သင့်ရဲ့ Android Device မှာ Audio – Video ဖိုင်များကို ဖွင့်တဲ့ အခါမှာ “
Can’t Ope File “ သို့မဟုတ် “ Unsupported Audio Codec “ ပြဿနာကို
ကြုံတွေ့နေရတယ်ဆိုရင်တော့ စိတ်အနှောင့်အယှက် ဖြစ်မှာ သေချာပါတယ်။ ဒီပြဿနာ
ဖြစ်ပေါ်စေတဲ့ အကြောင်းအရင်းများနဲ့ ဖြေရှင်းနည်းများကို ဒီ Tutorial မှာ
ဖော်ပြလိုက်ပါတယ်။
Codec ဆိုတာ ဘာလဲ ?
Codec ဆိုတာ Compressor-Decompressor ကို ခေါ်တာ ဖြစ်ပါတယ်။ သူက ဒေတာများကို Encoding နဲ့ Decoding ပြုလုပ်ပေးပါတယ်။ အထူးသဖြင့် ချုံ့ထားတဲ့ ဒေတာများ ဖြစ်ပါတယ်။ Codec က ဗီဒီယို ဒေတာများကို ပေးပို့လို့လွယ်ကူအောင် ချုံ့ပေးပြီး ကြည့်ရှုလို့ရအောင် ပြန်လည် ချဲ့ပေးကြပါတယ်။
Container ဆိုတာ ဘာလဲ ?
Container ဆိုတာ ဖိုင်ဖော်မက် တစ်ခု ဖြစ်ပါတယ်။ သူက Packaging နဲ့ Transport အလုပ်များကို ပြုလုပ်ပေးပါတယ်။ Codec က အဲဒီ အလုပ်များအတွက် ပြင်ဆင်ပေးပါတယ်။ Container က Audio နဲ့ Video များကို Synchronizing ပြုလုပ်ပေးပါတယ်။ သူက ဖိုင်အမျိုးအစားကို ခွဲခြားသတ်မှတ်ပေးပါတယ်။ ဥပမာအားဖြင့် သင့်မှာ digitaltimes.com.mm.mp4 ဖိုင်ရှိရင် mp4 က Container ဖြစ်ပါတယ်။

ဘာ့ကြောင့် ဗီဒီယို ဖွင့်မရတာလဲ ?
သင့်ရဲ့ Android Device မှာ ဗီဒီယိုများ ဖွင့်လို့ မရတာက သင့် မီဒီယာဖိုင်ရဲ့ Codec ဟာ သင့်ရဲ့ Video Player နဲ့ ကွဲပြားနေလို့ ဖြစ်ပါတယ်။ သို့မဟုတ် သင့်ရဲ့ Video Player ဟာ Codec ကို မထောက်ပံ့လို့ ဖြစ်ပါတယ်။ သင့်ရဲ့ Media Player က အဲဒီ Container Type (File Type ) ကို မထောက်ပံ့ဘူးလို့ သင် ထင်ကောင်းထင်မှာ ဖြစ်ပါတယ်။ ဒါပေမယ့် Container မှာ Codecs အမျိုးအစားများစွာ ပါပြီး သင့်ဖုန်းက အဲဒါတွေကို မထောက်ပံ့လို့ ဖြစ်မှာပါ။
Unsupported Media File များကို သင့်ဖုန်းမှာ ဖွင့်နည်း
အပေါ်မှာ ပြောခဲ့သလိုပဲ “ can’t open file “ , “ unsupported audio codec” , “ unsupported video file error “ စတဲ့ Error များဖြစ်ရခြင်းဟာ သင့်ရဲ့ Media Player က သင့် ဗီဒီယိုဖိုင်ရဲ့ Codec ကို မထောက်ပံ့လို့ ဖြစ်ပါတယ်။ အဲဒီပြဿနာကို အလွယ်ကူဆုံး ဖြေရှင်းနည်းက Media Player အသစ်တစ်ခုကို အသုံးပြုတာ ဖြစ်ပါတယ်။ အကြံပြုချင်တာကတော့ VLC Player ကို အသုံးပြုဖို့ ဖြစ်ပါတယ်။ သူ့ကို Beta အနေဖြင့် ဖြန့်ချီပေးထားတာ ဖြစ်ပေမယ့် ဖိုင်အမျိုးအစားများစွာကို ထောက်ပံ့ပါတယ်။ Audio Tracks များစွာကိုလည်း သူက ဖွင့်ပေးနိုင်ပါတယ်။ Subtitle များကိုလည်း ထည့်သွင်းနိုင်ပါတယ်။ Aspect Ratio များကိုလည်း သူက ပြင်ဆင်ပေးနိုင်ပါတယ်။ Volume နဲ့ Brightness များကိုလည်း Gestures များဖြင့် ချိန်ညှိနိုင်ပါတယ်။ Widgets များကိုလည်း အသုံးပြုနိုင်ပါတယ်။
Click here to download
No comments: