နာမည်ကျော် ညစ်ညမ်းဆိုက်များကို ဖိလစ်ပိုင် တားမြစ် - ညီလတ်ထွန်း(နည်းပညာ)

728x90 AdSpace

Trending

နာမည်ကျော် ညစ်ညမ်းဆိုက်များကို ဖိလစ်ပိုင် တားမြစ်

နာမည်ကျော် ညစ်ညမ်းဝက်ဘ်ဆိုက်များဖြစ်တဲ့ XVideos, Redtube နဲ့ Pornhub တို့ကို ဖိလစ်ပိုင်ရဲ့ ISP နှစ်ခုက တားမြစ်ပိတ်ပင်လိုက်ပါတယ်။
အဲဒီဆိုက်များကို portable ထုတ်ကုန်တွေနဲ့ စားပွဲတင် ကွန်ပျူတာတွေကနေ အသုံးပြုလို့မရတော့ဘဲ ကလေးသူငယ် လိင်မှုပုံရိပ်တိုက်ဖျက်ရေး ဥပဒေများကြောင့် တားမြစ်ထားတယ်ဆိုတဲ့ စာတန်းတစ်ခုကိုသာ တွေ့မြင်ရတယ်လို့ Smart နဲ့ Sun Cellular သုံးစွဲသူများက ဆိုပါတယ်။
ညစ်ညမ်းဆိုက်တွေကို ရုတ်တရက် တားမြစ်ပိတ်ပင်ရတဲ့ အကြောင်းအရင်းကိုတော့ ဖိလစ်ပိုင်အစိုးရက ထုတ်ပြန်ခဲ့ခြင်း မရှိပါဘူး။
ဖိလစ်ပိုင်ရဲ့ အမျိုးသားဆက်သွယ်ရေး ကော်မရှင်ကတော့ ISP အားလုံးအနေနဲ့ ညစ်ညမ်းဆိုက်တွေကို တားမြစ်ဖို့ ဇန်နဝါရီ ၁၄ ရက်က ညွှန်ကြားခဲ့တယ်လို့ CNN ထံ အတည်ပြုခဲ့ပါတယ်။
ဒါပေမဲ့ Globe နဲ့ အခြား ISP သုံးစွဲသူတွေကတော့ အဲ့ဒီဆိုက်တွေကို ဆက်လက် အသုံးပြုနေဆဲ ဖြစ်တယ်လို့ ဆိုပါတယ်။
Pornhub ကတော့ သူတို့ရဲ့ဝက်ဘ်ဆိုက်ကို ပျှမ်းမျှအားဖြင့် အချိန်အကြာဆုံး သုံးစွဲသူများဟာ ဖိလစ်ပိုင်နိုင်ငံက ဖြစ်တယ်လို့ မကြာသေးခင်က ထုတ်ပြန်ခဲ့ပါတယ်။
ဖိလစ်ပိုင်နိုင်ငံမှာရှိတဲ့ သုံးစွဲသူများရဲ့ ပျှမ်းမျှကြည့်ရှုချိန်ဟာ ၁၂ မိနစ်နဲ့ ၄၅ စက္ကန့်ဖြစ်ပြီး ကမ္ဘာတစ်ဝန်းပျှမ်းမျှနှုန်းထက် ၃ မိနစ်ခန့် များပြားတယ်လို့ သိရပါတယ်။



Ref: BBC
Post By: နောင်နောင်
Credit- http://internetjournal.media/
www.nyilattun.com


နာမည်ကျော် ညစ်ညမ်းဆိုက်များကို ဖိလစ်ပိုင် တားမြစ် Reviewed by ညီလတ်ထွန်း(နည်းပညာ) on 7:36 AM Rating: 5 နာမည်ကျော် ညစ်ညမ်းဝက်ဘ်ဆိုက်များဖြစ်တဲ့ XVideos, Redtube နဲ့ Pornhub တို့ကို ဖိလစ်ပိုင်ရဲ့ ISP နှစ်ခုက တားမြစ်ပိတ်ပင်လိုက်ပါတယ်။ အဲဒ...

No comments: