အကယ်၍ သင့်မှာ Android ဖုန်းတစ်လုံးရှိပြီး တက်ကြွတဲ့
ဖေ့စ်ဘွတ်ခ်သုံးစွဲသူယောက်ဖြစ်ပါက မိမိ timeline ပေါ် တက်လာတဲ့ ဗီဒီယိုတွေ
အင်တာနက်ချိတ်စရာမလိုဘဲ အချိန်မရွေး အခေါက်ခေါက်အခါခါပြန်ကြည့်နိုင်အောင်
ဒေါင်းလုဒ်ရယူနည်းတွေကို သိချင်မိပါလိမ့်မယ်။ ဖေ့စ်ဘွတ်ခ်မှာ Download option မရှိပေမယ့် ဒီနည်းလမ်းအသုံးပြုပြီး ဗီဒီယိုတွေ အလွယ်တကူဒေါင်းလုဒ်ရယူနိုင်ပါတယ်။
Android ဖုန်းအတွက်
ဒီနည်းက MyVideoDownloader ခေါ် Third-Party App ဖြင့် လည်ပတ်အလုပ်လုပ်ပါတယ်။
MyVideoDownloader က မိမိဖေ့စ်ဘွတ်ခ်က ဗီဒီယိုတွေ မိမိ Android ဖုန်းသို့ ဒေါင်းလုဒ်ရယူပေးမယ့် ထိပ်တန်း app တစ်ခု ဖြစ်ပါတယ်။ ဒီ VideoDownloader ဖြင့် ဖေ့စ်ဘွတ်ခ်က ဘယ်ဗီဒီယိုကိုမဆို ခေါင်းလုဒ်လုပ်နိုင်ပါတယ်။ မိမိ သို့မဟုတ် မိမိ သူငယ်ချင်းတွေကနေ tag၊ share၊ upload လုပ်ထားတဲ့ ဗီဒီယိုတွေကို ဒီ app အသုံးပြုပြီး ဒေါင်းလုဒ်ရယူနိုင်ပါတယ်။ ပြီးတော့ ကိုယ် like လုပ်ထားတဲ့ ပေ့ခ်ျနဲ့ ဂရို့ပ်တွေက ဗီဒီယိုတို့ကိုလည်း ဒေါင်းလုဒ်ရယူနိုင်ပါသေးတယ်။
PC အတွက်
ဒီအတွက် ဘယ်ဆော့ဖ်ဝဲလ်မှ ဒေါင်းလုဒ်ဆွဲနေစရာမလိုပါဘူး။ ဒီလုပ်ဆောင်ချက်အဆင့်ဆင့်အတိုင်းသာ သွားပါ။
၁။ URL ရှိ www ကို m နဲ့ အစားထိုးပါ။ ဥပမာ- http://www.facebook.com/blahblah - http://m.facebook.com/blahblah ဒီလိုပေါ့။
၂။ Facebook မိုဘိုင်းလ်ဆိုဒ် ရောက်သွားပါလိမ့်မယ်။ မိမိကြိုက်နှစ်သက်တဲ့ ဗီဒီယိုတစ်ခုခုရွေးပါ။
၃။ ဗီဒီယိုဖွင့်ထားရင်း အကယ်၍ Pc အသုံးပြုပါက ဗီဒီယိုပေါ် righ click နှိပ်၊ "save video as" ကို ရွေးပြီး သိမ်းဆည်းချင်တဲ့ နေရာတစ်ခု သတ်မှတ်ပါ။
Click here to download

No comments: