ကွန်ပျူတာ
အားလုံးအတွက် Antivirus software က အရမ်းအရေးပါပါတယ်။ ဗိုင်းရပ်စ်တွေကို
မကာကွယ်ထားဘူးဆိုရင် ကိုယ့်ရဲ့ တစ်ကိုယ်ရေအချက်အလက်တွေ
ဆုံးရှုံးရနိုင်ပါတယ်။ ခေတ်ပေါ် antivirus app တွေဟာ အလွယ်တကူ download
ပြုလုပ်နိုင်သလို အခမဲ့အနေနဲ့လည်း အသုံးပြုနိုင်ပါတယ်။ ဒါကြောင့်
ကိုယ့်ရဲ့ကွန်ပျူတာကို ဗိုင်းရပ်စ်ရန်ကနေ ကာကွယ်ပေးနိုင်မယ့် အကောင်းဆုံး
Antivirus (၁၀) မျိုးကို ဖော်ပြလိုက်ပါတယ်။
Avira (Windows, Mac)

ခိုင်မာအားကောင်းတဲ့ စွမ်းဆောင်ရည်နဲ့ အလွယ်တကူသုံးနိုင်တဲ့ tool တွေအတွက်ဆိုရင် Avira က အကောင်းဆုံး ရွေးချယ်မှုတစ်ရပ် ဖြစ်ပါတယ်။ AV-Comparatives ရဲ့ antivirus စမ်းသပ်စစ်ဆေးမှုအရ Pro ဗားရှင်းဟာ ကာကွယ်မှုနှုန်း ၉၉.၉ ရာခိုင်နှုန်း ပေးစွမ်းနိုင်တယ်လို့ ဆိုပါတယ်။ အခမဲ့ဗားရှင်းကလည်း အလားတူ စွမ်းဆောင်မှုမျိုး ပေးစွမ်းနိုင်ပါတယ်။ Scheduling option တွေကိုလည်း အလွယ်တကူသုံးနိုင်ပြီး တစ်ပတ်အတွင်း scan လုပ်မယ့် အကြိမ်အရေအတွက်ကို ဖန်တီးထားနိုင်ပါတယ်။ Quick daily scan နဲ့ weekly full scan တွေကိုလည်း သတ်မှတ်ထားနိုင်ပါတယ်။
Download Avira for Windows
Download Avira for Mac
Bitdefender (Windows)

ကာကွယ်မှုနှုန်းထား ၉၉.၉ ရာခိုင်နှုန်း ပေးစွမ်းနောက်တဲ့ နောက်ထပ် antivirus app တစ်ခုကတော့ Bitdefender ဖြစ်ပါတယ်။ ဒီ app မှာ Anti-phishing နဲ့ anti-fraud feature တွေ ပါဝင်တာကြောင့် ပိုကောင်းတဲ့ ကာကွယ်မှု စနစ်တွေနဲ့ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။
Download Bitdefender for Windows
Avast (Windows, Mac)

Avast ရဲ့ ကာကွယ်မှုနှုန်းက ၉၉.၆ ရာခိုင်နှုန်းဖြစ်ပါတယ်။ Resource usage နည်းတာကြောင့် ကွန်ပျူတာရဲ့ စွမ်းဆောင်ရည် နှေးကွေးတာမျိုး ဖြစ်ပေါ်စေမှာ မဟုတ်ပါဘူး။ Interface ကိုလည်း အလွယ်တကူ အသုံးပြုနိုင်ပြီး အခမဲ့ antivirus တစ်ခုကို ရှာဖွေနေသူများအတွက် အကောင်းဆုံး ရွေးချယ်စရာတစ်ခု ဖြစ်ပါတယ်။
Download Avast for Windows
Download Avast for Mac
AVG (Windows, Mac)

နောက်ထပ် အခမဲ့ antivirus app တစ်ခုကတော့ နာမည်ကျော် AVG ဖြစ်ပါတယ်။ AVG ဟာ ကာကွယ်မှုနှုန်း (၉၉.၆ ရာခိုင်နှုန်း) နဲ့ system resource usage အဆင့်ရပ်တည်ချက် ကောင်းမွန်ပါတယ်။ မလိုအပ်တဲ့အရာတွေကို ရှင်းလင်းပေးမယ့် system cleanup နဲ့ mobile antivirus တို့ကို ထောက်ပံ့ပေးထားပါတယ်။
Download AVG for Windows
Download AVG for Mac
Lavasoft Ad-Aware Free (Windows)

Lavasoft ရဲ့ pro ဗားရှင်းကတော့ ကာကွယ်မှုနှုန်း ၉၉. ၃ ရာခိုင်နှုန်းရှိပါတယ်။ အခြား antivirus option တွေထက် resource တွေ ပိုမိုသုံးစွဲပေမယ့် Windows သုံးစွဲသူတွေအတွက် အကောင်းဆုံး ရွေးချယ်စရာတစ်ခုအနေနဲ့ ရပ်တည်နေဆဲဖြစ်ပါတယ်။ Anti-adware နဲ့ Anti-spyware feature တွေကို ထောက်ပံ့ပေးထားပါတယ်။
Download Ad-Aware Free for Windows
eScan Anti-Virus Toolkit (Windows)

ဒီ toolkit ကတော့ အခြား option တွေနဲ့ ကွာခြားပါတယ်။ Install လုပ်ဖို့မလိုဘဲ download လုပ်ရုံနဲ့ အသုံးပြုနိုင်တာကြောင့် USB drive တစ်ခုထဲထည့်ပြီး အသုံးပြုနိုင်ပါတယ်။ ဒါ့အပြင် အခြား antivirus တစ်ခုကို အသုံးပြုထားသည့်တိုင် ဒီ toolkit ကို သုံးနိုင်ပါတယ်။ Installation မလိုတဲ့အတွက်ကြောင့် real-time defense နဲ့ schedule တွေကို သုံးနိုင်မှာ မဟုတ်ပါဘူး။ အဲ့ဒီလုပ်ဆောင်ချက်တွေအတွက် antivirus ကို သုံးမယ်ဆိုရင်တော့ ဒီ toolkit ကို မသုံးသင့်ပါဘူး။
Download eScan Anti-Virus Toolkit for Windows
Trend Micro HouseCall (Windows, Mac)
HouseCall ကိုလည်း အလျင်အမြန် download လုပ်ပြီး သုံးနိုင်ပါတယ်။ Scheduling option တွေနဲ့ real-time protection တွေကိုတော့ သုံးနိုင်မှာမဟုတ်ပါဘူး။ ဒါပေမဲ့ ကွန်ပျူတာမှာ ဗိုင်းရပ်စ်ကူးစက်ခံနေရပြီဆိုရင်တော့ ဒီ tool ကို သုံးပြီး စစ်ဆေးတာက အကောင်းဆုံးနည်းလမ်း ဖြစ်ပါလိမ့်မယ်။
Download HouseCall for Windows
Download HouseCall for Mac
Malwarebytes Anti-Malware (Windows, Mac)

ဒီ anti-malware ကတော့ adware တွေကို ဖယ်ရှားပေးနိုင်တဲ့ အရွယ်သေးငယ်ပြီး လျင်မြန်တဲ့ app ဖြစ်ပါတယ်။ Upgrade မလုပ်ရင်တော့ manual scan လုပ်ဆောင်ချက်တွေကိုသာ ရနိုင်ပြီး real-time protection ကို သုံးနိုင်မှာ မဟုတ်ပါဘူး။
Download Malwarebytes for Windows (မှတ်ချက်။ အခမဲ့အနေနဲ့ ၁၄ ရက် စမ်းသပ်သုံးနိုင်ပါတယ်။ အဲ့ဒီနောက်မှာတော့ basic feature တွေနဲ့ပဲ ဆက်သုံးရမှာပါ။)
Download Malwarebytes for Mac
Panda Free Anti-Virus (Windows)
Paid ဗားရှင်းကို upgrade လုပ်ခိုင်းမယ့် screen တွေ ခဏခဏတက်ပေမယ့်လည်း Panda မှာ cloud နဲ့ အလုပ်လုပ်နိုင်သလို system resource ရှင်းလင်းပေးတဲ့ အားသာချက်တွေရှိပါတယ်။ လက်တွေ့အသုံးတည့်တဲ့ app တစ်ခုဖြစ်ပြီး interface နဲ့ configuration ရှုပ်ထွေးမှုအပေါ် စိုးရိမ်စရာ မလိုပါဘူး။
Download Panda for Windows
ZoneAlarm Free Anti-Virus (Windows)
Feature အပြည့်အစုံကို အခမဲ့ အသုံးပြုနိုင်စေမယ့် app ဖြစ်ပါတယ်။ စံသတ်မှတ်ထားတဲ့ antivirus feature အားလုံးအပြင် basic firewall တစ်ခုကိုလည်း ထည့်သွင်းပေးထား ပါတယ်။
Download ZoneAlarm Free for Windows

Ref: MakeUseOf
Credit- http://internetjournal.media/
No comments: