Facebook Messenger အတွက် Tips & Tricks များ - ညီလတ်ထွန်း(နည်းပညာ)

728x90 AdSpace

Trending

Facebook Messenger အတွက် Tips & Tricks များ

Facebook Messenger ဟာ ကမ္ဘာမှာ လူသုံးအများဆုံး Messenger များထဲမှ တစ်ခု ဖြစ်ပါတယ်။ Facebook က သူ့ရဲ့ Messenger ကို သာမာန် Messenger တစ်ခုထက် စွမ်းရည်မြင့်မားအောင် အစဉ်အမြဲ ဖန်တီးနေပါတယ်။ အမေရိကန်မှာ ဆိုရင် Messenger ကနေ ငွေလွှဲခြင်း၊ ဈေးဝယ်ခြင်းနဲ့ Uber တက္ကစီကို ခေါ်ယူခြင်းများကိုတောင် ပြုလုပ်နိုင်ပါပြီ။ ကမ္ဘာအ၀န်းမှ လူများအတွက်လည်း Messenger မှာ အသုံးဝင်တဲ့ လျှို့ဝှက်စွမ်းဆောင်ချက်များကို ထည့်သွင်းပေးထားပါတယ်။ အဲဒီလို လူသိပ်မသိတဲ့ စွမ်းဆောင်ချက်များထဲမှ ကောင်းနိုးရာရာများကို ဖော်ပြပေးလိုက်ပါတယ်။

၁။ Messenger Website

ကွန်ပြူတာကို အလုပ်အတွက် တစ်နေ့လုံး အသုံးပြုရတဲ့ လူများအတွက် ဖုန်းကနေ Facebook Messenger ကို သုံးရတာ အလုပ်ရှုပ်စေပါတယ်။ Facebook.com ကနေ Messenger ကို အသုံးပြုနိုင်ပေမယ့် ဖန်ရှင်များဟာ Mobile App လောက် မပြည့်စုံပါဘူး။ အဲဒီအတွက် Facebook က စွမ်းရည်ပြည့်ဝတဲ့ Messenger Web App ကို ဖန်တီးပေးထားပါတယ်။ သူ့ကို Messenger.com ကနေ အသုံးပြုနိုင်ပါတယ်။
၂။ ဘတ်စကတ်ဘော ဂိမ်း ကစားပါ။
Facebook Messenger မှာ ဘတ်စကတ်ဘော ဂိမ်းတစ်ခုကို ကစားနိုင်ပြီး အဲဒါကို လူတွေ သိပ်မသိကြပါဘူး။ သင့် သူငယ်ချင်းထံ ဘတ်စကတ်ဘော Emoji ကို ပေးပို့ပြီး တစ်ချက်နှိပ်လိုက်တာနဲ့ ဘတ်စကတ်ဘော ဂိမ်းကို သူငယ်ချင်းနဲ့ ကစားနိုင်မှာ ဖြစ်ပါတယ်။
၃။ Shortcut များ ပြုလုပ်ပါ။

အရေးကြီး အဆက်အသွယ်များကို လျှင်မြန်စွာ စာပို့နိုင်ဖို့အတွက် Home Screen မှာ Shortcut များ ပြုလုပ်ထားနိုင်ပါတယ်။ Home Tab ထဲမှ Conversation တစ်ခုကို ဖိထားပြီး Create Shortcut ကို နှိပ်ပါ။
၎။ ၁၅ စက္ကန့်ကြာတဲ့ ဗီဒီယိုများ ပေးပို့ပါ။

သူငယ်ချင်းများနဲ့ စာပို့ ဆက်သွယ်ရတာ လူချင်းတွေ့ပြီး စကားပြောရတာလောက် ပျော်ဖို့ မကောင်းပါဘူး။ အဲဒီအတွက် Facebook Messenger မှာ ၁၅ စက္ကန့်အထိ ကြာတဲ့ ဗီဒီယိုများကို ရိုက်ကူး ပေးပို့နိုင်ပါတယ်။ Conversation တစ်ခုမှာ ကင်မရာ အိုင်ကွန်ကို နှိပ်ပါ။ အောက်ခြေမှ စက်ဝိုင်းပုံ Shutter Button ကို ဖိထားရင် ဗီဒီယို ရိုက်ကူးပေးမှာပါ။ ဖိထားတာကို လွှတ်လိုက်တာနဲ့ သူငယ်ချင်းထံ ပေးပို့ပေးမှာ ဖြစ်ပါတယ်။
၅။ Secret Conversation များကို အသုံးပြုပါ။

Facebook က Encrypted လုပ်ထားတဲ့ Secret Conversation စွမ်းဆောင်ချက်ကို ထည့်သွင်းပေးထားပါတယ်။ သင်နဲ့ သင့် သူငယ်ချင်းတစ်ယောက် ပေးပို့ထားတဲ့ အရာများအားလုံးကို ဟက်ကာများ၊ အစိုးရများက ကြားဖြတ် ခိုးယူလို့ မရနိုင်တဲ့ လုံခြုံရေး စွမ်းဆောင်ချက် ဖြစ်ပါတယ်။ Conversation တစ်ခုရဲ့ ညာဘက်အပေါ်ထောင့်မှ အိုင်ကွန်ကို နှိပ်ပါ။ Secret Conversation ကို နှိပ်ပါ။ ဒါဆိုရင် ဒီစွမ်းဆောင်ချက်ကို စတင် အသုံးပြုနိုင်ပါပြီ။ အဲဒီအထဲမှာ သင်ပေးပို့တဲ့ အရာများကို အလိုအလျှောက် ဖျက်ဆီးပေးမယ့် အချိန်ကို သတ်မှတ်နိုင်ပါတယ်။ အဲဒီလို သတ်မှတ်ဖို့ အောက်ခြေမှ နာရီပုံ အိုင်ကွန်ကို နှိပ်ရမှာ ဖြစ်ပါတယ်။ Secret Conversation ကို Web Apps များမှာ အသုံးပြုလို့ မရပါဘူး။
၆။ Message ကို တစ်ချက်နှိပ်၍ Status ကို ကြည့်ပါ။

သင် ပေးပို့လိုက်တဲ့ Message တစ်ခုကို တစ်ဖက်လူက မြင်တွေ့တဲ့ အချိန်ကို သိချင်ရင် Message ရဲ့ Status ကို ကြည့်နိုင်ပါတယ်။ Message ရဲ့ Status ကို သိနိုင်ဖို့အတွက် အဲဒီ Message ကို တစ်ချက်နှိပ်ပါ။ ဒါဆိုရင် တစ်ဖက်လူက သင့်ရဲ့ Message ကို မြင်တဲ့အချိန်ကို ပြသပေးမှာ ဖြစ်ပါတယ်။
၇။ Conversation တစ်ခုအတွက် Emoji နဲ့ Nickname များ သတ်မှတ်ပါ။

Messenger မှာ Conversation တစ်ခုအတွက် Emoji နဲ့ Nickname များ သတ်မှတ်နိုင်ပါတယ်။ ဒီလို လုပ်ဖို့အတွက် Conversation တစ်ခုရဲ့ ညာဘက်အပေါ်ထောင့်မှ အိုင်ကွန်ကို နှိပ်ပါ။ Emoji နဲ့ Nickname ထဲကို သွားပြီး နှစ်သက်ရာများကို ပြောင်းလဲ သတ်မှတ်နိုင်ပါတယ်။
၈။ Facebook အကောင့်တစ်ခုထက်ပို၍ အသုံးပြုပါ။

Messenger မှာ Facebook အကောင့်တစ်ခုထက်ပို၍ အသုံးပြုနိုင်ပါတယ်။ Settings> Switch Account ထဲသွားပြီး ညာဘက်အပေါ်ထိပ်မှ + Button ကို နှိပ်ပါ။





ref : pc mag
Via- digitaltimes.com.mm
Facebook Messenger အတွက် Tips & Tricks များ Reviewed by ညီလတ်ထွန်း(နည်းပညာ) on 7:09 AM Rating: 5   Facebook Messenger ဟာ ကမ္ဘာမှာ လူသုံးအများဆုံး Messenger များထဲမှ တစ်ခု ဖြစ်ပါတယ်။ Facebook က သူ့ရဲ့ Messenger ကို သာမာန် Messenger တစ...

No comments: