Huawei P9 နဲ့ P9 Lite တို့ဟာ အလွန်ကောင်းတဲ့ စမတ်ဖုန်းများ ဖြစ်ပါတယ်။
ဒါပေမယ့်လည်း အခြား စမတ်ဖုန်းများမှာလို သူတို့မှာလည်း ပြဿနာ အနည်းငယ်
ရှိကြပါတယ်။ အဲဒီ စမတ်ဖုန်းများ ကိုင်ဆောင်သူများအတွက် ပြဿနာနဲ့
ဖြေရှင်းနည်းများကို ဖော်ပြလိုက်ပါတယ်။

P9 နဲ့ P9 Lite ပိုင်ရှင်အချို့က Push Notification စွမ်းဆောင်ချက် ကောင်းစွာ အလုပ်မလုပ်တဲ့ အကြောင်းကို ပြောကြပါတယ်။ အထူးသဖြင့် Email နဲ့ Messenger Apps များအတွက် Push Notifications များ မပြသကြဘူးလို့ သိရပါတယ်။ အဲဒီ ပြဿနာဟာ Huawei Software Interface နဲ့ Android 6.0 Doze Mode တို့ ပေါင်းစပ်မှုမှ ထွက်ပေါ်လာတဲ့ Error ဖြစ်ပါတယ်။ ဒီပြဿနာကို ဖြေရှင်းဖို့အတွက် Settings အချို့ကို ပြောင်းလဲရမှာ ဖြစ်ပါတယ်။
Settings> Advanced Settings ထဲက Battery Manager ထဲသွားပါ။ Protected Apps ကနေ Doze Mode က ကိုင်တွယ်ခြင်း မရှိတဲ့ App များကို သတ်မှတ်ပါ။ ပြဿနာ ဖြစ်နေတဲ့ Apps များကို သတ်မှတ်ပေးရမှာပါ။ နောက်ပြီး Power Saving Mode ကိုလည်း Performance ကို ရွေးချယ်ပေးပါ။ ဒါဆိုရင် ပြဿနာ ပြေလည်သွားမှာပါ။ တကယ်လို့ ပြဿနာ မပြေလည်သေးရင် Settings> Apps > Advanced > Ignore Optimizations ထဲသွားပါ။ စကရင်ရဲ့ ထိပ်မှာ Allowed ကို ရိုက်ပြီး All ကို နှိပ်ပါ။ ပြဿနာရှိနေတဲ့ App ကို ရှာပီး ရွေးချယ်ပေးပါ။ ပြီးရင် Allow ကို ရွေးပေးပါ။
Alternative Launcher

Huawei ရဲ့ Launcher ကို မနှစ်သက်ဘဲ အခြား Launcher များကို အသုံးပြုချင်သူများအတွက် Launcher အသစ်ကို အင်စတောလုပ်ပြီးတဲ့အခါမှာ Home Button ကို နှိပ်၍ Launcher ကို ရွေးချယ်နိုင်ပါတယ်။ ဒါပေမယ့် P9 စမတ်ဖုန်းများမှာတော့ အဲဒီလို လုပ်လို့ မရဘဲ Settings ထဲမှာ Launcher အသစ်ကို Enable လုပ်ပေးရမှာပါ။ Settings> Apps > Advanced > Default App Settings> Overview ထဲသွားပြီး အင်စတောလုပ်ထားတဲ့ Launcher ကို ရွေးပေးပါ။
Touchscreen ရဲ့ တုန့်ပြန်မှု မကောင်းခြင်း
P9 ပိုင်ရှင် အချို့က ထိတွေ့မျက်နှာပြင် တုန့်ပြန်မှု မကောင်းတဲ့ အကြောင်းကို ပြောကြပါတယ်။ မျက်နှာပြင်ကို အားပါပါနဲ့ ထိတွေ့မှသာ အဆင်ပြေတယ်လို့ ပြောပါတယ်။ အဲဒီ ပြဿနာရဲ့ အရင်းအမြစ်ကိုတော့ မသိရှိပါဘူး။ ဒါပေမယ့် User အချို့က Software Update ပြုလုပ်လိုက်ရင် အဆင်ပြေသွားတယ်လို့ ပြောပါတယ်။ အချို့ကတော့ Factory Reset လုပ်လိုက်ရင် အိုကေ သွားတယ်လို့ ပြောပါတယ်။ အဲဒီ ပြဿနာဟာ ဆော့ဖ်ဝဲကြောင့် ဖြစ်နိုင်ပါတယ်။ Huawei က အဲဒီ ပြဿနာနဲ့ ပတ်သက်ပြီး တစ်ခုခုလုပ်ဖို့ လိုအပ်နေပါတယ်။
Auto-Rotate အလုပ်မလုပ်ခြင်း

Auto-Rotate အလုပ် မလုပ်တဲ့ အခါမှာ Settings> Display > Auto-Rotate ထဲမှာ Activate လုပ်ထားသလားဆိုတာ အရင်ဆုံး စစ်ဆေးပါ။ တစ်ခုမှတ်ထားရမှာက Auto-Rotate ကို Apps အားလုံးက ထောက်ပံ့ခြင်း မရှိပါဘူး။ Auto-Rotate ကို ဖွင့်ထားတာတောင် အလုပ်မလုပ်သေးရင် ဖုန်းကို Restart လုပ်ပါ။ ဒီလိုလုပ်တာတောင် အဆင်မပြေသေးရင် Hardware Reset လုပ်ပါ။ ( ဒေတာများကို အရင် သိမ်းဆည်းဖို့ မမေ့ပါနဲ့။ )
စကရင် အနက်ရောင် ပြောင်းခြင်း

Users များက အချို့ Apps များဖွင့်ရင် စကရင်က အနက်ရောင်ပြောင်းသွားတယ်လို့ ပြောပါတယ်။ ဒါဟာ နောက်ကွယ်မှာ Apps များစွာ အလုပ်လုပ်နေလို့ ဖြစ်ပါတယ်။ ဒီပြဿနာကို Restart လုပ်ပြီး ဖြေရှင်းနိုင်ပါတယ်။ ဒီလိုလုပ်လို့ အဆင်မပြေသေးရင် Phone Manager ထဲသွားပြီး Cache ကို ရှင်းခြင်း၊ အသုံးမပြုတဲ့ Apps များကို ပိတ်ခြင်းများကို ပြုလုပ်ပါ။
ကင်မရာ
P9 စမတ်ဖုန်းများရဲ့ အဓိက စွဲဆောင်မှုက ကင်မရာပါ။ User အချို့က Photo နဲ့ Video Mode များကို ပြောင်းလို့ မရဘူးလို့ ပြောကြပါတယ်။ ဒီလိုဖြစ်ရင် Settings> Apps > Camera > Memory ထဲသွားပြီး Cache နဲ့ ဒေတာများကို ရှင်းပစ်ပါ။ ဒီလိုလုပ်လို့မှ ပြဿနာ မပြေလည်သေးရင် အခြား Camera App များကို သုံးပါ။
Click here to download
ref : androidpit
Credit-digitaltimes အဆင်ပြေပါစေ။
အားလုံးကိုခင်မင်လျှက်
Admin@ညီလတ်ထွန်း
Credit-digitaltimes အဆင်ပြေပါစေ။
အားလုံးကိုခင်မင်လျှက်
Admin@ညီလတ်ထွန်း
No comments: