၂၀၁၇ ခုနှစ်ရဲ့ အကောင်းဆုံး Android Wear စမတ်နာရီများ - ညီလတ်ထွန်း(နည်းပညာ)

728x90 AdSpace

Trending

၂၀၁၇ ခုနှစ်ရဲ့ အကောင်းဆုံး Android Wear စမတ်နာရီများ

Google က မကြာခင်က ဖြန့်ချီပေးခဲ့တဲ့ Android Wear 2.0 မှာ စွမ်းဆောင်ချက် အသစ်များပါဝင်လာပါတယ်။ အဲဒီအထဲမှာ စမတ်နာရီကနေ Message များကို တိုက်ရိုက် စာပြန်နိုင်ခြင်း၊ လက်ဖြင့် ရေးတဲ့ စာသားများကို မှတ်သားရာမှာ ပိုမိုကောင်းမွန်လာခြင်းနဲ့ စကားလုံးများကို ကြိုတင်ခန့်မှန်းပေးတဲ့ ကီးဘုတ်ငယ် ပါလာခြင်းတို့ ပါဝင်ပါတယ်။ ဒါ့အပြင် Google Assistant ဒစ်ဂျစ်တယ် ကိုယ်ရေးလက်ထောက် ပါရှိလာပါတယ်။ အကောင်းဆုံးကတော့ စမတ်နာရီမှာ သင့်ဖုန်းကို မှီခိုစရာ မလိုဘဲ Apps များကို သုံးနိုင်လာခြင်း ဖြစ်ပါတယ်။ Android Wear 2.0 ထည့်သွင်းထားတဲ့ စမတ်နာရီများလည်း ထွက်ပေါ်လာပါပြီ။ အဲဒီအထဲက အကောင်းဆုံး စမတ်နာရီများကို ရွေးချယ်ပေးလိုက်ပါတယ်။
၁။ LG Watch Sport

Compatibility: Android 4.3+, iOS 8.2+ | Display: 1.38″ 480 x 480 P-OLED | Processor: Snapdragon Wear 2100 | Onboard storage: 4GB | Battery duration: Up to 48h | Charging method: Conductive USB-C charger | IP rating: IP68 | Connectivity: Wi-Fi, Bluetooth, 3G + 4G LTE
LG Watch Sport မှာ အခြား စမတ်နာရီများထက် စွမ်းဆောင်ချက်များ ပိုမို ပါရှိပါတယ်။ Android Wear 2.0 ကို ပထမဆုံး ထည့်သွင်းထားတဲ့ စမတ်နာရီ ဖြစ်ပါတယ်။ စမတ်နာရီရဲ့ User Interface က ရှင်းလင်းပြီး အသုံးပြုရတာ ကောင်းမွန်ပါတယ်။ မာကျောကြံ့ခိုင်တဲ့ စမတ်နာရီ ဒီဇိုင်းဖြစ်ပြီး နှလုံးခုန်နှုန်းတိုင်းတာတဲ့ ကိရိယာ၊ GPS Chip ၊ Barometer တို့ပါတဲ့အတွက် ကိုယ်လက်လှုပ်ရှားမှုများကို တိုင်းတာနိုင်ပါတယ်။ သူ့မှာ ရေစိုခံနိုင်တဲ့ ကိုယ်ထည် တပ်ဆင်ထားပါတယ်။ စမတ်ဖုန်းနဲ့ ချိတ်ဆက်စရာ မလိုဘဲ အင်တာနက် အချိန်ပြည့် အသုံးပြုနိုင်တဲ့ စမတ်နာရီနဲ့ ဥာဏ်ရည်မြင့် Google Assistant ဒစ်ဂျစ်တယ် ကိုယ်ရေးလက်ထောက်ကို သုံးနိုင်တဲ့ စမတ်နာရီကို အလိုရှိရင် အကောင်းဆုံးက LG Watch Sport ပါ။
၂။ LG Watch Style

Compatibility: Android 4.3+, iOS8.2+ | Display: 1.2″ 360 x 360 P-OLED | Processor: Snapdragon Wear 2100 | Onboard storage: 4GB | Battery duration: Up to 24h | Charging method: Conductive USB charger | IP rating: IP67 | Connectivity: Wi-Fi, Bluetooth
LG Watch Style ဟာ နာမည်အတိုင်းပဲ စတိုင်ကျလှပအောင် ဖန်တီးထားတဲ့ စမတ်နာရီ ဖြစ်ပါတယ်။ Google နဲ့ ပူးပေါင်း ဖန်တီးထားတာ ဖြစ်တဲ့အတွက် အကောင်းဆုံး Android Wear စမတ်နာရီတစ်လုံး ဖြစ်နေတာ မဆန်းပါဘူး။ အသုံးဝင်တဲ့ စွမ်းဆောင်ချက်များစွာ ထည့်သွင်းပေးထားပါတယ်။ ပါးလွှာပြီး အသံအမိန့်ဖြင့် ခိုင်းစေနိုင်တဲ့ Google Assistant ပါရှိပါတယ်။ User Interface ကိုလည်း အသွင်ဆန်းထားပါတယ်။ ၂၄၉ ဒေါ်လာသာ တန်ကြေးရှိလို့ ဈေးသက်သာပါတယ်။
၃။ Sony SmartWatch 3

Compatibility: Android (Full), iPhone (Limited) | Display: 1.6″ 320 x 320 TFT | Processor: Quad-core 1.2 GHz | Onboard storage: 4GB | Battery duration: Up to 48h | Charging method: Micro USB | IP rating: IP68 | Connectivity: Wi-Fi, Bluetooth
Sony Smartwatch 3 မှာ မျက်နှာပြင်ဝိုင်း အစား လေးထောင့် မျက်နှာပြင်ကို အသုံးပြုထားပါတယ်။ GPS ပါလာတဲ့ ပထမဆုံး Android Wear စမတ်နာရီ ဖြစ်ပါတယ်။ အဲဒီအတွက် ကိုယ်လက်လှုပ်ရှားမှုများကို တိုင်းတာချင်တဲ့ လူများအတွက် အသုံးဝင်ပါတယ်။ သူက ဖုန်မ၀င်အောင် ကာကွယ်နိုင်ပြီး ရေစိုခံနိုင်ပါတယ်။ ကြိုးမဲ့အားသွင်းစနစ်တော့ မပါဘဲ သာမာန် micro-USB ကြိုးနဲ့ အားသွင်းရမှာ ဖြစ်တဲ့အတွက် သွားလေရာမှာ အားသွင်းနိုင်မှာပါ။ စွမ်းဆောင်ရည်မြင့်မားတဲ့ စမတ်နာရီ ဖြစ်ပါတယ်။
၎။ Moto 360 (2015)

Compatibility: Android (Full), iPhone (Limited) | Display: 1.56″ 360 x 330 IPS LCD | Processor: Quad-core 1.2 GHz | Band sizes: 20mm-22mm | Onboard storage: 4GB | Battery duration: Up to 48h | Charging method: Wireless | IP rating: IP67 | Connectivity: Wi-Fi, Bluetooth
၂၀၁၅ ခုနှစ်ထုတ် Moto 360 ဟာ ဒီဇိုင်းလှပပြီး စွမ်းဆောင်ရည်မြင့်မားပါတယ်။ ၄၂ နဲ့ ၄၆ မီလီမီတာ အရွယ်များ ထုတ်လုပ်ပေးထားပါတယ်။ Processor ကို အဆင့်မြှင့်ထားတဲ့အတွက် ယခင်မျိုးဆက်ထက် အနည်းငယ် အရွယ်ကြီးပါတယ်။ မျက်နှာပြင်ဝိုင်း တပ်ဆင်ထားတာက သာမာန် နာရီများနဲ့ ဆင်တူပါတယ်။ GPS မပါတဲ့အတွက် ကိုယ်လက်လှုပ်ရှားမှုများကို မတိုင်းတာနိုင်ပါဘူး။ ဘက်ထရီ သက်တမ်းက ၄၈ နာရီသာ အသုံးခံတာက အားနည်းချက်ပါ။
၅။ Asus ZenWatch 3

Compatibility: Android 4.3+, iOS8.2+ | Display: 1.39″ 400 x 400 AMOLED | Processor: Snapdragon Wear 2100 | Onboard storage: 4GB | Battery duration: Up to 48h | Charging method: Magnetic pogo pin | IP rating: IP67 | Connectivity: Wi-Fi, Bluetooth
Asus ZenWatch 3 ဟာ ၂၂၉ ဒေါ်လာသာ တန်ကြေးရှိ Display က အလွန်ကောင်းမွန်ပါတယ်။ အသုံးဝင်တဲ့ Hardware Buttons များ တပ်ဆင်ထားပြီး ဘက်ထရီ သက်တမ်း ကောင်းမွန်ပါတယ်။ ကိုယ်ထည်တည်ဆောက်မှုက ကောင်းမွန်ပေမယ့် စတိုင်ကျခြင်း သိပ်မရှိပါဘူး။
၆။ Huawei Watch

Compatibility: Android (Full), iPhone (Limited) | Display: 1.4″ 400 x 400 AMOLED | Processor: Quad-core 1.2 GHz | Onboard storage: 4GB | Battery duration: Up to 24h | Charging method: Conductive USB | IP rating: IP67 | Connectivity: Wi-Fi, Bluetooth
Huawei Watch ဟာ စွမ်းဆောင်ရည်မြင့် စမတ်နာရီ ဈေးကွက်ကို ရည်ရွယ်တာ ဖြစ်ပြီး ၃၄၉ ဒေါ်လာ တန်ကြေးရှိပါတယ်။ ဒါပေမယ့် ဈေးနှုန်းနဲ့ လိုက်ဖက်တဲ့ စွမ်းရည်မျိုး မရှိပါဘူး။ သူ့ရဲ့ အဓိက အားသာချက်မှာ ၁.၄ လက်မ AMOLED Display ( 400×400) ဖြစ်ပြီး အမြင့်မားဆုံး Resolution ပိုင်ဆိုင်တဲ့ စမတ်နာရီများထဲမှ တစ်လုံးပါ။ Apple Watch ရဲ့ Resolution နဲ့ တူညီပါတယ်။ အခြား Specification အပိုင်းမှာတော့ ပြိုင်ဖက် စွမ်းဆောင်ရည်မြင့် စမတ်နာရီများကို ယှဉ်ဖို့ အနည်းငယ် လိုအပ်နေပါသေးတယ်။ GPS မပါပေမယ့် နှလုံးခုန်နှုန်းတိုင်းတာတဲ့ ကိရိယာပါပါတယ်။



Click here to download






ref : tech radar
via- digitaltimes.com.mm/
www.nyilattun.com

၂၀၁၇ ခုနှစ်ရဲ့ အကောင်းဆုံး Android Wear စမတ်နာရီများ Reviewed by ညီလတ်ထွန်း(နည်းပညာ) on 10:01 AM Rating: 5 Google က မကြာခင်က ဖြန့်ချီပေးခဲ့တဲ့ Android Wear 2.0 မှာ စွမ်းဆောင်ချက် အသစ်များပါဝင်လာပါတယ်။ အဲဒီအထဲမှာ စမတ်နာရီကနေ Message များကို တို...

No comments: