ချစ်သူ ရှာပေးမယ့် ချပ်ဝတ်တန်ဆာ ကွန်ပြူတာ - ညီလတ်ထွန်း(နည်းပညာ)

728x90 AdSpace

Trending

ချစ်သူ ရှာပေးမယ့် ချပ်ဝတ်တန်ဆာ ကွန်ပြူတာ

ချစ်သူ လိုချင်နေသူများအတွက် ချစ်သူရှာပေးမယ့် ချပ်ဝတ်တန်ဆာ ကွန်ပြူတာတော့ ပေါ်လာပါပြီ။ Ripple လို့ အမည်ပေးထားပြီး ပုခုံးအထက်မှာ ၀တ်ဆင်ထားရမှာ ဖြစ်ပါတယ်။ သူ့မှာ ကင်မရာ ၂ လုံးတပ်ဆင်ထားပြီး သင့်ကို တစ်စုံတစ်ယောက်က စိုက်ကြည့်နေတဲ့ အခါမှာ အသိပေးနိုင်ပါတယ်။ သင်က သူ့ကို ပြန်လည် ကြည့်ရှုတဲ့အခါမှာ ရိုမန့်တစ်ဖြစ်တဲ့ ရှုထောင့်မျိုးဖြစ်အောင် သူက သင့်ကို လမ်းညွှန်ပေးနိုင်ပါတယ်။
Ripple ကို တီထွင်သူက ဒီနေ့ခေတ်မှာ စမတ်ဖုန်းများကို စွဲလမ်းနေကြတဲ့အတွက် လမ်းမှာ ချစ်ခင်နှစ်သက်သူကို ကြည့်ဖို့ အချိန်မရကြဘူးလို့ ပြောပါတယ်။ “ ဒီနေ့ခေတ် လူနေမှု ဘ၀တွေဟာ လူအချင်းချင်း မျက်နှာချင်းဆိုင်ပြီး စကားပြောခြင်း မရှိသလောက်ကို ရှားပါးနေပါပြီ။ ဘေးမှာ လူတွေ ရှိနေပေမယ့်လည်း တစ်ယောက်နဲ့ တစ်ယောက် အဖက် မလုပ်ကြတော့ပါဘူး။ ကျွန်တော်တို့ရဲ့ မျက်လုံးတွေဟာ လူအချင်းချင်း ဆက်သွယ်ဖို့ ဆိုတာ ယုံကြည်ပါတယ်။ သင်တို့ရဲ့ ပတ်ဝန်းကျင်မှာ ဖြစ်ပျက်နေတဲ့ အရာများကို သိရှိကြဖို့ Ripple ကို ဒီဇိုင်းထုတ်ထားပါတယ်။ “ လို့ တီထွင်သူများက ပြောပါတယ်။
Ripple ဟာ ချစ်သူ ရှာပေးနိုင်တဲ့အတွက် ထူးခြားဆန်းသစ်တဲ့ နည်းပညာ ပစ္စည်းတစ်ခု ဖြစ်ပေမယ့် ဒီဇိုင်း လှပမှု မရှိဘဲ ကြည့်ရတာ ရုပ်ဆိုးပါတယ်။ ပန်းရောင် ခြယ်သထားပြီး ပုခုံးအထက်မှာ အပ်မှိုများကို တင်ထားသလို ထင်ရစေပါတယ်။ ဒီလို လှပမှု မရှိတဲ့ ချပ်ဝတ်တန်ဆာ ကွန်ပြူတာကို ၀တ်ဆင်၍ ချစ်သူ ရနိုင်မလားဆိုတာကတော့ စဉ်းစားစရာ ဖြစ်ပါတယ်။




Click here to download






ref : tnw
Credit-digitaltimes
www.nyilattun.com

ချစ်သူ ရှာပေးမယ့် ချပ်ဝတ်တန်ဆာ ကွန်ပြူတာ Reviewed by ညီလတ်ထွန်း(နည်းပညာ) on 8:14 AM Rating: 5   ချစ်သူ လိုချင်နေသူများအတွက် ချစ်သူရှာပေးမယ့် ချပ်ဝတ်တန်ဆာ ကွန်ပြူတာတော့ ပေါ်လာပါပြီ။ Ripple လို့ အမည်ပေးထားပြီး ပုခုံးအထက်မှာ ၀တ်ဆင်ထ...

No comments: