London Wearable Technology Show မှ အကောင်းဆုံး Gadgets ၅ ခု - ညီလတ်ထွန်း(နည်းပညာ)

728x90 AdSpace

Trending

London Wearable Technology Show မှ အကောင်းဆုံး Gadgets ၅ ခု

ဖေဖော်ဝါရီလမှာ ကျင်းပခဲ့တဲ့ Mobile World Congress မှာ ချပ်ဝတ်တန်ကွန်ပြူတာများကို အနည်းငယ်သာ တွေ့ခဲ့ကြရပါတယ်။ မတ်လမှာ ကျင်းပတဲ့ London Wearable Technology Show မှာတော့ ထူးခြားဆန်းသစ်ပြီး တစ်ခါမှ မမြင်ဖူးတဲ့ အရာများကို တွေ့ခဲ့ကြရပါတယ်။ အဲဒီအထဲက အကောင်းဆုံး ချပ်ဝတ်တန်ဆာ ကွန်ပြူတာ ၅ ခုကို ဖော်ပြလိုက်ပါတယ်။

Hushme

သင်ဖုန်းပြောတဲ့ စကားများကို အနီးအနားမှ လူများ မကြားစေချင်ရင် Hushme ကို ဆောင်ထားပါ။ သူက Bluetooth မှတစ်ဆင့် စမတ်ဖုန်းနဲ့ ချိတ်ဆက်နိုင်ပြီး စမတ်ဖုန်းမှ သီချင်းများကို နားထောင်ဖို့ အတွက် Earbuds တစ်စုံပါပါတယ်။ ထူးခြားတာက သူ့မှာ စပီကာပါတဲ့ Mask တစ်ခု ပါရှိတာပါ။ သင်ဖုန်းပြောတဲ့အခါမှာ Mask ကို ပါးစပ်မှာ ပိတ်ထားရမှာ ဖြစ်ပါတယ်။ အနီးအနားမှ လူများက သင့် ပြောစကားများကို ကြားရမှာ မဟုတ်ဘဲ ရေလှိုင်းသံများ၊ မိုးရွာသံများ ၊ တိရိစ္ဆာန်များရဲ့ အသံများကိုသာ ကြားရမှာပါ။ သူ့ကို ထုတ်လုပ်ရောင်းချဖို့ မေလမှာ Kickstarter ၀က်ဆိုက်ကနေ ရန်ပုံငွေ ကောက်ခံမှာ ဖြစ်ပြီး ဒေါ်လာ ၁၅၀ ရန်ပုံငွေ ထည့်ဝင်ထားသူများက ရောင်းချချိန်မှာ တစ်ခု ရရှိမှာပါ။ ယခုနှစ်ကုန်မှာ သူ့ကို စတင် ထုတ်လုပ်မှာ ဖြစ်ပါတယ်။
Helios Smart Ring

ဗီတာမင် ဒီ ဟာ လူတွေရဲ့ ကျန်းမာရေးအတွက် မရှိမဖြစ် လိုအပ်ပါတယ်။ လိုအပ်တဲ့ ဗီတာမင် ပမာဏကို ခန္တာကိုယ်က ရရှိရဲ့လားဆိုတာကို သိဖို့ အရေးကြီးပါတယ်။ Helios ဟာ ဗီတာမင် ဒီကို တိုင်းတာပေးတဲ့ ပထမဆုံး ချပ်ဝတ်တန်ဆာ ကွန်ပြူတာ ဖြစ်ပြီး လက်စွပ်လို ၀တ်ဆင်ထားရမှာပါ။ သူက တစ်နေ့တာအတွက် ဗီတာမင် ဒီ ရရှိမှု အခြေအနေ၊ နေရောင်ခြည် ထိတဲ့ အချိန်များနဲ့ ရရှိသင့်တဲ့ ဗီတာမင် ဒီ ပမာဏကို ပြသပေးထားပါတယ်။ ဒါ့အပြင် အသုံးပြုသင့်တဲ့ နေရောင်ခြည်ခံ ခရင်မ် အမျိုးအစားကို အကြံပြုပေးပါတယ်။ လက်စွပ်ဟာ အနည်းငယ် ကြီးမားပေမယ့် အရောင်မျိုးစုံ ထုတ်လုပ်ပေးထားပါတယ်။ ၄ နာရီ အားသွင်းထားရင် ၃ ရက် အသုံးခံပါတယ်။ သူ့ကို ထုတ်လုပ်ရောင်းချဖို့ Indiegogo ၀က်ဆိုက်မှာ ရန်ပုံငွေ ကောက်ခံနေပြီး ဒေါ်လာ ၁၂၀ ရန်ပုံငွေ ထည့်ဝင်ထားရင် ရောင်းချမယ့် မေလမှာ တစ်ခု ရရှိမှာပါ။
Sunnycam Action Cam Sunglasses

Sunnycam ဟာ ဗီဒီယို ရိုက်ကူးနိုင်တဲ့ နေကာမျက်မှန်များကို ထုတ်လုပ်ရောင်းချနေပါတယ်။ အခုလည်း ၀ိုင်ဖိုင် စွမ်းရည်ပါတဲ့ Sport Edition Sunglasses မော်ဒယ် အသစ်ကို မိတ်ဆက်လိုက်ပါတယ်။ နေကာမျက်မှန်ရဲ့ ကင်မရာက Full HD Video များကို ၁ နာရီကြာ ရိုက်ကူးပေးနိုင်ပါတယ်။ ဒီထက်ပို ရိုက်ကူးချင်ရင် Battery Pack နဲ့ တွဲဖက် အသုံးပြုနိုင်ပါတယ်။ ၀ိုင်ဖိုင်မော်ဒယ်မှာ ဗီဒီယိုများကို မျှဝေဖို့ ပိုမိုလွယ်ကူလာတဲ့ အပြင် တီထွင်သူများက ဗီဒီယို ရိုက်ကူးနေစဉ် ဓါတ်ပုံရိုက်ကူးနိုင်တဲ့ စွမ်းရည်ကို ထည့်သွင်းဖို့ ကြိုးစားနေပါတယ်။ ဒေါ်လာ ၂၂၀ ဖြင့် ရောင်းချပေးမှာပါ။
Portable Air Purifier

လေကောင်းလေသန့်များကို ရှူရှိုက်ချင်ရင်တော့ Portable Air Purifier ကို လည်ပင်းမှာ ၀တ်ဆင်ထားပါ။ သူ့ကို အဆောက်အဦးများအတွက် လေသန့်စက်များကို ထုတ်လုပ်ပေးနေတဲ့ ကုမ္ပဏီက ဖန်တီးထားတာပါ။ သူ့ရဲ့ ဘက်ထရီက နာရီ ၃၀ ကြာ လေသန့်စင်ပေးနိုင်ပါတယ်။ ရုံးခန်းများ သာမက အများပြည်သူများ ရှိတဲ့ နေရာများမှာလည်း အသုံးပြုနိုင်ပါတယ်။ ဧပြီလမှာ ဒေါ်လာ ၂၄၀ ဖြင့် ရောင်းချမှာပါ။
Hideez 2

Hideez က သော့ချိတ်မှာ တပ်ဆင်နိုင်တဲ့ Password Manager ငယ်လေးကို ရောင်းချခဲ့ပြီးပါပြီ။ အခုတော့ Modular Design ဖြစ်တဲ့ မော်ဒယ် အသစ်ကို မိတ်ဆက်လိုက်ပါတယ်။ Hideez 2 ကို လက်ပတ် အဖြစ် ၀တ်ဆင်နိုင်သလို သော့ချိတ်နဲ့ ခါးပတ်မှာ တပ်ဆင်ထားနိုင်ပါတယ်။ ဆွဲသီး အဖြစ်လည်း သုံးနိုင်ပါတယ်။ သူက ၀က်ဆိုက်များမှ သင့်ရဲ့ Passwords များကို သိမ်းဆည်းပေးနိုင်ပါတယ်။ သူ့ကို စမတ်ဖုန်း၊ လက်တော့များဖြင့် Bluetooth ကနေ ချိတ်ဆက်နိုင်ပြီး ၀က်ဆိုက်များကို Login ၀င်တဲ့ အခါနဲ့ ကွန်ပြူတာကို Login ၀င်တဲ့အခါမှာ သူ့ကို Authenticator အဖြစ် အသုံးပြုနိုင်ပါတယ်။ သူ့မှာ ပိုင်ရှင်ရဲ့ မျက်စိကို အာရုံခံနိုင်တဲ့ စွမ်းရည် ပါပါတယ်။ လက်ပတ်လို ၀တ်ဆင်တဲ့အခါမှာ ချွတ်လိုက်တာနဲ့ Lock လုပ်ပေးမှာပါ။ မတ်လမှာ ၆၅ ဒေါ်လာဖြင့် ရောင်းချမှာပါ။



Click here to download






ref : digital trends
VIA- digitaltimes.com.mm/
www.nyilattun.com

London Wearable Technology Show မှ အကောင်းဆုံး Gadgets ၅ ခု Reviewed by ညီလတ်ထွန်း(နည်းပညာ) on 2:11 AM Rating: 5 ဖေဖော်ဝါရီလမှာ ကျင်းပခဲ့တဲ့ Mobile World Congress မှာ ချပ်ဝတ်တန်ကွန်ပြူတာများကို အနည်းငယ်သာ တွေ့ခဲ့ကြရပါတယ်။ မတ်လမှာ ကျင်းပတဲ့ London W...

No comments: