ကိုယ်ကြိုက်တဲ့အသင်းရဲ့ ဘောလုံးပွဲစဉ်များကို ဖုန်း calendar ထဲ ဘယ်လို ထည့်ထားမလဲ - ညီလတ်ထွန်း(နည်းပညာ)

728x90 AdSpace

Trending

ကိုယ်ကြိုက်တဲ့အသင်းရဲ့ ဘောလုံးပွဲစဉ်များကို ဖုန်း calendar ထဲ ဘယ်လို ထည့်ထားမလဲ

Premier League ဘောလုံးပွဲစဉ်တွေ ဒါမှမဟုတ် ကိုယ်ကြိုက်နှစ်သက်တဲ့ ဘောလုံးအသင်းရဲ့ပွဲစဉ်နဲ့ ကစားမယ့်နေ့တွေကို ကိုယ့်ရဲ့ဖုန်း calendar ထဲမှာ ထည့်သွင်းအသုံးပြုချင်သူများအနေနဲ့ အောက်ပါနည်းလမ်းအတိုင်း ပြုလုပ်နိုင်ပါတယ်။
Premier League ပွဲစဉ် အကုန်လုံးကို Calendar ထဲမှာ ထည့်သွင်းထားချင်သူများအနေနဲ့ Premier League ဝက်ဘ်ဆိုက် ကို ဖုန်းထဲကနေ ဖွင့်ပါ။ ပြီးရင် Add Fixtures To Calendar ဆိုတဲ့ခလုတ်ကို နှိပ်ပြီး ပွဲစဉ်အကုန်လုံးကို ကိုယ့်ဖုန်းထဲက calendar ထဲကို ထည့်သွင်းနိုင်ပါတယ်။ ဒါကတော့ Premier League ပွဲစဉ်တွေ အကုန်လုံးကို ထည့်သွင်းတာဖြစ်ပါတယ်။ ကိုယ်အားပေးတဲ့ အသင်းရဲ့ ပွဲစဉ်တွေကို Calendar ကနေ ကြည့်ချင်တယ်ဆိုရင် အောက်မှာဖော်ပြထားတဲ့အတိုင်း ထည့်သွင်းနိုင်ပါတယ်။
Manchester United
Manchester United အသင်းကိုအားပေးသူများအနေနဲ့ ဒီဝက်ဘ်ဆိုက်လိပ်စာကို ဖုန်းထဲကနေ ဖွင့်ပါ။ ပြီးရင် register လုပ်ရပါမယ်။ Register လုပ်ပြီးရင် Add Man Utd Fixtures To Your Mobile & Desktop Calendar ဆိုတဲ့နေရာကိုနှိပ်ပြီး ထည့်သွင်းထားနိုင်ပါတယ်။


Arsenal
Arsenal အသင်းကို အားပေးသူများကတော့ ဒီဝက်ဘ်ဆိုက်လိပ်စာကို  ဖုန်းထဲကနေ ဖွင့်ရပါမယ်။ ပြီးရင် To Subscribe ဆိုတဲ့နေရာမှာ First Team Fixtures ဆိုတာကိုရွေးပြီး Accept and Download ဆိုတာကို နှိပ်ပါ။ Subscribe လုပ်မှာလားလို့မေးရင် OK ကို နှိပ်ပြီး Arsenal အသင်းရဲ့ ပွဲစဉ်တွေကို ဖုန်း calendar app ထဲမှာ ကြည့်ရှုနိုင်ပါတယ်။

Chelsea
Chelsea အသင်းကစားတဲ့ပွဲစဉ်တွေကိုသာ calendar ထဲ ထည့်သွင်းထားချင်သူများကတော့ ဒီဝက်ဘ်ဆိုက်လိပ်စာကို ဖုန်းထဲကနေ သွားပါ။ Mobile device ကိုယ်သုံးတဲ့ဖုန်းအမျိုးအစားက iOS ဆိုရင် iOS နဲ့ သက်ဆိုင်တဲ့ link မှာ နှိပ်ပါ။ Android ဆိုရင် Android နဲ့ သက်ဆိုင်တဲ့ link ကိုနှိပ်ပြီး ပွဲစဉ်တွေကို ထည့်သွင်းနိုင်ပါတယ်။

ဖော်ပြထားတဲ့အတိုင်း အခြား ကြိုက်နှစ်သက်တဲ့ အသင်းတွေကို ရှာဖွေပြီး ဖုန်း calendar ထဲ ပွဲစဉ်အချိန်စာရင်းတွေကိုထည့်သွင်းကာ ကြည့်ရှုနိုင်ပါတယ်။ Calendar အတွက် ပွဲစဉ် ပြုလုပ်ထားပေးခြင်းမရှိတဲ့ အခြားအသင်းများစွာလည်း ရှိတတ်ပါတယ်။





Click here to download






Credit-internetjournal
www.nyilattun.com

ကိုယ်ကြိုက်တဲ့အသင်းရဲ့ ဘောလုံးပွဲစဉ်များကို ဖုန်း calendar ထဲ ဘယ်လို ထည့်ထားမလဲ Reviewed by ညီလတ်ထွန်း(နည်းပညာ) on 9:30 PM Rating: 5 Premier League ဘောလုံးပွဲစဉ်တွေ ဒါမှမဟုတ် ကိုယ်ကြိုက်နှစ်သက်တဲ့ ဘောလုံးအသင်းရဲ့ပွဲစဉ်နဲ့ ကစားမယ့်နေ့တွေကို ကိုယ့်ရဲ့ဖုန်း calendar ထဲမှာ...

No comments: