Windows Software နဲ့ App တွေနေရာမှာ အစားထိုး သုံးစွဲနိုင်တဲ့ Program (၅) မျိုး - ညီလတ်ထွန်း(နည်းပညာ)

728x90 AdSpace

Trending

Windows Software နဲ့ App တွေနေရာမှာ အစားထိုး သုံးစွဲနိုင်တဲ့ Program (၅) မျိုး

Google Chrome > Microsoft EDGE
EDGE ကတော့ Microsoft Windows 10 မှာ ပါဝင်လာတဲ့ browser တစ်ခုဖြစ်ပါတယ်။ EDGE browser ဟာ နောက်ပိုင်းမှာ extension တွေ ထည့်သွင်းအသုံးပြုဖို့အတွက် အထောက်အပံ့ပေးလာပေမယ့် အခြား browser တွေလောက်ပြည့်စုံမှုမရှိတာကြောင့် သုံးစွဲတဲ့အခါမှာ အဆင်မပြေမှုများစွာနဲ့ တွေ့ကြုံရနိုင်ပါတယ်။
Chrome browser မှာ extension အများအပြားကို သုံးနိုင်တဲ့အပြင် mobile phone ကနေ desktop computer ကို sync လုပ်ပြီး ဖိုင်တွေ အလွယ်တကူ အသုံးပြုနိုင်ပါတယ်။ ဒါ့အပြင် အမြန်နှုန်းနဲ့ လုံခြုံစိတ်ချရမှုအပိုင်းတွေမှာ Chrome browser က ပိုကောင်းတာကြောင့် Microsoft EDGE browser အစား Chrome browser ကို ပိုမိုသုံးစွဲလာကြပါတယ်။

Chrome browser ကို ဒီနေရာကနေ ရယူနိုင်ပါတယ်။
VLC Media Player > Windows Media Player
Windows Media Player ကို သုံးစွဲလာတာဟာ နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပါပြီ။ Windows Media Player ဟာ mp3 ဖိုင်တွေကို device နဲ့ချိတ်ဆက်ပြီး sync ပြုလုပ်နိုင်သလို Audio CD များအဖြစ်လည်း ဖန်တီးကူးယူ နိုင်ပါသေးတယ်။ Windows 7 နဲ့ Windows 10 ကြားမှာ ထွက်ရှိခဲ့တဲ့ Windows Media Player တွေဟာလည်း အများကြီးအပြောင်းအလဲ မရှိခဲ့ပါဘူး။ ဒါပေမယ့် Windows Media Player ကို မကြိုက်ရတဲ့ အချက်တွေကတော့ Windows Media Player သုံးစွဲဖို့အတွက်ဆိုရင် Windows Operating System သုံးစွဲဖို့ လိုအပ်ပါတယ်။ နောက်ထပ် flv, mkv အစရှိတဲ့ ဖိုင်တွေကို သုံးစွဲဖို့အတွက်ဆိုရင် Windows Media Player ဟာ သုံးစွဲနိုင်ဖို့ ခက်ခဲလှပါတယ်။ ဒါ့အပြင် media file အများအပြားကို အသုံးပြုနိုင်ဖို့အတွက်ဆိုရင် K-LITE Codec packs ရဲ့ အကူအညီကို ရယူရမှာပါ။ လုံခြုံရေးအပိုင်းမှာဆိုရင်လည်း Windows Media Player ကနေ ဖြစ်တဲ့ ပြဿနာများစွာရှိခဲ့ပါတယ်။
VLC Media Player ကတော့ ဘယ် Operating System မှာမဆို သုံးစွဲနိုင်မယ့် Open-source ဆော့ဖ်ဝဲ တစ်ခုဖြစ်ပါတယ်။ ဖိုင်အများကို အထောက်အပံ့ပေးနိုင်မှာဖြစ်သလို broadcast media တွေအတွက်လည်း အဆင်ပြေတဲ့ ဆော့ဖ်ဝဲတစ်ခု ဖြစ်ပါတယ်။ ဒါပေမယ့်လည်း VLC Player မှာ Playlist တွေကို ကြည့်ရတာ အဆင်မပြေတဲ့ပြဿနာနဲ့ ဖိုင်တွေကို ထည့်သွင်းသုံးစွဲတဲ့အခါမှာ အနည်းငယ် စိတ်ရှုပ်စရာတော့ ကောင်းမှာ ဖြစ်ပါတယ်။

VLC Media Player ကို ဒီနေရာကနေ ရယူနိုင်ပါတယ်။
Paint.NET > Microsoft Paint
Paint ဆိုတာကတော့ ဓာတ်ပုံတွေကို ပြင်ဆင်နိုင်တဲ့ image editor ဆော့ဖ်ဝဲတစ်ခုဖြစ်ပါတယ်။ Microsoft Windows မှာဆိုရင် MSPaint (Microsoft Paint) ဆိုတဲ့ ဆော့ဖ်ဝဲရှိပါတယ်။ Paint.NET ကို Microsoft Paint နေရာမှာ အစားထိုး သုံးစွဲနိုင်မယ့် အားသာချက်တွေကတော့ ပုံတွေကို ပြင်ဆင်နိုင်ဖို့ tool တွေထည့်သွင်း ထားတာပါ။ ဒါပေမဲ့ Photoshop အစားထိုးသုံးစွဲနိုင်တဲ့ ဆော့ဖ်ဝဲတစ်ခုတော့ မဟုတ်ပါဘူး။ Paint.Net မှာ Microsoft Paint ထက် အားသာချက်တွေဖြစ်တဲ့ Canvas အရွယ်အစားတွေကို နှစ်သက်သလို စတင်ရွေးချယ်နိုင်သလို Layer များနဲ့လည်း အလုပ်လုပ်ဆောင်နိုင်အောင် စီစဉ်ပေးထားပါတယ်။

Paint.NET ကို ဒီနေရာကနေ ရယူနိုင်ပါတယ်။
Notepad ++ > Notepad
Windows Operating System မှာ ပါဝင်တဲ့ Notepad app ဟာ အသုံးဝင်တဲ့ utility တစ်ခုဖြစ်ပါတယ်။ မှတ်စုတွေ အလွယ်တကူ ချရေးပြီး မှတ်သားထားဖို့နဲ့ စာတွေရေးဖို့အတွက်တော့ Notepad က အသုံးဝင်ပါတယ်။
Notepad နေရာမှာ အစားထိုးသုံးစွဲနိုင်တဲ့ app ကတော့ Notepad ++ ဆိုတဲ့ app ဖြစ်ပါတယ်။ ဖိုင်တွေကို တစ်နေရာတည်းမှာ ဖွင့်ပြီး အသုံးပြုနိုင်သလို programming language များအတွက် coding များကိုလည်း ထည့်သွင်းပေးထားပါတယ်။ ဒါ့အပြင် line တစ်ကြောင်းချင်းစီအလိုက် နံပါတ်များ ထည့်သွင်းပေးထားပါတယ်။ Programming ရေးသားတဲ့အခါမှာ မှတ်ချက်တွေကို အလွယ်တကူနဲ့ ကြည့်ရှုနိုင်ဖို့ အတွက် Notepad ++ က အထောက်အပံ့ပေးနိုင်ပါတယ်။

Notepad++ ကို ဒီနေရာကနေ ရယူနိုင်ပါတယ်။
ShareX > Snipping Tool
Windows Operating System မှာ ထည့်သွင်းထားတဲ့ Snipping tool app ဟာ screenshot ပြုလုပ်တဲ့အခါမှာ အသုံးဝင်တဲ့ tool တစ်ခုဖြစ်ပါတယ်။ Snipping tool ထက် ပိုမိုကောင်းမွန်ပြီး လုပ်ဆောင်ချက်တွေ ပိုမိုများပြားတဲ့ ShareX ဟာ screenshot လုပ်ထားတဲ့ ပုံတွေကို upload ပြုလုပ်နိုင်ဖို့အတွက် စီစဉ်ပေးထားပါတယ်။ Screenshot လုပ်ဖို့အတွက် hot key တွေကိုလည်း သတ်မှတ်ထားနိုင်မှာဖြစ်ပြီး Image editor ကိုပါ ထည့်သွင်းပေးထားပါတယ်။

Share X ကို ဒီနေရာကနေ ရယူနိုင်ပါတယ်။







Ref: makeuseof
Credit-internetjournal.media
www.nyilattun.com

Windows Software နဲ့ App တွေနေရာမှာ အစားထိုး သုံးစွဲနိုင်တဲ့ Program (၅) မျိုး Reviewed by ညီလတ်ထွန်း(နည်းပညာ) on 7:44 AM Rating: 5 Google Chrome > Microsoft EDGE EDGE ကတော့ Microsoft Windows 10 မှာ ပါဝင်လာတဲ့ browser တစ်ခုဖြစ်ပါတယ်။ EDGE browser ဟာ နောက်ပို...

No comments: