Stock Photo တွေကို Free ရနိုင်တဲ့ ဝက်ဘ်ဆိုက် (၅)ခု - ညီလတ်ထွန်း(နည်းပညာ)

728x90 AdSpace

Trending

Stock Photo တွေကို Free ရနိုင်တဲ့ ဝက်ဘ်ဆိုက် (၅)ခု

akhayar Stock Photo
အင်တာနက်ပေါ်မှာ Stock Photo ရှာဖွေရတာ လွယ်လှတဲ့အလုပ်တော့မဟုတ်ပါဘူး။ Shutterstock ၊ 500px ၊ 123RF ၊ iStock တို့လို Stock Photo ဝက်ဘ်ဆိုက်ကြီးတွေမှာ အကောင့်ဖွင့်ပြီး အလွယ်တကူဝယ်ယူလို့ရပေမယ့် ဓာတ်ပုံတစ်ပုံဆို ဈေးနှုန်းက ဒေါ်လာ ၂ဝ (၃သောင်းနီးပါး) ရှိတဲ့အတွက် စီးပွားရေးလုပ်ငန်းသုံးအတွက် မထောင်းသာသော်လည်း သာမန်တစ်ယောက်အတွက်တော့ ဈေးနှုန်းအရ အဆင်မပြေပြန်ပါဘူး။  Photo တွေကို Free ယူမယ်ဆိုရင်လည်း ဓာတ်ပုံအရည်အသွေး ၊ အချိုးအစား ကျသွားတဲ့အပြင် Watermark ပါလာတဲ့အတွက် ဓာတ်ပုံက ဆွဲဆောင်မှုမရှိပြန်ပါဘူး။ အရည်အသွေးကောင်းလွန်းတဲ့ Stock Photo တွေကို Free ယူလို့ရမယ့် ဝက်ဘ်ဆိုက်တွေကို တွေ့ရင်တော့ Designer သမားတွေအတွက်ရော ၊ Social Media သမားတွေအတွက်ရော သားရွှေအိုးထမ်းမယ့်ကိန်းပါ။ Stock Photo တွေကို Free ယူလို့ရမယ့် ဝက်ဘ်ဆိုက်တွေကို ဖော်ပြလိုက်ပါတယ်။

၁။ Unsplash
Unsplash (https://unsplash.com/) မှာဆိုရင် အရည်အသွေးကောင်းတဲ့ ဓာတ်ပုံတွေကို Free Download လုပ်နိုင်သလို အကောင့်လည်း ဖွင့်လို့ရပါသေးတယ်။ Unsplash မှာ အကောင့် Register လုပ်တဲ့ Email မှတဆင့် ပုံအသစ်တင်တိုင်း Newsletter ပို့ပေးဦးမှာပါ။ Unsplash Home ရဲ့ဘယ်ဘက် Search Bar မှတစ်ဆင့် ကိုယ်ရှာချင်တဲ့ပုံ Keywords အတိုင်း အလွယ်တကူရိုက်ရှာပြီး ပုံရဲ့ညာဘက်ထောင့်မှာ အလွယ်တကူ Download လုပ်လို့ရပါတယ်။
၂။ Pixabay

Pixabay (https://pixabay.com/) ဝက်ဘ်ဆိုက်မှာက Photo တွေအပြင် Vector Photo ၊ Illustration Photo ၊ Video File အားလုံးပေါင်း ၇သိန်း၇သောင်းကျော်ကို သက်ဆိုင်ရာ Dimension အလိုက် Filter လုပ်ပြီး အလွယ်တကူ ရှာနိုင်ပါတယ်။ Pixabay မှာ အလွယ်တကူ အကောင့်ဖွင့်ပြီး သက်ဆိုင်ရာပုံများကို Comment ပေးနိုင်တဲ့အပြင် User အချင်းချင်း Message Box မှာ ဆက်သွယ်နိုင်ပါတယ်။ မိမိစိတ်ကြိုက်ဓာတ်ပုံများကို သူငယ်ချင်းတွေကို Upload လုပ်ပြီး ချပြလို့ရတဲ့အတွက် ဓာတ်ပုံဝါသနာရှင်တို့ အသည်းစွဲဝက်ဘ်ဆိုက်ပဲ ဖြစ်ပါတယ်။

၃။ IM Creator
IM Creator (http://imcreator.com/free) မှာ Website Template များကို အလွယ်တကူယူနိုင်တဲ့အပြင် Stock Photo Library အဖြစ်နဲ့ တည်ဆောက်ထားပါတယ်။ Pixabay ၊ Unsplash တို့လောက် ပုံမများပေမယ့် IM Creator မှာ အရည်အသွေးကောင်းလွန်းတဲ့ပုံတွေသာ စုစည်းထားတဲ့အတွက် Free သမားတွေ အကြိုက်ပဲဖြစ်ပါတယ်။

၎။ Free Images
Free Images (http://www.freeimages.com/) မှာ Photo ပေါင်း ၄သိန်းနီးပါးကို Free ရနိုင်တဲ့အပြင် သက်ဆိုင်ရာကဏ္ဍအလိုက် Filter လုပ်ပြီး ရှာနိုင်ပါသေးတယ်။ Landscape Photo များစွာကို အလွယ်တကူ ရှာဖွေနိုင်တဲ့အပြင် Free ရနိုင်တဲ့အတွက် Project လုပ်နေတဲသူတွေသာမက Social Media သမားတွေရဲ့ လက်စွဲဝက်ဘ်ဆိုက်ဖြစ်ပါတယ်။

၅။ New Old Stock
New Old Stock (http://nos.twnsnd.co/) ဝက်ဘ်ဆိုက်မှာတော့ ရှားပါးလွန်းတဲ့ရှေးဟောင်းဓာတ်ပုံတွေကို စုစည်းဖော်ပြထားပါတယ်။ ဝက်ဘ်ဆိုက်တစ်ခုလုံး မွှေနှောက်ရှာကြည့်လိုက်တဲ့အခါမှာ လွန်ခဲ့တဲ့ နှစ်၁ဝဝလောက်တုန်းက လူနေမှုအငွေ့အသက်တွေကို ပြန်လည်ခံစားရပါတယ်။ ရှေးဟောင်းဓာတ်ပုံတွေကို စုစည်းဖော်ပြထားတဲ့ ဝက်ဘ်ဆိုက်ဖြစ်တဲ့အပြင် Free Download လုပ်နိုင်တဲ့အတွက် အားတဲ့အချိန်တိုင်း လေ့လာသင့်ပါတယ်လို့ ညွှန်းပါရစေ။
ကျော်စိုးအောင် (အခရာ)





www.nyilattun.com

Stock Photo တွေကို Free ရနိုင်တဲ့ ဝက်ဘ်ဆိုက် (၅)ခု Reviewed by ညီလတ်ထွန်း(နည်းပညာ) on 6:05 AM Rating: 5 အင်တာနက်ပေါ်မှာ Stock Photo ရှာဖွေရတာ လွယ်လှတဲ့အလုပ်တော့မဟုတ်ပါဘူး။ Shutterstock ၊ 500px ၊ 123RF ၊ iStock တို့လို Stock Photo ဝက်...

No comments: