာမှာ လွယ်ကူအောင် သူက ကူညီပေးပါတယ်။ သင် မေးတာတွေကို သူက ဖြေပေးရုံ သာမက ဟာသတောင် ပြောတတ်ပါသေးတယ်။
၃။ Cortana – Digital Assistant

Cortana ဟာ ၀င်းဒိုး အသုံးပြုသူများအကြားမှာ လူသိများပါတယ်။ သူ့ကို ယခင်က ၀င်းဒိုးဖုန်းများမှာသာ အသုံးပြုနိုင်ခဲ့ပြီး အခုတော့ Android မှာပါ သုံးနိုင်ပါပြီ။ အီးမေးများ ပို့ခြင်း၊ အင်တာနက်မှာ ရှာဖွေခြင်းနဲ့ အခြား အလုပ်များစွာကို သူက လုပ်ပေးပါတယ်။
၎။ Hound Voice Search & Assistant

Hound ဟာ အသံ အမိန့်ဖြင့် ရှာဖွေမှုများ ပြုလုပ်ဖို့ အကောင်းဆုံး ဖြစ်ပါတယ်။ သတင်း အချက်အလက်များ၊ ဖျော်ဖြေမှုများနဲ့ ဆက်သွယ်မှုများကို အမြန်ဆုံးနဲ့ အလွယ်ကူဆုံး ရရှိဖို့ သူ့ကို ဖန်တီးထားပါတယ်။ အလုပ်များသူများအတွက် သူက အလွန် အသုံးဝင်ပါတယ်။ သူဟာ Google Voice Search နဲ့ ဆင်တူပါတယ်။
၅။ Recent News

Recent ဟာ သတင်းများ ပံ့ပိုးပေးတဲ့ စမတ်ကျတဲ့ App ဖြစ်ပါတယ်။ သူက သင် သဘောကျတဲ့ အရာများကို မှတ်သားထားပြီး သင့် အကြိုက် သတင်းများကို အကြံပြုပေးမှာပါ။ သတင်းများ ဖတ်ဖို့အတွက် Recent News က အကောင်းဆုံး ဖြစ်ပါတယ်။





ref : techviral
Crd-digitaltimes.com.mm
www.nyilattun.com

ဥာဏ်ရည်တု နည်းပညာပါတဲ့ အကောင်းဆုံး Android Apps ငါးခု Reviewed by ညီလတ်ထွန်း(နည်းပညာ) on 5:01 AM Rating: 5 Artificial Intelligence (AI) နည်းပညာဟာ အဆင့်မြင့်လာပါပြီ။ သူဟာ လူသားတွေရဲ့ လူနေမှုဘ၀များကို များစွာ အထောက်အကူပြုနေပါတယ်။ ဒီနေ့ခေတ်မှာ စမ...

No comments: