Windows OS ကို နန်းချတော့မယ့် Android - ညီလတ်ထွန်း(နည်းပညာ)

728x90 AdSpace

Trending

Windows OS ကို နန်းချတော့မယ့် Android

ကမ္ဘာ့ လူသုံးအများဆုံး Windows OS ကို နန်းချတော့မယ့် OS တစ်ခု ပေါ်လာတော့မှာဖြစ်ပါတယ်။ အဲဒါကတော့ Android OS ပဲ ဖြစ်ပါတယ်။ အွန်လိုင်း ခွဲခြမ်းစိတ်ဖြာတဲ့ကုမ္ပဏီ တစ်ခု ဖြစ်တဲ့ StatCounter က ပြီးခဲ့တဲ့လမှာ Android ကို အသုံးပြုတဲ့ အရေအတွက်ဟာ ၀င်းဒိုးရဲ့ ဈေးကွက်ဝေစုနဲ့ အလွန်နီးကပ်လာတာကို တွေ့မြင်ခဲ့ကြရပါတယ်။

Google ရဲ့ Mobile OS ကနေ အင်တာနက် အသုံးပြုတဲ့ ပမာဏဟာ ယခုနှစ် ဖေဖော်ဝါရီလမှာ ၃၇.၄ ရာခိုင်နှုန်း ရှိခဲ့ပြီး ၀င်းဒိုးကတော့ ၃၈.၆ ရာခိုင်နှုန်း ရှိခဲ့ပါတယ်။ Apple ရဲ့ iOS ကတော့ ၁၂.၉၉ ရာခိုင်နှုန်းဖြင့် တတိယနေရာကနေ ရပ်တည်နေပါတယ်။ StatCounter ဟာ အင်တာနက် အသုံးပြုတဲ့ Device များကို အခြေခံ၍ OS ဈေးကွက်ဝေစုကို တွက်ချက်ခဲ့တာ ဖြစ်ပြီး ရောင်းချရတဲ့ Devices အပေါ် အခြေခံ၍ တွက်ချက်တာ မဟုတ်ပါဘူး။
“ လွန်ခဲ့တဲ့ ၅ နှစ်ကတော့ Android ဟာ ၀င်းဒိုးကို အမှီလိုက်နိုင်မယ်လို့ မထင်ခဲ့ကြပါဘူး။ “ လို့ StatCounter ရဲ့ စီအီးအိုဖြစ်သူ Aodhan Cullen က ပြောပါတယ်။ Android ဟာ ဖွံ့ဖြိုးဆဲနိုင်ငံများမှာ အလွန် အောင်မြင်နေပြီး မိုဘိုင်းနဲ့ တက်ဘလက်ရောင်းအားများ ကောင်းနေခြင်းဟာ Android ရဲ့ ဈေးကွက်ဝေစုကို တိုးတက်စေတာ ဖြစ်ပါတယ်။
Android ဟာ ဖွံ့ဖြိုးဆဲ နိုင်ငံများမှာ ၀င်းဒိုးရဲ့ ဈေးကွက်ဝေစုထက်တောင်များနေပြီး Android က ၅၁.၈ နဲ့ ၀င်းဒိုးက ၂၉.၈ ရာခိုင်နှုန်း ပိုင်ဆိုင်ကြပါတယ်။ မြောက်အမေရိကမှာတော့ ၀င်းဒိုးက ၄၀.၇ ၊ iOS က ၂၄.၉ နဲ့ Android က ၂၀.၃ ရာခိုင်နှုန်း ပိုင်ဆိုင်ထားပါတယ်။





ref : mashable
Via-digitaltimes.com.mm

Windows OS ကို နန်းချတော့မယ့် Android Reviewed by ညီလတ်ထွန်း(နည်းပညာ) on 7:05 AM Rating: 5   ကမ္ဘာ့ လူသုံးအများဆုံး Windows OS ကို နန်းချတော့မယ့် OS တစ်ခု ပေါ်လာတော့မှာဖြစ်ပါတယ်။ အဲဒါကတော့ Android OS ပဲ ဖြစ်ပါတယ်။ အွန်လိုင်း ခွ...

No comments: