Facebook page တွေနဲ့ group တွေအပြင်
ကိုယ့်ရဲ့ timeline ပေါ်မှာပါ Live လွှင့်ချင်တယ်ဆိုရင် streaming live
လွှင့်နိုင်တဲ့ ဆော့ဖ်ဝဲတွေ အများကြီးရှိပါတယ်။ HopLive လိုမျိုး streaming
live လွှင့်နိုင်တဲ့ ဆော့ဖ်ဝဲတွေ ရှိသလို OBS, Xsplit လို ဆော့ဖ်ဝဲတွေလည်း
ရှိပါတယ်။ ဒီထဲက အလွယ်ကူဆုံးနဲ့ ဖိုင်အရွယ်အစားသေးပြီး
လွယ်ကူစွာလွှင့်နိုင်တဲ့ ဆော့ဖ်ဝဲကတော့ HopLive ပဲဖြစ်ပါတယ်။
HopLive ကိုအောက်က ဒေါင်းလော့ လင့်မှာရယူလိုက်ပါ။ ပြီးရင် install လုပ်ရပါမယ်။ Install လုပ်ပြီးရင် HopLive ကို Facebook မှာ Live လွှင့်နိုင်ဖို့အတွက် Facebook account နဲ့ Hoplive ဆော့ဖ်ဝဲကို ချိတ်ဆက်ပါ။
HopLive ဆော့ဖ်ဝဲကို ဖွင့်ထားပြီးရင် အပေါ်ဆုံးမှာ ကိုယ့်ရဲ့ Facebook personal account နဲ့ page တွေမှာ live လွှင့်မှာလား ဒါမှမဟုတ် group ထဲမှာလွှင့်မှာလားဆိုတာကို ရွေးချယ်ရပါမယ်။ ဒုတိယအနေနဲ့ resolution ကို ရွေးချယ်ပေးရပါမယ်။

တကယ်လို့ DSLR ကင်မရာတွေနဲ့ ချိတ်ဆက်မယ်ဆိုရင် settings ကိုနှိပ်ပြီး camera ကိုချိတ်ဆက်ပါ။ ပြီးရင် save ကို နှိပ်ရပါမယ်။

ဒါဆိုရင် Live လွှင့်ဖို့ အဆင်သင့်အနေအထားဖြစ်နေပါပြီ။ Go Live on Facebook ဆိုတာကို နှိပ်ပြီး Live လွှင့်တဲ့လုပ်ငန်းစဉ်ကို စတင်လုပ်ဆောင်နိုင်ပါပြီ။
ဒီနေရာမှာ ကင်မရာနဲ့ မချိတ်ဆက်ထားဘူးဆိုရင် ကွန်ပျူတာ screen မှာ ပြုလုပ်သမျှအရာအားလုံးကို screen record အနေနဲ့ live လွှင့်ပေးနေပါလိမ့်မယ်။ Stream ကိုချိတ်ဆက်ပြီး Dota 2, Counter Strike အစရှိတဲ့ ဂိမ်းတွေကို ကစားနေသူအနေနဲ့ Go Live on Facebook ကို နှိပ်လိုက်ပြီး Stream ထဲက သက်ဆိုင်ရာဂိမ်းထဲကို ဝင်နေတယ်ဆိုရင် ဂိမ်းကစားပွဲတွေကိုပါ Facebook ပေါ် တိုက်ရိုက်ထုတ်လွှင့်ပေးနေပါလိမ့်မယ်။

Click here to download
အဆင်ပြေပါစေ။
အားလုံးကိုခင်မင်လျှက်
Admin@ညီလတ်ထွန်း
အားလုံးကိုခင်မင်လျှက်
Admin@ညီလတ်ထွန်း
No comments: