ဖေ့စ်ဘွတ်ခ်အကောင့် အပြီးဖျက်သိမ်းနည်း - ညီလတ်ထွန်း(နည်းပညာ)

728x90 AdSpace

Trending

ဖေ့စ်ဘွတ်ခ်အကောင့် အပြီးဖျက်သိမ်းနည်း


ဖေ့စ်ဘွတ်ခ်ကနေ အပြီးအပိုင်နုတ်ထွက်ဖို့ ဆုံးဖြတ်ပါက သင့်ဖေ့စ်ဘွတ်ခ်အကောင့်ကို အပြီးဖျက်သိမ်းနိုင်ပါတယ်။ ဒါပေမယ့် ဖျက်ပြီးတဲ့ အကောင့်တစ်ခုဟာ ဘယ်တော့မှ reactivate ပြန်လုပ်လို့ရတော့မှာမဟုတ်သလို မိမိပရိုဖိုင်းပေါ် share ထားသမျှလည်း ပျက်သွားမယ်ဆိုတာ သိထားဖို့ အရေးကြီးပါတယ်။
မိမိဖေ့စ်ဘွတ်အပြီးအပိုင်ဖျက်သိမ်းဖို့ အောက်ပါလုပ်ငန်းစဉ်အတိုင်း ဆောင်ရွက်ရပါမယ်။
၁။ ဖေ့စ်ဘွတ်ခ်အကောင့်ထဲဝင်ပြီး Settings ကို သွားရပါ။
၂။ "General Account Settings" ထဲ "Download a copy of all your Facebook data" ကို နှိပ်ပါ။
၃။ အောက်က လင့်ခ် - https://www.facebook.com/help/delete_account သွားပြီး Delete My Account ကို နှိပ်ရပါမယ်။
၎။ ဒီချက်တွေ လုပ်ပြီးတာနဲ့ အချက်အလက်မှန်ကန်ကြောင်း နောက်ဆုံးအတည်ပြုချက်ရဖို့အတွက် password နဲ့ captcha code တောင်းပါလိမ့်မယ်။
ဖေ့စ်ဘွတ်ခ်အနေနဲ့ သင့်အကောင်းဖျက်သိမ်းဖို့ အချိန်သတ်မှတ်ပေးလိုက်ပြီဖြစ်ကြောင်း အသိပေးပြီး ၁၄ရက်အတွင်း ပျက်သွားမှာ ဖြစ်ပါတယ်။ စိတ်ပြောင်းသွားခဲ့သည်ရှိသော် အဲဒီ ၁၄ရက်အတွင်း ပယ်ဖျက်ရန်မေတ္တာရပ်ခံချက်ကို အချိန်မရွေး cancel လုပ်နိုင်ပါတယ်။
ဓာတ်ပုံတွေ၊ စတေးတပ်စ် သို့မဟုတ် ဆက်စပ်ဒေတာချက်အလက်တွေအပါအဝင် တင်ထားသမျှအားလုံး ဖျက်ဖို့ ရက်ပေါင်း ၉၀ မက အချိန်ကြာကောင်းကြာနိုင်တယ်လို့ Facebook က ထပ်ပြောထားပါတယ်။





Click here to download






Ref: Gadgetsnow
VIA- TrendMyanmar
www.nyilattun.com

ဖေ့စ်ဘွတ်ခ်အကောင့် အပြီးဖျက်သိမ်းနည်း Reviewed by ညီလတ်ထွန်း(နည်းပညာ) on 9:40 PM Rating: 5   ဖေ့စ်ဘွတ်ခ်ကနေ အပြီးအပိုင်နုတ်ထွက်ဖို့ ဆုံးဖြတ်ပါက သင့်ဖေ့စ်ဘွတ်ခ်အကောင့်ကို အပြီးဖျက်သိမ်းနိုင်ပါတယ်။ ဒါပေမယ့် ဖျက်ပြီးတဲ့ အကောင့်...

No comments: