ကမ္ဘာ့ အချမ်းသာဆုံး လူပုဂ္ဂိုလ် နေရာကို ၄ နှစ်ဆက်တိုက် သိမ်းပိုက်လိုက်တဲ့ Bill Gates - ညီလတ်ထွန်း(နည်းပညာ)

728x90 AdSpace

Trending

ကမ္ဘာ့ အချမ်းသာဆုံး လူပုဂ္ဂိုလ် နေရာကို ၄ နှစ်ဆက်တိုက် သိမ်းပိုက်လိုက်တဲ့ Bill Gates

Forbes မဂ္ဂဇင်းက ထုတ်ပြန်တဲ့ ကမ္ဘာ့ အချမ်းသာဆုံး လူပုဂ္ဂိုလ်နေရာကို Bill Gates ကပဲ ထပ်မံ သိမ်းပိုက်လိုက်ပါတယ်။ Microsoft ကို ပူးတွဲတည်ထောင်ခဲ့တဲ့ Bill Gates ဟာ ၈၆ ဘီလီယမ် ကြွယ်ဝတယ်လို့ Forbes က တွက်ချက်ထားပြီး သူဟာ ကမ္ဘာ့အချမ်းသာဆုံး ပုဂ္ဂိုလ်နေရာကို ၄ နှစ်ဆက်တိုက် ရရှိခဲ့တာ ဖြစ်ပါတယ်။

ဒုတိယ နေရာကို Warren Buffett က ရရှိထားပြီး ၇၅.၆ ဘီလီယမ် ချမ်းသာပါတယ်။ ကမ္ဘာ့ အချမ်းသာဆုံး ထိပ်တန်း ၁၀ နေရာကို အမေရိကန် အများစုက သိမ်းပိုက်ထားပါတယ်။ အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်ကတော့ အဆင့် ၂၀၀ နေရာကို ကျဆင်းသွားပါတယ်။
ထိပ်တန်း ၁၀ နေရာမှာ Jeff Besos (3) , Amancio Ortega (4) , Mark Zuckerberg (5) , Carlos Slim Helu (6), Larry Ellison (7) , Charles Koch (8) , David Koch (9) , Michael Bloomberg (10) တို့ ပါဝင်ပါတယ်။ အိန္ဒိယမှ ဘီလီယမ်နာ ၁၀၁ ယောက်ကလည်း Forbes ရဲ့ စာရင်းမှာ ပါလာပါတယ်။ အိန္ဒိယရဲ့ အချမ်းသာဆုံး Mukesh Ambani ဟာ အဆင့် ၃၃ နေရာမှာ ရပ်တည်နေပြီး ၂၃.၂ ဘီလီယမ် ပိုင်ဆိုင်ပါတယ်။





Click here to download






ref : indiatimes
Credit- digitaltimes.com.mm
www.nyilattun.com

ကမ္ဘာ့ အချမ်းသာဆုံး လူပုဂ္ဂိုလ် နေရာကို ၄ နှစ်ဆက်တိုက် သိမ်းပိုက်လိုက်တဲ့ Bill Gates Reviewed by ညီလတ်ထွန်း(နည်းပညာ) on 7:17 AM Rating: 5 Forbes မဂ္ဂဇင်းက ထုတ်ပြန်တဲ့ ကမ္ဘာ့ အချမ်းသာဆုံး လူပုဂ္ဂိုလ်နေရာကို Bill Gates ကပဲ ထပ်မံ သိမ်းပိုက်လိုက်ပါတယ်။ Microsoft ကို ပူးတွဲတည်ထောင်...

No comments: