GmailAndroid App ကနေငွေပို့နိုင်ပြီ - ညီလတ်ထွန်း(နည်းပညာ)

728x90 AdSpace

Trending

GmailAndroid App ကနေငွေပို့နိုင်ပြီ

Google ဟာသူရဲ့ Google Wallet ကို( ၂ဝ၁၃ ) ခုနှစ်ကတည်းက မိတ်ဆက်ခဲ့ပေမယ့်အသုံးများတဲ့လမ်းကိုရောက်ဖို့ ဆက်ကြိုးစားနေရတုန်းပါ။ ဒီနေ့ကစပြီး အင်းဒရိုက်ဖုန်းသုံးသူတွေရဲ့ Gmail App မှာတင် ငွေပို့တာ - Send Money ၊ ငွေတောင်းခံတာ - Request Money တွေကို ဖုန်းမျက်နှာပြင်ကို နှိပ်ရုံနဲ့ခိုင်းစေနိုင်တော့မယ်လို့ သိရပါတယ်။
ဖုန်းမှာဖွင့်ထားတဲ့ Gmail ရဲ့ ညာဘက်ထိပ်မှာကလစ်ပုံကလေး - Attach File ခလုပ်လေးကို နှိပ်လိုက်ရင် ငွေပို့မလား? ငွေတောင်းမလား? ရွေးချယ်နိုင် ပါတယ်။ ပေါ်လာတဲ့ဝင်းဒိုးကနေ ပို့ချင်တဲ့ငွေပမာဏနဲ့ မှတ်ချက်တစ်ခုရေးသွင်းပြီးပို့ရင် အောင်မြင်ပါပြီ။
အရင်ကလို Google ရဲ့ငွေပေးစံနစ်ကိုသုံးဖို့ Google Wallet သွင်းစရာ မလိုတော့တဲ့အပြင် ပို့သူနဲ့ လက်ခံသူရဲ့ ဘဏ်အကောင့်တွေကို အလွယ်တကူချိတ်ဆက်ထားတာဖြစ်လို့ ကိစ္စအားလုံးအဆင်ချောစေပါတယ်။
လက်ရှိအောင်မြင်နေတဲ့ အွန်လိုင်းငွေပေးချေမှုတွေဖြစ်တဲ့ PayPal ၊ Venmoနဲ့ Square Cash တို့ကို ပြိုင်ဆိုင်ဖို့ Gmail ရဲ့ ကြိုးစားမှုဟာ အီးမေးကိုသုံးတာဖြစ်လို့ အုပ်စုလိုက်ခရီးထွက်ကြတာ၊ အမျိုးတွေစုပြီး ကုန်ကျစားရိတ်တစ်ခုကိုမျှခံကြတာ စတဲ့နေရာတွေမှာ အားသာချက် ရှိပါတယ်။
သို့ပေမယ့် ဒီလိုကွန်ယက်တွေကနေငွေပို့ချင်တာ Google ကုမ္ပဏီ တစ်ခုတည်းမဟုတ်ပါဘူး။ Snapchatရဲ့ Snapcash ၊ Facebook ရဲ့ Messenger ငွေပို့စံနစ်တို့ဟာလည်း အွန်လိုင်းမှာ အများနဲ့ဆုံရင်း ငွေပေးလို့ရအောင်လုပ်ပေးထားပါတယ်။ သူတို့အားလုံးကို ကျော်ပြီးကမ္ဘာ့အရှေ့ဘက်ခြမ်းမှာWeChat က မထင်မှတ်ပဲဗိုလ်ဆွဲခဲ့တယ်။
အမှန်က Gmail ဟာစာတိုပို့တဲ့ Messaging App မဟုတ်ပါဘူး။ ဒါပေမယ့် Gmail ဟာဈေးကွက်ထဲမှာ နာမည်အကြီးဆုံး အီးမေးဆောင်ရွက် ချက်တစ်ခုပါ။ တစ်ဆက်တည်းနည်းပညာရဲ့ လငပုတ်ဖမ်းမိနေတဲ့ အီးမေးလ်သမားတွေဖြစ်တဲ့ Yahoo ၊ Microsoft နဲ့ AOL တို့ထက် ရှေ့တန်းရောက်အောင်ကြိုးပမ်းမှုတစ်ခုလို့ မြင်မိပါကြောင်း။




Click here to download






Credit-ကိုညီညီ ( တောင်ကြီး )
NetGuide Journal (Every Wednesday) 
www.nyilattun.com

GmailAndroid App ကနေငွေပို့နိုင်ပြီ Reviewed by ညီလတ်ထွန်း(နည်းပညာ) on 10:59 AM Rating: 5 Google ဟာသူရဲ့ Google Wallet ကို( ၂ဝ၁၃ ) ခုနှစ်ကတည်းက မိတ်ဆက်ခဲ့ပေမယ့်အသုံးများတဲ့လမ်းကိုရောက်ဖို့ ဆက်ကြိုးစားနေရတုန်းပါ။ ဒီနေ့ကစပြီး အ...

No comments: