Android အတွက် Apps အသစ်ပေါင်းများစွာ လတိုင်းထွက်ရှိနေပါတယ်။ အဲဒီ Apps
အသစ်များ အားလုံးကို စမ်းသပ် အသုံးပြုကြည့်ပြီး သင် အနှစ်သက်ဆုံး Apps
များကို ရွေးချယ်ရတာ မလွယ်ကူတဲ့ အလုပ်ပါ။ စာဖတ်သူများအဆင်ပြေစေဖို့အတွက်
မေလထုတ် အကောင်းဆုံး Android Apps များကို တင်ဆက်ပေးလိုက်ပါတယ်။
၁။ Socratic – Homework Answers

Socratic ဟာ ကလေးငယ်များ အိမ်စာလုပ်တဲ့အခါမှာ ကူညီ သင်ကြားပေးတဲ့ App ဖြစ်ပါတယ်။ အိမ်စာ အမျိုးမျိုးအတွက် အဖြေများကို သူက ပံ့ပိုးပေးနိုင်ပါတယ်။ အိမ်စာကို ဓါတ်ပုံ ရိုက်လိုက်တာနဲ့ သင်ကြားပေးတဲ့ ဗီဒီယိုကို ပြသပေးပါတယ်။ သင်္ချာညီမျှခြင်းများကိုလည်း သူက တွက်ချက်ပေးနိုင်ပါတယ်။
Download
၂။ Microsoft Azure

Microsoft Azure ဟာ စီးပွားရေးလုပ်ငန်းများအတွက် ဖန်တီးထားတာ ဖြစ်ပါတယ်။ Metrics ၊ Health Issues ၊ အခြား စီးပွားရေးလုပ်ငန်းနဲ့ ပတ်သက်တဲ့ အရာများကို စဉ်ဆက်မပြတ် သိချင်သူများအတွက် အသုံးဝင်ပါတယ်။ Android App ဟာ ဒတ်စတော့ ဗားရှင်းနဲ့ စွမ်းဆောင်ချက်များ တူညီပါတယ်။
Download
၃။ Wemogee

Wemogee ကို Samsung နဲ့ ပူးပေါင်း ဖန်တီးခဲ့တာ ဖြစ်ပြီး Aphasia ဝေဒနာရှင်များအတွက် ရည်ရွယ်ပါတယ်။ Aphasia ဟာ ဦးနှောက် ထိခိုက်မှုကြောင့် စကားမပြောနိုင်ခြင်း၊ နားလည်မှု စွမ်းရည် ချွတ်ယွင်းခြင်း စတဲ့ ဝေဒနာကို ခံစားနေရသူများလို့ အဓိပ္ပါယ်ဖွင့်ဆိုထားပါတယ်။ ဝေဒနာရှင်များက App ကနေ စကားလုံးများ အစား Emoji များဖြင့် အခြား လူများနဲ့ ဆက်သွယ်နိုင်မှာ ဖြစ်ပါတယ်။ စကားစုပေါင်း ၁၄၀ ကျော်ကို သူက ပံ့ပိုးပေးထားပါတယ်။
Download
၎။ Microsoft To-Do

Microsoft To-Do က Wunderlist ကို ယှဉ်ပြိုင်မယ့် To-Do List App ဖြစ်ပါတယ်။ ပြုလုပ်စရာ အလုပ်များ၊ ဈေးဝယ်စာရင်းများကို မှတ်သားထားနိုင်ပါတယ်။ မှတ်စုများ မှတ်သားနိုင်တဲ့ စွမ်းရည်ကိုလည်း ထည့်သွင်းပေးထားပါတယ်။ စာရင်းများ ပြုလုပ်ရာမှာ လျှင်မြန်လွယ်ကူစေဖို့ အကြံပြုမှုများကိုလည်း သူက ပြုလုပ်ပေးနိုင်ပါတယ်။
Download
၅။ Amazon FreeTime

Amazon FreeTime ဟာ ကလေးများနဲ့ မိဘများအတွက် ဖြစ်ပါတယ်။ သူ့မှာ ကလေးများ နှစ်သက်တဲ့ စာအုပ်ပေါင်း ၁၀ ၀၀၀ ကျော်ကို ပံ့ပိုးပေးထားပြီး မိဘများနဲ့ ကလေးများ အတူတကွ ဖတ်ရှုနိုင်ပါတယ်။ စာအုပ်များ အပြင် Apps နဲ့ ဗီဒီယိုများအတွက် ကဏ္ဍများလည်း ထည့်သွင်းပေးထားပါတယ်။ တစ်လလျှင် ၂.၉၉ ဒေါ်လာဖြင့် ၀န်ဆောင်မှုကို အသုံးပြုရမှာ ဖြစ်ပြီး မိဘများက ကလေးရဲ့ App အသုံးပြုချိန်ကို ကန့်သတ်နိုင်တဲ့ စွမ်းဆောင်ချက်လည်း ပါပါတယ်။

ref : androidheadlines
No comments: