ဟက်ကာ အုပ်စုတစ်ခုက iCloud နဲ့ Apple အီးမေး အကောင့်များ အပါအ၀င် iPhone
များစွာရဲ့ ဒေတာများကို ခိုးယူထားပြီး Apple ကို ငွေညှစ်နေပါတယ်။
ဟက်ကာများက သူတို့ အဖွဲ့အမည်ဟာ Turkish Crime Family လို့ ပြောပါတယ်။
သူတို့က ဒစ်ဂျစ်တယ် ငွေကြေး Bitcoin ကို ဒေါ်လာ ၇၅ ၀၀၀
ဖိုးတောင်းဆိုနေကြပါတယ်။ ဒါမှမဟုတ် လူသိနည်းတဲ့ Ehereum ကို
အလိုရှိနေကြပါတယ်။ ဒါ့အပြင် သူတို့က ဒေါ်လာ ၁၀၀ ၀၀၀ တန်ကြေးရှိတဲ့ iTunes
Gift Card များကိုလည်း တောင်းဆိုထားပါတယ်။
ဟက်ကာများက Apple လုံခြုံရေး အဖွဲ့နဲ့ သူတို့ ဆက်သွယ်ထားတဲ့ Screenshots များနဲ့ ကုမ္ပဏီကို ဆက်သွယ်တဲ့ အီးမေးလိပ်စာကိုလည်း လူသိအောင် မျှဝေထားပါတယ်။ ဟက်ကာများက အသက်ကြီး အမျိုးသမီးတစ်ဦးရဲ့ အကောင့်ထဲသို့ ဖောက်ထွင်းဝင်ရောက်ထားတဲ့ YouTube Video ကို ကုမ္ပဏီအား ပြသခဲ့တယ်လို့ သိရပါတယ်။ ဗီဒီယိုထဲမှာ အမျိုးသမီးရဲ့ ဓါတ်ပုံများစွာ ရှိပြီး ဟက်ကာများက အမျိုးသမီးရဲ့ ဖုန်းမှ အရာများအားလုံးကို အဝေးကနေ ဖျက်ဆီးပစ်နိုင်တယ်လို့ သိရပါတယ်။
Apple က သူ့ရဲ့ ဆော့ဖ်ဝဲ လုံခြုံရေး ဟာကွက်များကို ထောက်ပြတဲ့ လူများအား ဆုငွေချီးမြှင့်တဲ့ အစီအစဉ်ကို ပြုလုပ်ပေးထား သူ့ရဲ့ မူဝါဒအရ ဆိုက်ဘာ ရာဇ၀တ်သားများအား ဆုငွေချီးမြှင့်ခြင်းမှာ မဟုတ်ဘူးလို့ ကုမ္ပဏီက ပြောပါတယ်။ ဟက်ကာများက Apple ကို ဖိအားထပ်ပေးတဲ့ အနေနဲ့ ဧပြီလ ၇ ရက်နေ့အတွင်းမှာ ငွေ မပေးလျှင် iCloud အကောင့်များစွာကို ဖျက်ဆီးပစ်မယ်လို့ ပြောပါတယ်။ ဟက်ကာများက အကောင့်ပေါင်း ၅၅၉ သန်းကို ဖောက်ထွင်းထားနိုင်ပြီလို့ ပြောပါတယ်။
Click here to download

No comments: