YouTube Videos များကို Background မှာ ဖွင့်နည်း - ညီလတ်ထွန်း(နည်းပညာ)

728x90 AdSpace

Trending

YouTube Videos များကို Background မှာ ဖွင့်နည်း

YouTube ဟာ ကမ္ဘာ့ လူကြည့် အများဆုံး ဗီဒီယို ၀က်ဆိုက်ဖြစ်ပါတယ်။ ဒါပေမယ့် YouTube Android App မှာ ဗီဒီယိုများကို နောက်ကွယ်မှာ ဖွင့်ထားပြီး အခြား Apps များကို အသုံးပြုလို့ မရပါဘူး။ ဒါပေမယ့် YouTube Video များကို နောက်ကွယ်မှာ ဖွင့်ထားပြီး အခြား Apps များကို အသုံးပြုနိုင်မယ့် နည်းလမ်းများ ရှိပါတယ်။

FireFox Browser
သင့်ရဲ့ မိုဘိုင်းဖုန်းမှာ YouTube App ကို အသုံးမပြုဘဲ FireFox Browser ကို အသုံးပြုပါ။ FireFox က YouTube Video များကို နောက်ကွယ်မှာ ဖွင့်ထားပေးပြီး အခြား Apps များကို အသုံးပြုခွင့်ရစေပါတယ်။ FireFox Browser ကို သင့်ရဲ့ Android Device အတွက် Google Play Store မှာ အခမဲ့ ရယူ အသုံးပြုနိုင်ပါတယ်။

YouTube Red
YouTube Video များကို နောက်ကွယ်မှာ ဖွင့်ပြီး နားဆင်နိုင်ဖို့အတွက် YouTube Red ၀န်ဆောင်မှုကို တစ်လလျှင် ၉.၉၉ ဒေါ်လာဖြင့် ၀ယ်ယူ အသုံးပြုနိုင်ပါတယ်။ အဲဒီ ၀န်ဆောင်မှုမှာ Background Play စွမ်းဆောင်ချက် ပါရှိပါတယ်။ အဲဒီ စွမ်းဆောင်ချက်က ဗီဒီယိုများကို နောက်ကွယ်မှာ ဖွင့်ထားပေးပြီး အခြား Apps များကို အသုံးပြုစေနိုင်ပါတယ်။ ဒါ့အပြင် ကြော်ညာများကိုလည်း ပြသခြင်း မရှိဘဲ Google Play Music ကို အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

Awesome Pop-Up Video Pro App
နောက်ထပ် နည်းလမ်းတစ်ခုကတော့ Awesome Pop-Up Video Pro App ကို အသုံးပြုတာ ဖြစ်ပါတယ်။ သူက YouTube Video များကို နောက်ကွယ်မှာ ဖွင့်ပေးတာ မဟုတ်ဘဲ Pop-Up Window ဖြင့် ပြသပေးတာ ဖြစ်ပါတယ်။ Pop-Up Player ကို သင်နှစ်သက်တဲ့ နေရာကို ပြောင်းရွှေ့နိုင်ပါတယ်။ Player ရဲ့ အရွယ်အစားကိုလည်း သင်နှစ်သက်သလို ချိန်ညှိနိုင်ပါတယ်။






Click here to download





ref : androidpit
Credit-digitaltimes
www.nyilattun.com

YouTube Videos များကို Background မှာ ဖွင့်နည်း Reviewed by ညီလတ်ထွန်း(နည်းပညာ) on 6:09 AM Rating: 5 YouTube ဟာ ကမ္ဘာ့ လူကြည့် အများဆုံး ဗီဒီယို ၀က်ဆိုက်ဖြစ်ပါတယ်။ ဒါပေမယ့် YouTube Android App မှာ ဗီဒီယိုများကို နောက်ကွယ်မှာ ဖွင့်ထားပြီး ...

No comments: