ေငြကုန္ သက္သာေစတဲ့ အင္တာနက္ သုံးနည္း - ညီလတ္ထြန္း(နည္းပညာ)

728x90 AdSpace

Trending

ေငြကုန္ သက္သာေစတဲ့ အင္တာနက္ သုံးနည္း

အင္တာနက္သုံးတဲ့အခါ ေငြကုန္ျမန္တဲ့သူေတြအတြက္ မလုိအပ္ပဲ ပုိက္ဆံ ျဖတ္မခံရေစဖုိ႕ နည္းလမ္းေတြ ေျပာျပေပးသြားပါ့မယ္။
၁.  အဆင္ေျပမယ့္ Internet Package တခုခု  ၀ယ္သုံးပါ။
– facebook နဲ႕ အသုံးမ်ားတဲ့သူေတြအတြက္ ကေတာ့ ဘယ္လုိ  Package မဆုိအဆင္ေျပေစျပီး အလုပ္ကိစၥ မ်ားနဲ႕ ဖုန္းၾကာၾကာ ေျပာရမယ့္သူေတြကေတာ့ MPT ရဲ႕ Daily Unlimited Voice Pack ျဖစ္တဲ့ *399# ကုိ ေခၚဆုိျပီး တစ္ရက္စာကုိ ၃၉၉က်ပ္ နဲ႕ရယူလုိက္ပါ။
– Viber Free အသုံးျပဳခ်င္တဲ့သူေတြကေတာ့ Telenor ရဲ႕ Seik Kyite Data Plan ကုိ ရယူႏုိင္ပါတယ္။
– အားကစားသတင္း အႏုပညာသတင္းကုိ အခမဲ့ ဖတ္ခ်င္တယ္ဆုိရင္ေတာ့ Ooredoo ရဲ႕ အင္တာနက္ Package ကုိ ၀ယ္ျပီး Thadin Application ကုိ Download ရယူလုိက္ပါ။
၂. အိမ္မွာ Wi-fi ရွိရင္ Connect လုပ္ျပီး အျမဲ On ထားပါ။ အိမ္ေရာက္တဲ့အခါ Auto Connect ျဖစ္ေတာ့ အဆင္ေျပေစမွာပါ
၃. Android Application မွန္သမ်ွကုိ ဖုန္း က Auto Update လုပ္ေနတယ္ဆုိရင္ေတာ့ Setting > Auto Update Application ကုိပိတ္ထားပါ။ တျခား ဖုန္း Application ေတြကုိ ပါ update လုပ္ေနတယ္ဆုိရင္ေတာ့ Setting > Security > Unknown Sources ကုိ On ထားပါ။
၄. Youtube မွာ Video ၾကည့္ရင္ ေငြပုိျဖတ္တာေၾကာင့္  Facebook က အခမဲ့ ၾကည့္လုိ႕ရတဲ့ Entertainment Page ေတြLike လုပ္
၅. ဖုန္းမွာ GPS ကုိ ပိတ္ထားေပးပါ။ GPS ဖြင့္ထားရင္လည္း ပုိက္ဆံ ျဖတ္တတ္ပါတယ္။
၆. ဖုန္းမွာ Email ဖြင့္တဲ့အခါ နာရီ၀က္ တခါ Update မတက္ေစခ်င္ရင္ Setting မွာ Manual Update လုပ္ထားပါ။
၇. ဖုန္း Wifi နဲ႕ ကြန္ပ်ဴတာသုံးျပီး Website ေတြ ၾကည့္တဲ့အခါ ေငြပုိျဖတ္တတ္တာေၾကာင့္ သိခ်င္တဲ့ အေၾကာင္းအရာရွာတဲ့  Website ကုိMobile Version နဲ႕ ၾကည့္တာပုိသက္သာပါတယ္။
၈. အင္တာနက္ သုံးျပီးတဲ့ အခါ ပိတ္ဖုိ႕ေမ့တတ္ရင္ေတာ့ Setting > Data Usage မွာ Limit လုပ္ထားပါ။
Data Usage ရွာနည္းကုိ မသိတဲ့ သူေတြ အတြက္ ေဖာ္ျပေပးထားပါတယ္။
Huawei –  Setting > Data Traffic Management
MI – Setting > Security > Data Usage
OnePlus – Setting > Wireless & Networks > Data Usage တုိ႕ျဖစ္ျပီး ဒါကေတာ့ မတူတဲ့ ဖုန္း အမ်ဳိးအစားေတြ မွာ ျမင္ရတဲ့ပုံစံ ေတြပဲျဖစ္ပါတယ္။

 အင်တာနက်သုံးတဲ့အခါ ငွေကုန်မြန်တဲ့သူတွေအတွက် မလိုအပ်ပဲ ပိုက်ဆံ ဖြတ်မခံရစေဖို့ နည်းလမ်းတွေ ပြောပြပေးသွားပါ့မယ်။
၁.  အဆင်ပြေမယ့် Internet Package တခုခု  ဝယ်သုံးပါ။
– facebook နဲ့ အသုံးများတဲ့သူတွေအတွက် ကတော့ ဘယ်လို  Package မဆိုအဆင်ပြေစေပြီး အလုပ်ကိစ္စ များနဲ့ ဖုန်းကြာကြာ ပြောရမယ့်သူတွေကတော့ MPT ရဲ့ Daily Unlimited Voice Pack ဖြစ်တဲ့ *399# ကို ခေါ်ဆိုပြီး တစ်ရက်စာကို ၃၉၉ကျပ် နဲ့ရယူလိုက်ပါ။
– Viber Free အသုံးပြုချင်တဲ့သူတွေကတော့ Telenor ရဲ့ Seik Kyite Data Plan ကို ရယူနိုင်ပါတယ်။
– အားကစားသတင်း အနုပညာသတင်းကို အခမဲ့ ဖတ်ချင်တယ်ဆိုရင်တော့ Ooredoo ရဲ့ အင်တာနက် Package ကို ဝယ်ပြီး Thadin Application ကို Download ရယူလိုက်ပါ။
၂. အိမ်မှာ Wi-fi ရှိရင် Connect လုပ်ပြီး အမြဲ On ထားပါ။ အိမ်ရောက်တဲ့အခါ Auto Connect ဖြစ်တော့ အဆင်ပြေစေမှာပါ
၃. Android Application မှန်သမျှကို ဖုန်း က Auto Update လုပ်နေတယ်ဆိုရင်တော့ Setting > Auto Update Application ကိုပိတ်ထားပါ။ တခြား ဖုန်း Application တွေကို ပါ update လုပ်နေတယ်ဆိုရင်တော့ Setting > Security > Unknown Sources ကို On ထားပါ။
၄. Youtube မှာ Video ကြည့်ရင် ငွေပိုဖြတ်တာကြောင့်  Facebook က အခမဲ့ ကြည့်လို့ရတဲ့ Entertainment Page တွေLike လုပ်
၅. ဖုန်းမှာ GPS ကို ပိတ်ထားပေးပါ။ GPS ဖွင့်ထားရင်လည်း ပိုက်ဆံ ဖြတ်တတ်ပါတယ်။
၆. ဖုန်းမှာ Email ဖွင့်တဲ့အခါ နာရီဝက် တခါ Update မတက်စေချင်ရင် Setting မှာ Manual Update လုပ်ထားပါ။
၇. ဖုန်း Wifi နဲ့ ကွန်ပျူတာသုံးပြီး Website တွေ ကြည့်တဲ့အခါ ငွေပိုဖြတ်တတ်တာကြောင့် သိချင်တဲ့ အကြောင်းအရာရှာတဲ့  Website ကိုMobile Version နဲ့ ကြည့်တာပိုသက်သာပါတယ်။
၈. အင်တာနက် သုံးပြီးတဲ့ အခါ ပိတ်ဖို့မေ့တတ်ရင်တော့ Setting > Data Usage မှာ Limit လုပ်ထားပါ။
Data Usage ရှာနည်းကို မသိတဲ့ သူတွေ အတွက် ဖော်ပြပေးထားပါတယ်။
Huawei –  Setting > Data Traffic Management
MI – Setting > Security > Data Usage
OnePlus – Setting > Wireless & Networks > Data Usage တို့ဖြစ်ပြီး ဒါကတော့ မတူတဲ့ ဖုန်း အမျိုးအစားတွေ မှာ မြင်ရတဲ့ပုံစံ တွေပဲဖြစ်ပါတယ်။





Click here to download






Crd-akhayar
www.nyilattun.com

ေငြကုန္ သက္သာေစတဲ့ အင္တာနက္ သုံးနည္း Reviewed by ညီလတ္ထြန္း(နည္းပညာ) on 9:43 PM Rating: 5 အင္တာနက္သုံးတဲ့အခါ ေငြကုန္ျမန္တဲ့သူေတြအတြက္ မလုိအပ္ပဲ ပုိက္ဆံ ျဖတ္မခံရေစဖုိ႕ နည္းလမ္းေတြ ေျပာျပေပးသြားပါ့မယ္။ ၁.  အဆင္ေျပမယ့္ Internet ...

No comments: