နာဆာက ဂြိုလ်သားများ ရှာဖွေဖို့ စက်ရုပ်များ စေလွှတ်မည် - ညီလတ်ထွန်း(နည်းပညာ)

728x90 AdSpace

Trending

နာဆာက ဂြိုလ်သားများ ရှာဖွေဖို့ စက်ရုပ်များ စေလွှတ်မည်

ရေခဲပြင် ဖုံးလွှမ်းနေတဲ့ ဂြိုလ်များမှာ သက်ရှိများ ရှိ၊ မရှိ ရှာဖွေပေးနိုင်မယ့် စက်ရုပ်အသစ်များကို နာဆာက ဖန်တီးနေပါတယ်။ နာဆာရဲ့ Jet Propulsion Laboratory က ဖန်တီးနေတာ ဖြစ်ပြီး Ocen Worlds Mobility and Sensing စီမံကိန်းရဲ တစ်စိတ်တစ်ပိုင်း ဖြစ်ပါတယ်။ အဲဒီ စက်ရုပ်များဟာ Jupiter ရဲ့ Europa လို ရေခဲပြင်ဖုံးလွှမ်းနေတဲ့ ဂြိုလ်များမှာ ရေခဲပြင်ရဲ့ အထက်နဲ့ အောက်မှ နမူနာများကို စုဆောင်းဖို့ ဒီဇိုင်းထုတ်ထားပါတယ်။

“ အနာဂတ်မှာ Europa, Enceladus နဲ့ Titan တို့မှာ ဂြိုလ်သားများ ရှိသလားဆိုတဲ့ မေးခွန်းကို ဖြေနိုင်တော့မှာပါ။ လိုအပ်တဲ့ နည်းပညာများကို တီထွင်ဖို့ နာဆာ ဌာနချုပ်နဲ့ ပူးပေါင်းနေပါတယ်။ အဲဒီအတွက် လာမယ့် ၁၀ နှစ်နဲ့ ၁၅ နှစ်အတွင်းမှာ လိုအပ်တဲ့ အာကာသယာဉ်အတွက် သူတို့ အဆင်သင့်ဖြစ်နေမှာပါ။ “ လို့ Jet Propulsion Laboratory မှ Space Technology Program ကို ဦးဆောင်နေတဲ့ Tom Cwik က ပြောပါတယ်။
ရေရှိတဲ့ အတွက် သက်ရှိများ ရှိနေနိုင်ပေမယ့် ရေခဲများ ဖုံးလွှမ်းနေတဲ့ အတွက် နက်ရှိုင်းစွာ ထိုးဖောက်လေ့လာမှ သိရမှာ ဖြစ်ပါတယ်။ အဲဒီအတွက် နာဆာက ရေခဲဖုံးလွှမ်းနေတဲ့ နေရာများမှာ သက်ရှိများကို ရှာဖွေနိုင်မယ့် စက်ရုပ်များကို တီထွင်နေခြင်း ဖြစ်ပါတယ်။ စက်ရုပ်များထဲမှာ ရေခဲပြင်ပေါ်မှာ သွားနိုင်တဲ့ ဘီးတပ် စက်ရုပ်၊ ၃၃ ပေအကွာမှ နမူနာများကို လှမ်းယူနိုင်တဲ့ လက်ချောင်းရှည် စက်ရုပ်နဲ့ ၁၆၄ ပေ အကွာမှ နမူနာကို ရယူပေးနိုင်တဲ့ အမြှောက် စက်ရုပ်တို့ ပါဝင်ကြပါတယ်။





Click here to download






ref : digitaltrends/digitaltimes
www.nyilattun.com

နာဆာက ဂြိုလ်သားများ ရှာဖွေဖို့ စက်ရုပ်များ စေလွှတ်မည် Reviewed by ညီလတ်ထွန်း(နည်းပညာ) on 4:47 AM Rating: 5 ရေခဲပြင် ဖုံးလွှမ်းနေတဲ့ ဂြိုလ်များမှာ သက်ရှိများ ရှိ၊ မရှိ ရှာဖွေပေးနိုင်မယ့် စက်ရုပ်အသစ်များကို နာဆာက ဖန်တီးနေပါတယ်။ နာဆာရဲ့ Jet Propu...

No comments: