Apple မှာ လူကြိုက်များတဲ့ နာမည်ကြီး feature တစ်ခုကတော့
ဖုန်းပျောက်သွားရင် ပြန်ရှာလို့ ရမယ့် Find My iPhone ဖြစ်ပါတယ်။ ဒီ
feature မျိုးကို Google ကလည်း ဖြန့် ချိလိုက်ပါပြီ။
ဒီအက်ပလီကေးရှင်းလေးကတော့ Find My Device လို့ ခေါ်တဲ့ အက်ပလီကေးရှင်းပဲ
ဖြစ်ပါတယ်။
တကယ်တော့ ဒီအက်ပလီကေးရှင်းမျိုးကို Google ဟာ ပြီးခဲ့တဲ့ လေးနှစ်လောက်ကတည်းက Android Device Manager ဆိုပြီး ကိုယ့်ဖုန်းနဲ့ တက်ဘလက်တွေကို ဝက်ဘ်ပေါ်ကနေ လိုက်ပြီး ခြေရာခံနိုင်မယ့် feature ကို ဖြန့် ချိခဲ့တာပါ။ ဒီအက်ပလီကေးရှင်းဟာ Google Map ကို သုံးပြီး ဖုန်းရဲ့တည်နေရာကို သိအောင် ဒီဇိုင်းဆွဲထားတာ ဖြစ်ပြီး Play Store ကနေ ဒေါင်းလုပ်ဆွဲရယူနိုင်တဲ့ အက်ပလီကေးရှင်းတစ်ခု ဖြစ်ပါတယ်။
ဒီတစ်ခါမှာတော့ Google ဟာ ဒီအက်ပလီကေးရှင်းကိုပဲ Find My Device ဆိုပြီးနာမည်ပြောင်းလိုက်သလို features သစ်တစ်ချို့ ကိုပါ ထည့်သွင်းလာပါတယ်။ ဒီ features သစ်များထဲမှာ ဖုန်းရဲ့ တည်နေရာကို ရှာတာ ၊ ဖုန်းခေါ်တာ အပြင် အဝေးကနေ ဖုန်းကို လော့ခ်ခတ်ပစ်လို့ ရနိုင်မှာ ဖြစ်လို့  Apple ရဲ့ Find My iPhone နဲ့ အတော်လေး တူတဲ့ features တွေ ပါဝင်လာတယ်လို့ ဆိုရမှာပါ။ ထူးခြားတာတစ်ခုက ယခု အက်ပလီကေးရှင်းမှာ ဖုန်းရဲ့ လက်ရှိဘက်ထရီရဲ့ level နဲ့ WiFi နက်ဝါ့ခ် ကော်နက်ရှင်အကြောင်း အချက်အလက်တွေကိုပါ ထပ်ထည့်ထားတာ ဖြစ်လို့ ဖုန်းရဲ့ တည်နေရာကို ရှာရင်း ဒီဖုန်းဘယ်လောက်ပဲ အားကျန်တော့တယ်ဆိုတာပါ သိနိုင်မှာ ဖြစ်သလို သူနဲ့ ချိတ်ထားတဲ့ WiFi network ကိုပါ သိနိုင်တော့မှာပါ။
Find My Device ကို ဝက်ဘ်ပေါ်ကနေ သွားရိုက်ပြီးရှာရင်လည်း အလွယ်တကူရှာလို့ လွယ်သွားမှာ ဖြစ်ပါတယ်။ တကယ်လို့ ပျောက်သွားတဲ့ ဖုန်းဟာ အင်တာနက်နဲ့ ချိတ်ထားမယ်ဆိုရင် ဒီဖုန်းကနေ သီချင်းဖွင့်တာတို့ ၊ လော့ခ်ခတ်တာတို့ အပြင် ကိုယ့်ဖုန်းကို သူများမသုံးနိုင်အောင် lost device mode ကို ပြောင်းလိုက်တာတို့ ပါ လုပ်နိုင်တော့မှာပါ။ ဒီအက်ပလီကေးရှင်းကို Goolge Play Store ကနေ ဒေါင်းလုပ်ဆွဲရယူနိုင်ပြီ ဖြစ်ပါတယ်။

No comments: