Android ဖုန်းများအတွက် အကောင်းဆုံး Photo Editor Application ၈မျိုး - ညီလတ်ထွန်း(နည်းပညာ)

728x90 AdSpace

Trending

Android ဖုန်းများအတွက် အကောင်းဆုံး Photo Editor Application ၈မျိုး

အမှတ်တရ ရိုက်ထားတဲ့ ပုံလေးတွေကို အလှဆုံး ဖြစ်သွားအောင် ပြင်နိုင်ဖို့ Google Play Store က နေ Android ဖုန်းတွေ အတွက် အခမဲ့ သုံးနိုင်တဲ့  အကောင်းဆုံး Photo Editor Apps ၈ခုကို akhayar.com မှ ဖော်ပြပေးလိုက်ပါတယ်။

Prisma


အသုံးအများဆုံး Photo Editor တခု ဖြစ်တဲ့ Prisma ရဲ့ Android Version အသစ် ထွက်ပေါ်လာပါပြီ။ ဒီ Apps ဟာ Photo Editing Tools တခု ထက်ပိုပြီး Creative လုပ်ချင်တဲ့ သူတွေ နှစ်သက်စေမယ့် နာမည်ကျော် ပန်းချီပညာရှင်တွေ ဖြစ်တဲ့ Munk, Picaso တို့ရဲ့ Patterns တွေကို ထည့်သွင်းပေးထားတာကြောင့် ပုံပြင်တဲ့အခါ အနုပညာဆန်ဆန် Artwork တွေကို ပကတိ လူလုပ်တဲ့အတိုင်းတွေ့ရမှာပါ။

Adobe Photo Editor Apps


ခုဖော်ပြတဲ့ Adobe Photo Editor Apps မှာ Adobe Photoshop Express, Adobe Photoshop Mix နဲ့ Adobe Lightroom ပါဝင်ပြီး  တခုချင်းစီက Feature တွေက ပုံပြင်တဲ့နေရာမှာ အသုံးဝင်ပါတယ်။ ညဘက်မီးရောင်မှာ Selfie ရိုက်တဲ့အခါ မျက်လုံးမှာ ဖြစ်တဲ့ အနီစက် တွေကိုလည်း ဒီ Apps သုံးပြီး ဖျက်နိုင်ပါတယ်။

AirBrush


Google Play Store မှာ rating 4.8 ရရှိထားတဲ့ ပုံတွေကို အလွယ်တကူပြင်နိုင်တဲ့ Apps တခုလည်း ဖြစ်ပြီး Selfie မကြာခဏ ရိုက်တတ်တဲ့သူတွေ အတွက် အသုံးဝင်ပါတယ်။

Bonfire Photo Editor Pro


ဒီ Apps ဟာလည်း Play Store ရဲ့ လူကြိုက်များတဲ့ Photo Editor တခုပဲဖြစ်ပါတယ်။ အခြေခံကျတဲ့ Filter အများစု ပါဝင်ပြီး ရယ်စရာပုံတွေ နဲ့ အသားအရေ ချောမွေ့စေတဲ့ Function တွေအပြင် ပန်းချီ ကား တစ်ချပ် အတိုင်း ခံစားစေရမယ် Effect တွေလည်း ပါဝင်ပါတယ်။

Cupslice


ဒီ Apps လေးကတော့ ပုံပြင်တာလည်းကောင်းတဲ့အပြင် နောက်ဆုံးပေါ် စတစ်ကာမျိုးစုံကိုလည်း  Filter ထိပ်မှာထားလို့ရပါတယ်။ အခြေခံကျတဲ့ Crop, Frames, Hue, Saturation Adjustment, Black & White စတာတွေအကုန်ပါတာကြောင့် သုံးရလွယ်ပြီး အဆင်ပြေစေပါတယ်။

Fotor Photo Editor


ဒီ Apps ဟာ Selfie ပုံပြင်တာအပြင် Blog မှာ ပုံတင်တဲ့အခါမှာလည်း အသုံးဝင်ပြီး တခြား  Editing Tools တွေ ဖြစ်တဲ့ Brightness, Contrast, Saturation, Exposure တို့ သုံးရတာ အဆင်မပြေတဲ့အခါ အသုံးပြုဖို့ Filter 100 ကျော်လည်း ထားပေးထားပါတယ်။

Photo Effects Pro


ဒါကတော့ Filters, Effects, Stickers တွေကို နှစ်သက်တဲ့သူတွေအတွက် အဆင်ပြေစေမယ့် Apps တခုပါပဲ။ Filters 40 ပါတဲ့ အပြင် စာသား အပြင် စတစ်ကာ နဲ့ Frames တွေ စိတ်ကြိုက်သုံးနိုင်ပါတယ်။

Snapseed


ဒီ Apps ဟာ RAW ဓာတ်ပုံ တွေအတွက် အသုံးဝင်ပြီး filter ကောင်းကောင်းတွေလည်းရှိပါတယ်။ Android Photo Editor ထဲက အကောင်းဆုံး တခုအဖြစ်ပါဝင်ပြီး Toogle အမျိုးမျိုးကိုလည်း စိတ်ကြိုက်အသုံးပြုနိုင်ပါတယ်။





Ref : Androidauthority
Crd-Jan (Akhayar)
www.nyilattun.com

Android ဖုန်းများအတွက် အကောင်းဆုံး Photo Editor Application ၈မျိုး Reviewed by ညီလတ်ထွန်း(နည်းပညာ) on 9:06 AM Rating: 5 အမှတ်တရ ရိုက်ထားတဲ့ ပုံလေးတွေကို အလှဆုံး ဖြစ်သွားအောင် ပြင်နိုင်ဖို့ Google Play Store က နေ Android ဖုန်းတွေ အတွက် အခမဲ့ သုံးနိုင်တဲ့  ...

No comments: