IMDb မှာ Rating: 8.1/10 ရရှိထားတဲ့ တချိန်က
အလွန်လူကြိုက်များလှတဲ့ Drama, Family အမျိုးအစား
ဇာတ်ကားကောင်းလေးပါ..။
ဇာတ်လမ်းက လူနဲ့တိရစ္ဆာန်တကောင်ရဲ့ကြားက
မမြင်နိုင်တဲ့ သံယောဇဉ် ကိုဖွင့်ဆိုထားတဲ့ဇာတ်ကားလေးပါ..။
ပါမောက္ခ Parker Wilson တယောက် အလုပ်ကအပြန်မှာ
ပိုင်ရှင်မဲ့ ခွေးလေးတကောင်ဖြစ်တဲ့ Hachi ကို တွေ့ရာကနေ
အိမ်ကိုခေါ်ထားပြီး ခွေးပိုင်ရှင်တလွယ်တကူရှာတွေ့အောင်
နေရာအနှံ ကြော်ငြာစာရွက်တွေလိုက်ကပ်ပြီး
ပိုင်ရှင်လက်ထဲပြန်ပို့ဖို့ ကြိုးစားပေမယ့်...
ဘယ်ကမှ အဆက်သွယ်ပြန်မလုပ်ကြပါဘူး။
ဒါနဲ့ပဲ Hachi လေးကို သူစောင့်ရှောက်မွေးမြူဖို့ဆုံးဖြတ်လိုက်တယ်။
ဒီလိုနဲ့ သူတို့ နှစ်ယောက်ဟာ သံယောဇဉ်တွေတွယ်သွားကြပြီး
မနက်သူအလုပ်သွားတိုင်း Hachi လေးက လိုက်ပို့လို့
ဘူတာရုံက လူတိုင်းလိုလိုHachi လေးကို အကျွမ်းတ၀င်ရှိကြတယ်။
တနေ့မှာတော့ Hachi လေးက သူအလုပ်မသွားဖို့
အမူအရာအမျိုးမျိုးနဲ့ တားနေပါတယ်..။
အဲဒီနေ့မှာ Parker Wilson ရုတ်တရက်ကွယ်လွန်သွားပါတယ်။
သူ့ခွေးလေးကတော့ သူပြန်မလာနိုင်တော့တဲ့ လမ်းရဲ့
စောင့်နေကြနေရာလေးကနေ စောင့်နေတာပေါ့...။
နာရီတွေပြောင်းသွားပေမယ့် Hachi လေးကတော့စောင့်မြဲစောင့်လျှက်ပဲ။
နောက်ပိုင်း Parker Wilson ကျန်ရစ်သူမိသားစုအိမ်ပြောင်းသွားတော့လည်း
မိုင်းပေါင်းများစွာကို ခက်ခက်ခဲခဲ ဖြတ်ကျော်ပြီး Parker Wilson
Click here to download

အလာလမ်းက စောင့်နေလေ့ရှိတယ်...။
လူနဲ့ ခွေးလေးတကောင်ရဲ့ကြားက ဆက်နွယ်နေတဲ့
သံယောဇဉ်ကို သိမ်သိမ်မွေ့မွေ့နဲ့ ဖော်ကြူထားတဲ့
သာမန်ရုပ်ရှင်တကားထက် ထူးခြားတဲ့ ဒီဇာတ်ကားကို
မကြည့်ရသေးရင် ကြည့်ဖို့သင့်တဲ့
ဇာတ်ကားကောင်းတကားဖြစ်တယ်ဆိုတာညွန်းပါရစေ...

ပုံမှန်အတိုင် pCloud ကနေပဲတင်ပေးလိုက်ပါတယ်။
Download 720p 793 MB
No comments: