Apple AirPods သုံးစွဲသူများ သိထားသင့်သည့် အချက် (၇) ချက် - ညီလတ်ထွန်း(နည်းပညာ)

728x90 AdSpace

Trending

Apple AirPods သုံးစွဲသူများ သိထားသင့်သည့် အချက် (၇) ချက်

အချိန်အတန်ကြာ နှောင့်နှေးကြန့်ကြာ ခဲ့ပြီးတဲ့နောက် Apple က AirPods ကို တင်ပို့ရောင်းချ လိုက်ပါပြီ။ ဒါကြောင့် Apple ကြိုးမဲ့နားကြပ်ကို သုံးစွဲရာမှာ သိထားသင့်တဲ့ အချက် (၇) ချက်ကို ဖော်ပြလိုက်ပါတယ်။
iPhone နဲ့ ချိတ်ဆက်ခြင်း

AirPods ကို ချိတ်ဆက်တဲ့ လုပ်ငန်းစဉ်က ၃ စက္ကန့်ပဲ ကြာပါတယ်။ Charging case ကိုဖွင့်ပြီး ဖုန်းမှာပေါ်လာတဲ့ Connect ကို နှိပ်လိုက်တာနဲ့ ချိတ်ဆက်လို့ပြီးပါပြီ။
အခြားထုတ်ကုန်များနဲ့ ချိတ်ဆက်ခြင်း

AirPods ရဲ့ ကျောဘက်မှာ semi-hidden ခလုတ်ငယ်တစ်ခုပါဝင်ပါတယ်။ အဲ့ဒီခလုတ်ကို AirPods ကနေ Android ထုတ်ကုန် ဒါမှမဟုတ် Apple TV စတာတွေနဲ့ ချိတ်ဆက်ရာမှာ အသုံးပြုနိုင်ပါတယ်။
iPhone တွင် ဘက်ထရီအခြေအနေ စစ်ဆေးခြင်း

AirPods နဲ့ charging case ရဲ့ ဘက်ထရီအခြေအနေကို နည်းလမ်းအချို့နဲ့ စစ်ဆေးနိုင်ပါတယ်။ iPhone ဘေးမှာ charging case ကိုဖွင့်ထားတဲ့အခါ ဘက်ထရီအခြေအနေကို popup တစ်ခုနဲ့ ဖော်ပြပေးနိုင်ပါတယ်။ ဒါ့အပြင် Notification Center ရဲ့ Today panel မှာ battery widget ကို ထည့်သွင်းပြီးလည်း ဘက်ထရီအခြေအနေကို သိရှိနိုင်ပါတယ်။ Battery widget ကိုတော့ AirPods ကို သုံးနေစဉ်အတွင်းမှာပဲ ထည့်သွင်းနိုင်ပါလိမ့်မယ်။
Apple Watch တွင် ဘက်ထရီအခြေအနေ စစ်ဆေးခြင်း

Apple Watch သုံးစွဲသူများကတော့ AirPods ကို အသုံးပြုတဲ့အခါမှာ Apple Watch ပေါ်က Control Center ကိုဖွင့်ပြီး battery ခလုတ်ကိုနှိပ်ကာ စစ်ဆေးနိုင်ပါတယ်။ အဲ့ဒီအခါ နာရီရဲ့ ဘက်ထရီအခြေအနေနဲ့အတူ AirPods ရဲ့ ဘက်ထရီအခြေအနေကိုပါ တွေ့မြင်ရပါမယ်။
AirPods နာမည် ပြောင်းလဲခြင်း

AirPods နာမည်ကို ပြောင်းလဲလိုတဲ့အခါ Settings > Bluetooth သို့သွားရောက်ပြီး AirPod ရဲ့ နာမည်ဘေးက “i” icon ကိုနှိပ်ပြီး ပြုလုပ်နိုင်ပါတယ်။
Siri အသုံးပြုခြင်း
AirPods ရဲ့ settings မှာ double-tap လုပ်ဆောင်ချက်ကို play/pause ကနေ Siri ကို ပြောင်းလိုက်ရုံနဲ့ Siri ကိုသုံးနိုင်ပါတယ်။
Mac တွင် AirPods အသုံးပြုခြင်း

AirPods ကို Mac နဲ့ ချိတ်ဆက်ပြီး အသုံးပြုလိုတဲ့အခါ audio output device ကို ရွေးချယ်ပေးဖို့ လိုပါတယ်။ Menu bar က speaker icon ကို click နှိပ်ပြီး AirPods ကို ရွေးချယ်ရုံနဲ့ အသုံးပြုနိုင်ပါတယ်။





Ref: CNET
Credit-နောင်နောင်(http://internetjournal.media/)
www.nyilattun.com

Apple AirPods သုံးစွဲသူများ သိထားသင့်သည့် အချက် (၇) ချက် Reviewed by ညီလတ်ထွန်း(နည်းပညာ) on 4:59 AM Rating: 5 အချိန်အတန်ကြာ နှောင့်နှေးကြန့်ကြာ ခဲ့ပြီးတဲ့နောက် Apple က AirPods ကို တင်ပို့ရောင်းချ လိုက်ပါပြီ။ ဒါကြောင့် Apple ကြိုးမဲ့နားကြပ်ကို...

No comments: