Android စမတ်ဖုန်းကို Tracking Device အဖြစ် အသုံးပြုနည်း - ညီလတ်ထွန်း(နည်းပညာ)

728x90 AdSpace

Trending

Android စမတ်ဖုန်းကို Tracking Device အဖြစ် အသုံးပြုနည်း

Android မှာ GPS ထည့်သွင်းပေးထားတာ အကျိုးများစွာ ရှိစေပါတယ်။ ဥပမာအားဖြင့် သင့်ဖုန်း ပျောက်သွားရင် မြေပုံကနေ ခြေရာခံနိုင်ပါတယ်။ ခရီးသွားတဲ့အခါမှာလည်း သင့်ရဲ့ တည်နေရာကို သိနိုင်ပါတယ်။ GPS ဟာ အင်တာနက် မလိုဘဲ အလုပ်လုပ်တဲ့အတွက် တကယ် အကျိုးရှိပါတယ်။ သင့်မှာ Android စမတ်ဖုန်း၊ တက်ဘလက် အဟောင်းများရှိရင် သင့် မိသားစုဝင်များ၊ သင်ပိုင်ဆိုင်တဲ့ ပစ္စည်းများအတွက် ခြေရာခံ ကိရိယာ အဖြစ် အသုံးပြုနိုင်ပါတယ်။

Android Device Manager ကို အသုံးပြုခြင်း 
၂၀၁၄ ခုနှစ်ကနေ နောက်ပိုင်းထုတ် Android Device များမှာ Android Device Manager ပါလာပါတယ်။ သူက သင့်ဖုန်းရဲ့ တည်နေရာကို Google ရဲ့ ဆာဗာများထံ အမြဲ ပေးပို့ပေးနေပါတယ်။ အဲဒီအတွက် Android Device Manager ၀က်ဆိုက်ကနေ သင့်ဖုန်းရဲ့ တည်နေရာကို ခြေရာခံနိုင်ပါတယ်။
Android Device Manager ကို အသုံးပြုဖို့အတွက် Android Settings> Security> Device Administrators > Android Device Manager ထဲသွားပြီး Activate လုပ်ပါ။ ( စမတ်ဖုန်း ထုတ်လုပ်သူများက Android OS ကို သူတို့ရဲ့ ကိုယ်ပိုင် ဆော့ဖ်ဝဲများနဲ့ ပေါင်းစပ်ထားတဲ့အတွက် Activate လုပ်တဲ့ နေရာများ ကွာခြားနိုင်ပါတယ်။ )
Activate လုပ်ပြီးရင် ၀က်ဘရောက်စာကနေ Android Device Manager ၀က်ဆိုက်ကို သွားပါ။ သင့် Google အကောင့်နဲ့ Signin ၀င်ပါ။ သင့်ဖုန်းမှာလည်း အဲဒီအကောင့်ကို ထည့်သွင်းထားရမှာပါ။ ၀က်ဆိုက်မှ Locate Device ကို နှိပ်ရင် သင့်ဖုန်းရဲ့ တည်နေရာကို မြေပုံမှာ ပြသမှာပါ။
အခြား Tracking Apps များကို အသုံးပြုခြင်း
Android Device Manager ကို မနှစ်သက်ရင်တော့ အခြား Tracking Apps များကို သုံးနိုင်ပါတယ်။ ဒါမှမဟုတ် သင့်ဖုန်းမှာ Android Device Manager ကို Activate မလုပ်ထားမိဘဲ ဖုန်းပျောက်သွားတဲ့အခါမှာ ခြေရာခံချင်ရင်လည်း အခြား Tracking Apps များကို သုံးနိုင်ပါတယ်။ ဖုန်းပျောက်သွားတဲ့အခါမှာ Play Store ကနေ Tracking Apps များကို Remote Install လုပ်နိုင်ပါတယ်။ နာမည်ကြီးတဲ့ Tracking Apps များကတော့ Lookout, Prey , Familonet တို့ ဖြစ်ကြပါတယ်။
သင့် ပစ္စည်းများကို ခြေရာခံခြင်း
သင့်ဖုန်းကို ခြေရာခံလို့ရအောင် ပြုလုပ်ပြီးရင်တော့ သင့် ပစ္စည်းများကို ခြေရာခံဖို့အတွက် အသုံးပြုနိုင်ပါပြီ။ ဥပမာအားဖြင့် သင့်ကားမှာ အဲဒီဖုန်းကို ထားရှိခြင်းအားဖြင့် ကားရဲ့ တည်နေရာကို အချိန်ပြည့် ခြေရာခံနိုင်ပါတယ်။ အဲဒီလိုပဲ သင် ခြေရာခံချင်တဲ့ အခြား ပစ္စည်းများအတွက်လည်း စမတ်ဖုန်းအဟောင်းများကို အသုံးပြုနိုင်ပါတယ်။
Smartphone Vs GPS Tracker
သင့်ရဲ့ Android Device ကို ခြေရာခံ ကိရိယာအဖြစ် အသုံးပြုနိုင်ပေမယ့် GPS Tracker များလောက် အစွမ်းမထက်ပါဘူး။ စမတ်ဖုန်းရဲ့ အဓိက အားနည်းချက် ၂ ခု ရှိပါတယ်။ သင့် စမတ်ဖုန်းဟာ ခြေရာခံ ကိရိယာအဖြစ် ကောင်းစွာ အလုပ်မလုပ်ရင်တော့ GPS Tracker များကို အသုံးပြုသင့်ပါတယ်။
• ဘက်ထရီ သက်တမ်း – System – Level Services များနဲ့ Third-Party Apps များ အပါအ၀င် စမတ်ဖုန်းမှာ နောက်ကွယ်မှာ Run နေတဲ့ Apps များစွာ ရှိပါတယ်။ အဲဒါတွေက ဘက်ထရီကို ကုန်ဆုံးစေပါတယ်။ GPS Tracker များရဲ့ ဘက်ထရီ သက်တမ်းကတော့ စမတ်ဖုန်းများထက် များစွာ သာလွန်ပါတယ်။
• Signal Quality – GPS Tracker များရဲ့ Signal ဟာ စမတ်ဖုန်းများထက် များစွာ သာလွန်ကောင်းမွန်ပါတယ်။ အဲဒီအတွက် စမတ်ဖုန်းများကို ခြေရာခံလို့ မရတဲ့ နေရာများမှာတောင် GPS Tracker များက အလုပ်ဖြစ်ပါတယ်။







ref : makeuseof
Via: digitaltimes.com.mm
Android စမတ်ဖုန်းကို Tracking Device အဖြစ် အသုံးပြုနည်း Reviewed by ညီလတ်ထွန်း(နည်းပညာ) on 5:39 AM Rating: 5   Android မှာ GPS ထည့်သွင်းပေးထားတာ အကျိုးများစွာ ရှိစေပါတယ်။ ဥပမာအားဖြင့် သင့်ဖုန်း ပျောက်သွားရင် မြေပုံကနေ ခြေရာခံနိုင်ပါတယ်။ ခရီးသွ...

No comments: