Android ဖုန္းရဲ႕ ေနာက္ကြယ္မွာ run ေနတဲ့ App ေတြကို ေျဖရွင္းနည္း - ညီလတ္ထြန္း(နည္းပညာ)

728x90 AdSpace

Trending

Android ဖုန္းရဲ႕ ေနာက္ကြယ္မွာ run ေနတဲ့ App ေတြကို ေျဖရွင္းနည္း

Android ဖုန္းေတြမွာ အခ်ဳိ႕ App ေတြက သုံးၿပီး ပိတ္လုိက္ရင္ေတာင္မွ OS ရဲ႕ ေနာက္ကြယ္မွာ ပြင့္ေနတတ္ပါတယ္။ အဲ့ဒီလိုပြင့္ေန run ေနတဲ့ App ေတြ မ်ားလာရင္ေတာ့ ဖုန္းက ဘက္ထရီ ခဏေလးနဲ႔ ကုန္မွာျဖစ္သလို ဖုန္းရဲ႕ လုပ္ေဆာင္မႈေတြလည္း ေႏွးေကြးေလးလံ လာမွာျဖစ္ပါတယ္။  ဘက္ထရီ ခဏခဏကုန္လာတယ္။ သုံးရတာလည္း အရင္ေလာက္ မျမန္ေတာ့ဘူး ဆိုရင္ေတာ့ ေနာက္ကြယ္မွာ App ေတြ run ေနလားဆိုတာကို စစ္ေဆးပါ။ ၿပီးရင္ ဖုန္းကေန App ေတြကို  Back ခလုတ္ႏွိပ္ၿပီး ထြက္လိုက္႐ုံနဲ႔ OS ရဲ႕ ေနာက္ ကြယ္မွာ run မေနေအာင္  လုပ္ထားလိုက္႐ုံပါပဲ။
အရင္ဆုံးဖုန္း OS ရဲ႕ ေနာက္ကြယ္မွာ App ေတြ run ေနလား ဆိုတာကို စမ္းသပ္ဖို႔အတြက္ Recent Key ဒါမွမဟုတ္ Home Key ကို အသံုးျပဳၿပီး ၾကည့္ႏိုင္ပါတယ္။ Recent App ေတြကို ၾကည့္တဲ့အခါမွာ ဖုန္းအမ်ိဳးအစားေပၚ မူတည္ၿပီး ၾကည့္႐ႈပံု ကြဲျပားမွာပါ။
အဲ့ဒီလိုႏွိပ္လိုက္ရင္ေတာ့ ပုံထဲကအတုိင္း ဖုန္း OS ရဲ႕ ေနာက္ကြယ္မွာ run ေနတဲ့ App ေတြကို ေတြ႔ရမွာ ျဖစ္ပါတယ္။
App ေတြကို အသုံးျပဳ ၿပီးတုိင္း Back ခလုတ္ႏွိပ္ၿပီး ပိတ္လိုက္တာေတာင္မွ OS ေနာက္ကြယ္မွာ App ေတြ မ်ားစြာ ပြင့္ေနတယ္ဆိုရင္ေတာ့ အျခား Third party App သုံးစရာမလိုဘဲ ခုေဖာ္ျပတဲ့ နည္းလမ္းနဲ႔ အလြယ္တကူ ပိတ္ႏုိင္ပါတယ္။ အရင္ဆုံးဖုန္းရဲ႕ Settings ထဲကို ၀င္ဖို႔အတြက္ Settings icon ကို ႏွိပ္လိုက္ပါ။
-------------------------------------------------------------------------------------------------
Android ဖုန်းတွေမှာ အချို့ App တွေက သုံးပြီး ပိတ်လိုက်ရင်တောင်မှ OS ရဲ့ နောက်ကွယ်မှာ ပွင့်နေတတ်ပါတယ်။ အဲ့ဒီလိုပွင့်နေ run နေတဲ့ App တွေ များလာရင်တော့ ဖုန်းက ဘက်ထရီ ခဏလေးနဲ့ ကုန်မှာဖြစ်သလို ဖုန်းရဲ့ လုပ်ဆောင်မှုတွေလည်း နှေးကွေးလေးလံ လာမှာဖြစ်ပါတယ်။  ဘက်ထရီ ခဏခဏကုန်လာတယ်။ သုံးရတာလည်း အရင်လောက် မမြန်တော့ဘူး ဆိုရင်တော့ နောက်ကွယ်မှာ App တွေ run နေလားဆိုတာကို စစ်ဆေးပါ။ ပြီးရင် ဖုန်းကနေ App တွေကို  Back ခလုတ်နှိပ်ပြီး ထွက်လိုက်ရုံနဲ့ OS ရဲ့ နောက် ကွယ်မှာ run မနေအောင်  လုပ်ထားလိုက်ရုံပါပဲ။

အရင်ဆုံးဖုန်း OS ရဲ့ နောက်ကွယ်မှာ App တွေ run နေလား ဆိုတာကို စမ်းသပ်ဖို့အတွက် Recent Key ဒါမှမဟုတ် Home Key ကို အသုံးပြုပြီး ကြည့်နိုင်ပါတယ်။ Recent App တွေကို ကြည့်တဲ့အခါမှာ ဖုန်းအမျိုးအစားပေါ် မူတည်ပြီး ကြည့်ရှုပုံ ကွဲပြားမှာပါ။

အဲ့ဒီလိုနှိပ်လိုက်ရင်တော့ ပုံထဲကအတိုင်း ဖုန်း OS ရဲ့ နောက်ကွယ်မှာ run နေတဲ့ App တွေကို တွေ့ရမှာ ဖြစ်ပါတယ်။

App တွေကို အသုံးပြု ပြီးတိုင်း Back ခလုတ်နှိပ်ပြီး ပိတ်လိုက်တာတောင်မှ OS နောက်ကွယ်မှာ App တွေ များစွာ ပွင့်နေတယ်ဆိုရင်တော့ အခြား Third party App သုံးစရာမလိုဘဲ ခုဖော်ပြတဲ့ နည်းလမ်းနဲ့ အလွယ်တကူ ပိတ်နိုင်ပါတယ်။ အရင်ဆုံးဖုန်းရဲ့ Settings ထဲကို ဝင်ဖို့အတွက် Settings icon ကို နှိပ်လိုက်ပါ။
   
Settings စနစ္ပြင့္လာမွာ ျဖစ္ပါတယ္။
Settings ထဲက Developer Options ကို ဖြင့္ေပးဖို႔အတြက္ ဖုန္းရဲ႕ Settings ထဲကေန ေအာက္ဆုံးနားကို ပြတ္ဆြဲၿပီး About Phone ကိုရွာၿပီး ႏွိပ္ပါ။
  
About Phone ကိုႏွိပ္လုိက္ရင္ေတာ့ ဖုန္းရဲ႕ System info စနစ္ေပၚလာမွာျဖစ္ၿပီး အဲဒီထဲက မွ Build number ဆိုတဲ့စာသား အကြက္ကို သုံးႀကိမ္တိတိ ဆက္တိုက္ႏွိပ္လိုက္ပါ။ (Build number ကို မေတြ႔ရင္ေတာ့ Software Version ဆိုတဲ့စာသား ကိုရွာၿပီး ႏွိပ္ပါ။
အဲလိုႏွိပ္လုိက္ရင္ေတာ့ ျမင္ကြင္းမွာ You are now a developer! ဆိုတဲ့ စာသားေပၚ လာမွာျဖစ္ပါတယ္။ အဲလိုေပၚလာ ရင္ေတာ့ Developer Options ကို ဖြင့္လိုက္ၿပီပဲ ျဖစ္ပါတယ္။
  
ၿပီးရင္ေတာ့ About phone ကေန ျပန္ထြက္ဖို႔အတြက္ Back ခလုတ္ကို တစ္ခ်က္ႏိွပ္လိုက္ပါ။ ဖုန္းရဲ႕ System စနစ္ထဲမွာ Developer options ဆိုတာ ေပၚ လာမွာျဖစ္ၿပီး အဲဒီ Developer options စာသားကို တစ္ခ်က္ႏွိပ္ လိုက္ပါ။
Developer Options ထဲကို ေရာက္ရင္ေတာ့ Developer Options ဆိုတဲ့စာသားေဘးနား က ခလုတ္ေလးက ပြင့္ေနတဲ့ပုံစံ ျဖစ္ေနမွာျဖစ္ပါတယ္။ ၿပီးရင္ ေတာ့ APPS ဆိုတဲ့ အပိုင္းက Don’t keep activities ဆိုတဲ့ စာသားကို ရွာၿပီး ေဘးနားက ခလုတ္ကို တစ္ခ်က္ႏွိပ္ၿပီး ဒါမွမဟုတ္ အကြက္ေလးကို အမွန္ျခစ္ေပးၿပီး Enable လုပ္လိုက္ပါ။
ၿပီးရင္ေတာ့ သူ႔ေအာက္က Background process limit ဆိုတဲ့ စာသားကို တစ္ခ်က္ထပ္ႏွိပ္ပါ။
Background process limit ဆိုတဲ့ အကြက္ေလး တစ္ခုေပၚလာမွာျဖစ္ၿပီး အဲဒီထဲကမွ No background processes ဆိုတဲ့ စာသားေဘးနားက အကြက္ေလးကို ေရြးထားေပးလုိက္ပါ။
ဒါဆိုရင္ေတာ့ ကိုယ္က App ေတြကို သုံးၿပီးတုိင္း back ခလုတ္ႏွိပ္ၿပီး ထြက္လိုက္႐ုံနဲ႔ OS ရဲ႕ ေနာက္ကြယ္မွာ App ေတြ run ေနတာမ်ဳိး ပြင့္ေနတာမ်ဳိးေတြ ျဖစ္ေတာ့မွာ မဟုတ္ပါဘူး။ ကိုယ့္ဖုန္းက သုံးလာတာၾကာလို႔ ဘက္ထရီ ခဏခဏ ကုန္တာမ်ဳိးနဲ႔ ဖုန္းရဲ႕ OS စနစ္ပိုင္း ေလးလံေႏွးေကြးေန တယ္ဆိုရင္လည္း ဖုန္းရဲ႕ ဘက္ထရီပါ၀ါနဲ႔ CPU သုံးစြဲမႈေတြကို တျခား Third Party App ေတြ သုံးစရာမလိုဘဲနဲ႔ ခုလိုမ်ဳိး အလြယ္တကူ ေလ်ာ့ခ်ထားႏုိင္မွာ ျဖစ္ပါတယ္။
-------------------------------------------------------------------------------------------------------------------------
Settings စနစ်ပွင့်လာမှာ ဖြစ်ပါတယ်။

Settings ထဲက Developer Options ကို ဖွင့်ပေးဖို့အတွက် ဖုန်းရဲ့ Settings ထဲကနေ အောက်ဆုံးနားကို ပွတ်ဆွဲပြီး About Phone ကိုရှာပြီး နှိပ်ပါ။

 

About Phone ကိုနှိပ်လိုက်ရင်တော့ ဖုန်းရဲ့ System info စနစ်ပေါ်လာမှာဖြစ်ပြီး အဲဒီထဲက မှ Build number ဆိုတဲ့စာသား အကွက်ကို သုံးကြိမ်တိတိ ဆက်တိုက်နှိပ်လိုက်ပါ။ (Build number ကို မတွေ့ရင်တော့ Software Version ဆိုတဲ့စာသား ကိုရှာပြီး နှိပ်ပါ။

အဲလိုနှိပ်လိုက်ရင်တော့ မြင်ကွင်းမှာ You are now a developer! ဆိုတဲ့ စာသားပေါ် လာမှာဖြစ်ပါတယ်။ အဲလိုပေါ်လာ ရင်တော့ Developer Options ကို ဖွင့်လိုက်ပြီပဲ ဖြစ်ပါတယ်။

 

ပြီးရင်တော့ About phone ကနေ ပြန်ထွက်ဖို့အတွက် Back ခလုတ်ကို တစ်ချက်နှိပ်လိုက်ပါ။ ဖုန်းရဲ့ System စနစ်ထဲမှာ Developer options ဆိုတာ ပေါ် လာမှာဖြစ်ပြီး အဲဒီ Developer options စာသားကို တစ်ချက်နှိပ် လိုက်ပါ။

Developer Options ထဲကို ရောက်ရင်တော့ Developer Options ဆိုတဲ့စာသားဘေးနား က ခလုတ်လေးက ပွင့်နေတဲ့ပုံစံ ဖြစ်နေမှာဖြစ်ပါတယ်။ ပြီးရင် တော့ APPS ဆိုတဲ့ အပိုင်းက Don’t keep activities ဆိုတဲ့ စာသားကို ရှာပြီး ဘေးနားက ခလုတ်ကို တစ်ချက်နှိပ်ပြီး ဒါမှမဟုတ် အကွက်လေးကို အမှန်ခြစ်ပေးပြီး Enable လုပ်လိုက်ပါ။

ပြီးရင်တော့ သူ့အောက်က Background process limit ဆိုတဲ့ စာသားကို တစ်ချက်ထပ်နှိပ်ပါ။

Background process limit ဆိုတဲ့ အကွက်လေး တစ်ခုပေါ်လာမှာဖြစ်ပြီး အဲဒီထဲကမှ No background processes ဆိုတဲ့ စာသားဘေးနားက အကွက်လေးကို ရွေးထားပေးလိုက်ပါ။

ဒါဆိုရင်တော့ ကိုယ်က App တွေကို သုံးပြီးတိုင်း back ခလုတ်နှိပ်ပြီး ထွက်လိုက်ရုံနဲ့ OS ရဲ့ နောက်ကွယ်မှာ App တွေ run နေတာမျိုး ပွင့်နေတာမျိုးတွေ ဖြစ်တော့မှာ မဟုတ်ပါဘူး။ ကိုယ့်ဖုန်းက သုံးလာတာကြာလို့ ဘက်ထရီ ခဏခဏ ကုန်တာမျိုးနဲ့ ဖုန်းရဲ့ OS စနစ်ပိုင်း လေးလံနှေးကွေးနေ တယ်ဆိုရင်လည်း ဖုန်းရဲ့ ဘက်ထရီပါ၀ါနဲ့ CPU သုံးစွဲမှုတွေကို တခြား Third Party App တွေ သုံးစရာမလိုဘဲနဲ့ ခုလိုမျိုး အလွယ်တကူ လျော့ချထားနိုင်မှာ ဖြစ်ပါတယ်။



Click here to download






Credit-Bkhai
www.nyilattun.com

Android ဖုန္းရဲ႕ ေနာက္ကြယ္မွာ run ေနတဲ့ App ေတြကို ေျဖရွင္းနည္း Reviewed by ညီလတ္ထြန္း(နည္းပညာ) on 10:02 PM Rating: 5 Android ဖုန္းေတြမွာ အခ်ဳိ႕ App ေတြက သုံးၿပီး ပိတ္လုိက္ရင္ေတာင္မွ OS ရဲ႕ ေနာက္ကြယ္မွာ ပြင့္ေနတတ္ပါတယ္။ အဲ့ဒီလိုပြင့္ေန run ေနတဲ့ App ေတ...

No comments: