နည်းပညာအသစ်အသစ်တွေ တစ်နေတခြားပေါ်ထွက်လာတာနဲ့ အမျှသင်ယူစရာတွေကလည်း
ပိုမိုများပြားလာတာကိုတွေ့ရပါတယ်။ဟိုးအရင်ကလို စာအုပ်ရှိမှ
လေ့လာလို့ရတာမျိုးတွေ မရှိတော့ပါဘူး။ အင်တာနက်ကနေ ဖုန်း ဒါမှမဟုတ် Tablet
တွေနဲ့ Self-Study လုပ်လို့ရတဲ့ Apps တွေသုံးပြီး လေ့လာလို့ရပါတယ်။
အခရာပရိတ်သတ်တွေ လေ့လာနိုင်ဖို့အတွက် အကောင်းဆုံး Apps
တွေကိုဖော်ပြပေးလိုက်ပါတယ်။

ဒီ Apps ကိုအသုံးပြုသူအများစု လေ့လာတဲ့ ဘာသာရပ်တွေကတော့ Computer Science ၊ Data Science ၊ Business ၊ STEM ၊ Foreign Language နဲ့ Art ပဲဖြစ်ပါတယ်။ တခြားကိုယ်လေ့လာချင်တဲ့ ဘာသာရပ်တွေလည်းရှာဖွေနိုင်ပါတယ်။ လေ့လာစရာဘာသာရပ်ပေါင်း 1000ကျော်ရှိတယ်လို့သိရပါတယ်။ လေ့လာစရာ Video Lectures နဲ့ Tutorials အများစုရှိတယ်လို့သိရပါတယ်။ တစ်ချို့ဘာသာရပ်တွေကိုတော့ အခမဲ့လေ့လာနိုင်ပြီး တစ်ချို့ကိုတော့ ပိုက်ဆံသွင်းပြီးလေ့လာနိုင်ပါတယ်။ အခမဲ့ လေ့လာလို့ရတဲ့ ဘာသာရပ်များပြားတာကြောင့် သင့်ရဲ့Budget ကိုထိမှာစိတ်ပူစရာမလိုပါဘူး။
Download Link

အခမဲ့လေ့လာနိုင်တဲ့ ပညာရေးဆိုင်ရာ Apps တစ်ခုကတော့ Khan Academy ပဲဖြစ်ပါတယ်။ ဒီ Apps မှာ သင်ကြားပို့ချပေးတဲ့ Video ပေါင်း ၁သောင်းကျော်ပါဝင်ပါတယ်။ စာအုပ်အများစုကို အခမဲ့လေ့လာနိုင်တယ်လို့သိရပါတယ။ သချာင်္ ၊ စီးပွားရေးဆိုင်ရာ ၊ သမိုင်း ၊ သိပ္ပံစတဲ့ဘာသာရပ်တွေ အပြင် အခြားဘာသာရပ်တွေလည်း လေ့လာလို့ရပြီး ကျောင်းသားတွေအတွက် ရှိသင့်တဲ့ Apps တစ်ခုဖြစ်တယ်လို့ဆိုထားပါတယ်။
Download Link
ကွန်ပျူတာဆိုင်ရာ ဘာသာရပ်ကိုစိတ်ဝင်စားတဲ့သူတွေ လေ့လာနိုင်တဲ့ Apps
ကတော့ SoloLearn ပဲဖြစ်ပါတယ်။ တခြားလေ့လာလို့ ရတဲ့ဘာသာရပ်တွေပါဝင်ပေမယ့်
အများစုကတော့ Computer Programming ပဲဖြစ်ပါတယ်။ Python ၊ Java ၊ C++ ၊
HTML ၊ CSS ၊ PHP ၊ JavaScript ၊ SQL စတဲ့ ကွန်ပျူတာဘာသာရပ်တွေကို
အဓိကလေ့လာနိုင်ပါတယ်။ ဘာသာရပ်အများစုကို အခမဲ့လေ့လာနိုင်တဲ့အပြင်
ဘာသာတစ်ခုချင်းစီကို သုံးသပ်ချက် ထုတ်ထားတာကိုလည်းတွေ့ရမှာပါ။
တကယ်လို့သင်ဟာကွန်ပျူတာ Programmer တစ်ယောက် ဒါမှမဟုတ်
လေ့လာနေတဲ့သူတစ်ယောက် ဆိုရင်ဒီApps ကိုကြည့်သင့်ပါတယ်။
Download Link
Udemy

Udemy Apps မှာ လေ့လာစရာဘာသာရပ်ပေါင်း ၃၂,၀၀၀ ကျော်ရှိပြီး သိပ္ပံနဲ့နည်းပညာ ၊ ချက်ပြုတ်နည်း နဲ့ နိုင်ငံခြားဘာသာစကား တွေကို လေ့လာသူပိုမိုများပြားတယ်လို့သိရပါတယ်။ တခြားစိတ်ဝင်စားမှု များတဲ့ဘာသာရပ်တွေကတော့ Business ၊ Marketing ၊ Entrepreneurship ၊ Design ၊ Health and Fitness ၊ Music ၊ Photography တို့ဖြစ်ပါတယ်။ အများစုကိုတော့ အခမဲ့လေ့လာနိုင်ပေမယ့် တစ်ချို့ကိုတော့ အခကြေးငွေပေးရမှာ ဖြစ်ပါတယ်။ Official Websites မှာလည်း အသက်မွေးဝမ်းကျောင်းဆိုင်ရာနဲ့ ပတ်သတ်တဲ့လေ့လာစရာတွေကို သင်ယူနိုင်တယ် လို့သိရပါတယ်။
Download Link
YouTube

လက်တွေ့ဆောင်ရွက်ချက်သင်ခန်းစာတွေကိုလေ့လာချင်တယ် ဆိုရင်တော့ YouTubeဟာ အကောင်းဆုံး Apps တစ်ခုဖြစ်တယ်လို့ဆိုထားပါတယ်။ ကိုယ်သိချင်တဲ့ Tutorial နဲ့ How-To Videos တွေကို အလွယ်တကူရှာဖွေနိုင်ပါတယ်။ ဥပမာ- သင့်အနေနဲ့ ကားအင်ဂျင်ဝိုင် ဘယ်လိုချိန်းရမလည်းမသိဘူး ဆိုရင်တောင် YouTube ကနေရှာနိုင်ပါတယ်။ ဒါ့အပြင် သချာင်္ပုစ္ဆာဖြေရှင်းနည်း နဲ့ ဗေဒင်ပညာ ဆိုင်ရာသိမှတ်စရာ စတဲ့လက်တွေ့လုပ်ဆောင်ချက်တွေကို လေ့လာနိုင်ပါတယ်။ အခမဲ့မကြည့် ချင်ဘူးဆိုရင်တော့ တစ်လ ဒေါ်လာ၉.၉၉ သွင်းပြီး YouTube Red ကိုအသုံးပြုနိုင်ပါတယ်။
Download Link
Coursera

ဒီ Apps ကိုအသုံးပြုသူအများစု လေ့လာတဲ့ ဘာသာရပ်တွေကတော့ Computer Science ၊ Data Science ၊ Business ၊ STEM ၊ Foreign Language နဲ့ Art ပဲဖြစ်ပါတယ်။ တခြားကိုယ်လေ့လာချင်တဲ့ ဘာသာရပ်တွေလည်းရှာဖွေနိုင်ပါတယ်။ လေ့လာစရာဘာသာရပ်ပေါင်း 1000ကျော်ရှိတယ်လို့သိရပါတယ်။ လေ့လာစရာ Video Lectures နဲ့ Tutorials အများစုရှိတယ်လို့သိရပါတယ်။ တစ်ချို့ဘာသာရပ်တွေကိုတော့ အခမဲ့လေ့လာနိုင်ပြီး တစ်ချို့ကိုတော့ ပိုက်ဆံသွင်းပြီးလေ့လာနိုင်ပါတယ်။ အခမဲ့ လေ့လာလို့ရတဲ့ ဘာသာရပ်များပြားတာကြောင့် သင့်ရဲ့Budget ကိုထိမှာစိတ်ပူစရာမလိုပါဘူး။
Download Link
Khan Academy

အခမဲ့လေ့လာနိုင်တဲ့ ပညာရေးဆိုင်ရာ Apps တစ်ခုကတော့ Khan Academy ပဲဖြစ်ပါတယ်။ ဒီ Apps မှာ သင်ကြားပို့ချပေးတဲ့ Video ပေါင်း ၁သောင်းကျော်ပါဝင်ပါတယ်။ စာအုပ်အများစုကို အခမဲ့လေ့လာနိုင်တယ်လို့သိရပါတယ။ သချာင်္ ၊ စီးပွားရေးဆိုင်ရာ ၊ သမိုင်း ၊ သိပ္ပံစတဲ့ဘာသာရပ်တွေ အပြင် အခြားဘာသာရပ်တွေလည်း လေ့လာလို့ရပြီး ကျောင်းသားတွေအတွက် ရှိသင့်တဲ့ Apps တစ်ခုဖြစ်တယ်လို့ဆိုထားပါတယ်။
Download Link
SoloLearn

No comments: