ပျောက်သွားတဲ့ Android စမတ်ဖုန်းတစ်လုံးကို Android Device Manager သုံးပြီး ပြန်ရှာနည်း - ညီလတ်ထွန်း(နည်းပညာ)

728x90 AdSpace

Trending

ပျောက်သွားတဲ့ Android စမတ်ဖုန်းတစ်လုံးကို Android Device Manager သုံးပြီး ပြန်ရှာနည်း

ဖုန်းပျောက်သွားတာတို့ အထားမှားတို့ဆိုတာက မကြာခဏကြုံတွေ့နေရတဲ့ကိစ္စပါ။ အဲ့ဒီလိုမျိုးကိစ္စလေးတွေကို
ဖြေရှင်းနိုင်မယ့်နည်းလမ်းလေးတွေရှိပါတယ်။ Android Device Manager ပါ။ အားနည်းချက်တော့ရှိပါတယ်။
Android Device Manager က ပေါ်နေတာကတော့ (၂)နှစ် နီးပါးလောက်ရှိပါပြီ။ Google Play Store ကနေဒေါင်းလုတ်ဆွဲပြီးသုံးလို့ရပါတယ်။
ပထမဆုံး Google Play Store ကိုဝင်လိုက်ပါ။ ပြီးရင် Android Device Manager ကို Search Box ကနေရှာပြီးတော့ ဒေါင်းလုတ်ဆွဲလိုက်ပါ။
အောက်မှာဖော်ပြထားတဲ့ပုံထဲက ဘယ်ဘက်ကပုံစံမျိုးလေးပေါ်လာပါမယ်။ ပြီးရင် Android Device Manager ကိုဖွင့်လိုက်ပါ။ ညာဘက်ကပုံလေးလိုပေါ်လာပါမယ်။
ကိုယ့်ရဲ့ Gmail အကောင့်နဲ့ password ကိုဖြည့်ပြီးတော့ Sign လုပ်လိုက်ပါ။
အဲ့ဒီအကောင့်နဲ့ password ကတော့ နည်းနည်းအရေးကြီးပါတယ်။ နောက်ကျရင်အဲ့ဒီအကောင့်ကိုသုံးပြီးတော့ ပြန်ရှာရမှာမို့လို့ပါ။
android device manager
ကျွန်တော်ကဒီမနက်မှာ Red Mi 3 ဖုန်းနဲ့ စမ်းသပ်ကြည့်ခဲ့ပါတယ်။ Android Version က 5.1.1 Lollipop ပါ။
ကျွန်တော်ရဲ့ Laptop Browser ကနေပြီးတော့ Address Bar မှာ www.android.com/devicemanager လို့ ရိုက်လိုက်ပါတယ်။ အဲ့ဒီအချိန်မှာ ကျွန်တော်ကို အောက်ကပုံလိုမျိုးပေါ်လာပြီးတော့ Sign in လုပ်ခိုင်းပါတယ်။
android device manager
Sign in လုပ်ပြီးတဲ့အခါမှာတော့ ကျွန်တော့်ဖုန်းရဲ့တည်နေရာက Google Map မှာပေါ်လာပါတယ်။ အရမ်းလွယ်ကူပါတယ်။
android device manager location
Ring, Lock & Erase ဆိုပြီးတော့ Function တွေပါပါတယ်။ ring function ကိုနှိပ်လိုက်ရင်တော့ ကိုယ့်ရဲ့ဖုန်း Ring tone က ငါးမိနစ်တိတိအကျယ်ကြီးမည်နေမှာဖြစ်ပါတယ်။ Lock ကတော့ ဖုန်းကို လှမ်းပြီး Lock ချတာဖြစ်ပြီး Erase ကတော့ ဖုန်းထဲက Data တွေကို ဖျက်ပစ်တာဖြစ်ပါတယ်။
အားနည်းချက်ကတော့ ဖုန်းမှာအင်တာနက်ချိတ်ဆက်မှုရှိနေမှရမှာပါ။
အားသာချက်ကတော့ ကိုယ့်ချစ်သူရဲ့ဖုန်းကိုအသာတကြည်ရအောင်တောင်း ပြီးရင် Android Device Manager ကို Install လုပ်ပြီးတော့ ကိုယ့် Gmail နဲ့ Sign in ဝင်ထားလိုက်ပါ။ သူဘယ်နေရာကနေ online သုံးနေတယ်။ ဘယ်ရောက်နေတယ်ဆိုတာကို အမြဲသိနေရမှာနော်။
မှတ်ချက်။ Android Version အဟောင်းတွေဆိုရင်တော့ အနည်းငယ်ကွဲလွဲမှုရှိနိုင်ပါတယ်..




Click here to download






Credit-မင်းသုခ (အခရာ)
www.nyilattun.com

ပျောက်သွားတဲ့ Android စမတ်ဖုန်းတစ်လုံးကို Android Device Manager သုံးပြီး ပြန်ရှာနည်း Reviewed by ညီလတ်ထွန်း(နည်းပညာ) on 6:30 AM Rating: 5 ဖုန်းပျောက်သွားတာတို့ အထားမှားတို့ဆိုတာက မကြာခဏကြုံတွေ့နေရတဲ့ကိစ္စပါ။ အဲ့ဒီလိုမျိုးကိစ္စလေးတွေကို ဖြေရှင်းနိုင်မယ့်နည်းလမ်းလေးတွေရှိပါတယ်...

No comments: