ရုရှား နိုင်ငံရဲ့ ၀ါတော်အရင့်ဆုံး ဘုန်းကြီး ဖြစ်တဲ့ Patriarch Kirill
ဟာ ၂၀၁၃ ခုနှစ်မှာ ရုရှား ပြည်ထဲရေး ၀န်ကြီးဌာနရဲ့ ကွန်ပြူတာများကို
ရေမန်းဖြင့် ကာကွယ်ပေးခဲ့ပါတယ်။ ဒါပေမယ့်လည်း အဲဒီ ၀န်ကြီးဌာနမှ
ကွန်ပြူတာများဟာ ပြီးခဲ့တဲ့ တစ်ပတ်က WannaCry Virus ကို
မကာကွယ်နိုင်ခဲ့ပါဘူး။
ပြီးခဲ့တဲ့ တစ်ပတ်အတွင်းမှာ WannaCry ဟာ ကမ္ဘာအ၀န်းမှ ကွန်ပြူတာ ထောင်ပေါင်းများစွာကို တိုက်ခိုက်ခဲ့ပါတယ်။ ရုရှားကတော့ အဆိုးရွားဆုံး ထိခိုက်ခဲ့တဲ့ နိုင်ငံများထဲမှ တစ်နိုင်ငံ ဖြစ်ခဲ့ပါတယ်။ ရုရှားမှာ အဆိုးရွားဆုံး ထိခိုက်ခဲ့တဲ့ ကွန်ပြူတာများကတော့ ပြည်ထဲရေး ၀န်ကြီးဌာနမှ ဖြစ်တယ်လို့ The Financial Times က ဖော်ပြထားပါတယ်။
ကုမ္ပဏီများနဲ့ အစိုးရဌာနများရဲ့ ကွန်ပြူတာများစွာကို ဗိုင်းရပ်စ်က တိုက်ခိုက်ခဲ့တာ ဖြစ်ပြီး အနာဂတ်မှာ အဲဒီ ဗိုင်းရပ်စ်ကို ကာကွယ်နိုင်မယ့် နည်းလမ်းများကို ပညာရှင်များက အပြင်းအထန် ဆွေးနွေးနေကြပါတယ်။ ပြည်ထဲရေး ၀န်ကြီးဌာနမှ ကွန်ပြူတာများကို ရေမန်းဖြင့် ကာကွယ်ခိုင်းသူဟာ ပူတင် ဖြစ်တာကြောင့် သူ့ကို လှောင်ပြောင်တဲ့ သတင်းများလည်း အွန်လိုင်းမှာ ပျံ့နှံ့ထွက်ပေါ်လာခဲ့ပါတယ်။
WannaCry ဟာ ငွေညှစ်တဲ့ Ransomeware တစ်မျိုး ဖြစ်ပြီး ၀င်းဒိုး ကွန်ပြူတာများအား တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။ ဗြိတိန်မှ ဆေးရုံများစွာကိုလည်း တိုက်ခိုက်ခဲ့ပြီး လူနာများရဲ့ မှတ်တမ်းများကို ပြန်လည် ရယူချင်ရင် ဒစ်ဂျစ်တယ် ငွေကြေးဖြစ်တဲ့ Bitcoin ကို ပေးရမယ်လို့ ငွေညှစ်ခဲ့ပါတယ်။
ဘုန်းတော်ကြီး Kirill ဟာ ဘုရား မရှိတဲ့ ကမ္ဘာကြီးကြောင့် ISIS များ ထကြွလာခြင်းဖြစ်ကြောင်း အရင်က ပြောခဲ့ဖူးသလို လိင်တူ လက်ထပ်ထိန်းမြားခြင်းဟာ ကမ္ဘာပျက်ကိန်း ဆိုက်ရောက်ခြင်းရဲ့ အစလို့ ဟောကိန်းထုတ်ထားဖူးသူ ဖြစ်ပါတယ်။
Credit > Digital times

ref : thesun, patheos
www.nyilattun.com
www.nyilattun.com
No comments: