Windows ကို Install လုပ်ပြီးတဲ့အခါမှာ ထည့်သွင်းထားသင့်တဲ့ ဆော့ဖ်ဝဲများ - ညီလတ်ထွန်း(နည်းပညာ)

728x90 AdSpace

Trending

Windows ကို Install လုပ်ပြီးတဲ့အခါမှာ ထည့်သွင်းထားသင့်တဲ့ ဆော့ဖ်ဝဲများ


Windows တစ်ခုကို install လုပ်ပြီးတဲ့အခါမှာ အဆိုပါ ကွန်ပျူတာပေါ်မှာ လုပ်ငန်းတွေလုပ်ဆောင်နိုင်ဖို့ အတွက် ဆော့ဖ်ဝဲတွေကို ထည့်သွင်းပေးရပါမယ်။ ဒီလို ထည့်သွင်းတဲ့ဆော့ဖ်ဝဲတွေထဲမှာ ကွန်ပျူတာတစ်လုံးအတွက် မရှိမဖြစ် ထည့်သွင်းထားသင့်တဲ့ ဆော့ဖ်ဝဲများ ရှိပါတယ်။ အမျိုးအစားတူတဲ့ ဆော့ဖ်ဝဲတွေ များစွာထဲကမှ သုံးစွဲသူတွေအတွက် အသုံးတည့်စေမယ့် ဆော့ဖ်ဝဲအချို့ကို ရွေးချယ်ဖော်ပြပေးလိုက်ပါတယ်။
Antivirus ဆော့ဖ်ဝဲတစ်မျိုးမျိုးကို ထည့်သွင်းပါ။
Windows 7 ကနေစပြီး နောက်ပိုင်း Microsoft Security Essential ပါဝင်လာပါတယ်။ နောက်ပိုင်း Windows တွေမှာ ပါဝင်လာတဲ့ Windows defender တွေဟာ Antivirus ဆော့ဖ်ဝဲတွေထဲမှာ ပိုမိုကောင်းမွန်တဲ့ built-in antivirus ဆော့ဖ်ဝဲတစ်ခုဖြစ်ပါတယ်။ တကယ်လို့ Windows Defender ကို မသုံးချင်ဘူးဆိုရင် နှစ်သက်ရာ antivirus ဆော့ဖ်ဝဲတစ်ခုကို ရွေးချယ် သုံးစွဲနိုင်မှာဖြစ်ပါတယ်။

CCleaner
ကွန်ပျူတာ သုံးစွဲသူအများစု သိရှိကြတဲ့ CCleaner ဆော့ဖ်ဝဲဟာ program တွေကို uninstall လုပ်ခြင်း၊ registry error တွေကို ဖယ်ရှားခြင်းနဲ့ web history တွေ cache တွေကို ဖယ်ရှားပေးနိုင်တဲ့ ဆော့ဖ်ဝဲတစ်ခုဖြစ်ပါတယ်။ ဒီဆော့ဖ်ဝဲဟာ ကွန်ပျူတာအတွင်းက မလိုအပ်တဲ့ ဖိုင်အများအပြားကို ဖယ်ရှားရှင်းလင်းပေးပြီး ကွန်ပျူတာ လုပ်ငန်းလုပ်ဆောင်မှု ပိုမိုမြန်ဆန်စေဖို့အတွက် စီစဉ်ပေးနိုင်တဲ့ ဆော့ဖ်ဝဲတစ်ခုဖြစ်ပါတယ်။

Web browser
Web browser တွေထဲမှာ browser ဆော့ဖ်ဝဲတွေ များစွာရှိပါတယ်။ Windows 10 မှာ ဆိုရင် Microsoft EDGE browser ကို တစ်ခါတည်းထည့်သွင်းပေးထားပါတယ်။ Mozilla Firefox နဲ့ Google Chrome browser တွေ အပြင် Opera တို့ဟာလည်း လူသုံးများကြပါတယ်။ အဲဒီထဲကမှ ရိုးရှင်းတဲ့သွင်ပြင်နဲ့ Chrome browser ကတော့ လူသုံးများတဲ့ browser တစ်ခု ဖြစ်ပါတယ်။

Open Office
Microsoft က ထုတ်လုပ်တဲ့ Office suite တွေဟာ ပုံမှန်ဆိုရင် အခကြေးငွေပေးချေမှသာ အသုံးပြုနိုင်မယ့် ဆော့ဖ်ဝဲတွေဖြစ်ပါတယ်။ တကယ်လို့ Office ကို သုံးစွဲချင်တယ်ဆိုရင် ရေရှည် အခမဲ့ပေးထားတဲ့ Open Office လို office suite ကိုသုံးစွဲနိုင်ပါတယ်။

Skype
ကမ္ဘာတစ်ဝန်းကနေ သူငယ်ချင်းအပေါင်းအသင်းတွေ၊ မိသားစုတွေနဲ့ ဆက်သွယ်ပြောဆိုဖို့အတွက် Skype ကို အသုံးပြုနိုင်ပါတယ်။ Skype ကို ကွန်ပျူတာမှာ download လုပ်ပြီး ထည့်သွင်းထားမယ်ဆိုရင် Skype အသုံးပြုသူအချင်းချင်း အင်တာနက်အသုံးပြုကာ video call ခေါ်ဆိုခြင်းနဲ့ chatting ပြုလုပ်ခြင်းတွေကို သုံးစွဲနိုင်ပါတယ်။

Pidgin
Pidgin ဆိုတာကတော့ open source အမျိုးအစား Instant messaging ဆော့ဖ်ဝဲတစ်ခုဖြစ်ပါတယ်။ Pidgin မှာ message service အများအပြားကို ထည့်သွင်းပြီး သုံးစွဲနိုင်ပါတယ်။ Multiple account တွေ ထည့်သွင်းသုံး စွဲချင်သူတွေအတွက်လည်း pidgin ဟာ အလွယ်တကူနဲ့ ထည့်သွင်း သုံးစွဲနိုင်မယ့် ဆော့ဖ်ဝဲတစ်ခုဖြစ်ပါတယ်။

iTunes
iPhone, iPad အစရှိတဲ့ iDevice တွေကို သုံးစွဲသူတွေအနေနဲ့ မရှိမဖြစ် ထည့်သွင်းထားသင့်တာကတော့ iTunes ဆော့ဖ်ဝဲပဲဖြစ်ပါတယ်။ iTunes ကို အသုံးပြုပြီး သီချင်းတွေထည့်သွင်းတာတွေနဲ့ ကွန်ပျူတာပေါ်ကနေ app တွေကို download လုပ်ခြင်း၊ install လုပ်ခြင်း အစရှိတာတွေကို ပြုလုပ်နိုင်ပါတယ်။

VLC
Windows operating system ထည့်သွင်းပြီးပြီဆိုရင် ကွန်ပျူတာပေါ်ကနေ သီချင်းတွေ၊ ဗီဒီယိုတွေကို ကြည့်ရှုဖို့အတွက် media player ဆော့ဖ်ဝဲတွေ ထည့်သွင်းသင့်ပါတယ်။ Windows Media Player ဆော့ဖ်ဝဲဟာ သီချင်းတွေနဲ့ ဗီဒီယိုတွေကို ကြည့်ရှုဖို့အတွက် အသုံးတည့်ပေမယ့် VLC player ကတော့ Media format အများအပြားကို အထောက်အပံ့ပေးနိုင်တဲ့ လူသုံးများကြတဲ့ ဆော့ဖ်ဝဲတစ်ခုဖြစ်ပါတယ်။

Free Video Converter
ဒီဆော့ဖ်ဝဲက အသံဖိုင်တွေနဲ့ ဗီဒီယိုဖိုင်တွေကို format ပြောင်းပေးနိုင်မယ့် ဆော့ဖ်ဝဲဖြစ်ပါတယ်။ စမတ်ဖုန်းနဲ့ tablet တွေမှာ အထောက်အပံ့ပေးနိုင်တဲ့ media format တွေကိုလည်း ပြောင်းပေးနိုင်မှာဖြစ်ပြီး သုံးစွဲသူတွေ အလွယ်တကူနဲ့ ရိုးရှင်းစွာ သုံးစွဲနိုင်ဖို့အတွက် စီစဉ်ပေးထားပါတယ်။

Notepad ++
Windows မှာ ပါဝင်တဲ့ Notepad ဆော့ဖ်ဝဲထက် ပိုမိုကောင်းမွန်တဲ့ Notepad++ ဟာ web designer နဲ့ web developer တွေ၊ programmer တွေအတွက် coding တွေကို တစ်ခါတည်း အဆိုပါ ဆော့ဖ်ဝဲပေါ်မှာ ရေးဆွဲ နိုင်အောင် အထောက်အကူပေးထားပါတယ်။




Click here to download






Credit-Internetjournal
www.nyilattun.com

Windows ကို Install လုပ်ပြီးတဲ့အခါမှာ ထည့်သွင်းထားသင့်တဲ့ ဆော့ဖ်ဝဲများ Reviewed by ညီလတ်ထွန်း(နည်းပညာ) on 3:46 AM Rating: 5 Windows တစ်ခုကို install လုပ်ပြီးတဲ့အခါမှာ အဆိုပါ ကွန်ပျူတာပေါ်မှာ လုပ်ငန်းတွေလုပ်ဆောင်နိုင်ဖို့ အတွက် ဆော့ဖ်ဝဲတွေကို ထည့်သွင်းပေးရပါမ...

No comments: