Firefox browser မှာ ကိုယ်ရေး အချက်အလက် လုံခြုံအောင် ဘယ်လိုလုပ်မလဲ - ညီလတ်ထွန်း(နည်းပညာ)

728x90 AdSpace

Trending

Firefox browser မှာ ကိုယ်ရေး အချက်အလက် လုံခြုံအောင် ဘယ်လိုလုပ်မလဲ

Firefox browser သုံးစွဲသူတွေရဲ့ ကိုယ်ရေး အချက်အလက်တွေကို လုံခြုံစိတ်ချဖို့အတွက် ကိုယ်အသုံးပြုတဲ့ ဝက်ဘ်ဆိုက်တွေမှာ အချက်အလက်တွေ ကျန်ရှိခဲ့ခြင်း မရှိအောင် privacy ကို ဂရုပြုသင့်ပါတယ်။ Mozilla Firefox browser မှာ privacy ပိုင်းအတွက် Privacy Settings ဆိုတဲ့ add-on ကို သုံးစွဲနိုင်ပါတယ်။
Privacy Settings ဆိုတဲ့ add-on ဟာ Firefox browser ရဲ့ privacy setting တွေကို toolbar ပေါ်မှာတင် ပြင်ဆင်နိုင်အာင် လုပ်ထားတဲ့ extension တစ်ခုလည်းဖြစ်ပါတယ်။ Firefox browser အတွင်းမှာ ပါဝင်တဲ့ built-in privacy setting တွေကို ကလစ်နှိပ်ပြီး အလွယ်တကူနဲ့ ပြင်ဆင်ထိန်းချုပ်နိုင်ဖို့ အတွက် လုပ်ထားတာဖြစ်ပါတယ်။
Privacy Settings ကို ထည့်သွင်း အသုံးပြုချင်သူတွေအတွက် ဒီနေရာကနေ (https://addons.mozilla.org/e…/firefox/addon/privacy-settings) extension ရှိတဲ့ ဝက်ဘ်ဆိုက်ကို သွားပါ။ ပြီးရင် Add to Firefox ဆိုတဲ့ ခလုတ်ကို နှိပ်ရပါမယ်။
Download လုပ်ပြီး extension ကို ထည့်ပြီးပြီဆိုရင် Firefox browser ရဲ့ toolbar ညာဘက်ထောင့် အပေါ်နားလေးမှာ Privacy Settings ဆိုတဲ့ icon ကိုတွေ့ရပါလိမ့်မယ်။ အဆိုပါ icon ကို နှိပ်ပြီး Firefox browser ရဲ့ privacy settings ကို ချိန်ညှိနိုင်ပါတယ်။




Click here to download






Tags: Web
via:internetjournal.media
www.nyilattun.com

Firefox browser မှာ ကိုယ်ရေး အချက်အလက် လုံခြုံအောင် ဘယ်လိုလုပ်မလဲ Reviewed by ညီလတ်ထွန်း(နည်းပညာ) on 8:58 PM Rating: 5 Firefox browser သုံးစွဲသူတွေရဲ့ ကိုယ်ရေး အချက်အလက်တွေကို လုံခြုံစိတ်ချဖို့အတွက် ကိုယ်အသုံးပြုတဲ့ ဝက်ဘ်ဆိုက်တွေမှာ အချက်အလက်တွေ ကျန်ရ...

No comments: