နှစ်သစ်ကူးရုံးပိတ်ရက်တွေလည်း
မကြာမီအချိန်အတွင်းမှာရောက်ရှိလာပါတော့မယ်။ အဲဒီမတိုင်ခင်မှာပဲ
ရုပ်ရှင်တွေကလည်း ဆက်တိုက်ဆိုသလို ထွက်ရှိလာတော့မှာပဲဖြစ်ပါတော့တယ်။
လက်လှမ်းမှီသမျှ ရုပ်ရှင်စာရင်းကို ပြန်လည် မျှဝေပေးလိုက်ပါတယ်။
၁။ Power Rangers
Action
၊ Adventure ၊ Sci-Fi အမျိုးအစားဖြစ်ပြီး သဘာဝလွန်စွမ်းအားတွေနဲ့
ကမ္ဘာကြီးကို ကယ်တင်မယ့် အထက်တန်းကျောင်းသားတစ်စုအကြောင်းကို
ရိုက်ကူးထားတာပဲဖြစ်ပါတယ်။
၂။ Life
Ryan Reynolds ၊ Jake Gyllenhaal တို့ပါဝင်သရုပ်ဆောင်ထားပြီး Horror ၊ Sci-Fi ၊ Thriller ရုပ်ရှင်အမျိုးအစားပဲဖြစ်ပါတယ်။
၃။ CHIPS
Action ၊ Comedy ၊ Crime ရုပ်ရှင်အမျိုးအစားဖြစ်ပါတယ်။
၎။ Prevenge
ကိုယ်ဝန်၇နှစ်လရှိနေပြီဖြစ်တဲ့
အမျိုးသမီးတစ်ယောက်အကြောင်းကို ရိုက်ကူးထားတာဖြစ်ပြီး Comedy ၊ Drama ၊
Fantasy ၊ Horror ၊ Thriller အမျိုးအစားပဲဖြစ်ပါတယ်။
၅။ Wilson
သက်လတ်ပိုင်းအမျိုးသားတစ်ယောက်နဲ့
သူ့ရဲ့ သမီးဖြစ်သူတို့ ပထမဆုံးအကြိမ်အဖြစ်တွေ့ဆုံကြရပါတယ်တဲ့။ Comedy
ရုပ်ရှင်အမျိုးအစားဖြစ်ပြီး Woody Harrelson နဲ့ အခြားသရုပ်ဆောင်များစွာ
ပါဝင်ထားပါတယ်။
၆။ The Levelling
သူမရဲ့
အစ်ကိုဖြစ်သူ ဆုံးပါးခဲ့ပြီးတဲ့အချိန်မှာတော့ Clover တစ်ယောက်
Somesetမှာရှိတဲ့ သူမရဲ့ မိသားစု လယ်တောဆီပြန်လာခဲ့ပါတော့တယ်။
အဲဒီလယ်တောတွေဟာ သူမ မပြန်ခင် ခြောက်လလောက်အလိုကတည်းက
ပျက်ဆီးနေခဲ့ပါတယ်တဲ့။ Drama ရုပ်ရှင်အမျိုးအစားဖြစ်ပါတယ်။
ကျေးဇူးတင်ပါတယ်။ ကျွန်တော် ဓာတ်ပြားပါ။
Ref: IMDb
VIA-TrendMyanmar
www.nyilattun.com
VIA-TrendMyanmar
www.nyilattun.com
No comments: