၂၀၁၈ မှာ မောင်းသူမဲ့ မိုးပျံကား ဖန်တီးမယ့် Airbus - ညီလတ်ထွန်း(နည်းပညာ)

728x90 AdSpace

Trending

၂၀၁၈ မှာ မောင်းသူမဲ့ မိုးပျံကား ဖန်တီးမယ့် Airbus

Airbus ကုမ္ပဏီဟာ မောင်းသူမဲ့ မိုးပျံကားရဲ့ ရှေ့ပြေးပုံစံတစ်မျိုးကို ဒီနှစ်ကုန်ပိုင်းမှာ ဖန်တီးသွားမယ်လို့ အမှုဆောင်အရာရှိချုပ် တွမ်အန်ဒါစ်က မြူးနစ်မှာပြုလုပ်ခဲ့တဲ့ DLD ဒီဂျစ်တယ် နည်းပညာ ကွန်ဖရင့်စ်မှာ ပြောကြားလိုက်ပါတယ်။
“လွန်ခဲ့တဲ့ နှစ်တစ်ရာက မြို့ပြသယ်ယူ ပို့ဆောင်ရေးအတွက် မြေအောက်ရထားကိုပဲ အဓိက အသုံးပြုခဲ့ကြပါတယ်။ အခုအခါမှာတော့ မြေပြင်အထက်မှာ သွားလာနိုင်တဲ့ နည်းပညာတွေကို ကျွန်တော်တို့ ပိုင်ဆိုင်ထားပါပြီ” လို့ အန်ဒါစ်က ပြောကြားခဲ့ပါတယ်။
ကားလမ်း ပိတ်ဆို့မှုကို ရှောင်လွှဲနိုင်မယ့် နည်းလမ်းတစ်ရပ်အဖြစ် လူတစ်ယောက် စီးနင်းနိုင်တဲ့ မောင်းသူမဲ့မိုးပျံကား ရှေ့ပြေးပုံစံတစ်မျိုးကို ဒီနှစ်ကုန်ပိုင်းမှာ စမ်းသပ်သွားဖို့ စီစဉ်ထားတယ်လို့ အန်ဒါစ်က ဆိုပါတယ်။
သယ်ယူပို့ဆောင်ရေးအတွက် ဝေဟင်ကို အသုံးပြုတာဟာ မြို့တော်များအတွက် အခြေခံအဆောက်အအုံ ကုန်ကျစရိတ်ကို လျော့နည်းသက်သာ စေမှာဖြစ်ပါတယ်။ “မိုးပျံကားတွေအတွက် ကွန်ကရစ် တံတားတွေနဲ့ လမ်းတွေ တည်ဆောက်ဖို့ ငွေအများကြီး သုံးစရာမလိုပါဘူး” လို့ အန်ဒါစ်က ပြောကြားခဲ့ပါတယ်။
စီးပွားဖြစ် ရဟတ်ယာဉ်တွေကို ထုတ်လုပ်တဲ့ ကမ္ဘာ့အကြီးဆုံး ကုမ္ပဏီ Airbus အနေနဲ့ မောင်းသူမဲ့နည်းပညာနဲ့ artificial intelligence လိုမျိုး နည်းပညာသစ်များကို ဖန်တီးရန်အတွက် ရင်းနှီးမြှုပ်နှံမှု ပြုလုပ်သွားဖို့ ဆန္ဒရှိခဲ့တယ်လို့ ဆိုပါတယ်။
Airbus ပြောရေးဆိုခွင့် ရှိသူတစ်ဦးကတော့ ကုမ္ပဏီရဲ့ ရင်းနှီးမြှုပ်နှံမှု ပမာဏကို ပြောကြားဖို့ ငြင်းဆိုခဲ့ပါတယ်။



Ref: Reuters
Post By: နောင်နောင်

Credit-http://internetjournal.media/
ww.nyilattun.com





၂၀၁၈ မှာ မောင်းသူမဲ့ မိုးပျံကား ဖန်တီးမယ့် Airbus Reviewed by ညီလတ်ထွန်း(နည်းပညာ) on 7:26 AM Rating: 5 Airbus ကုမ္ပဏီဟာ မောင်းသူမဲ့ မိုးပျံကားရဲ့ ရှေ့ပြေးပုံစံတစ်မျိုးကို ဒီနှစ်ကုန်ပိုင်းမှာ ဖန်တီးသွားမယ်လို့ အမှုဆောင်အရာရှိချုပ် တွမ်အန်...

No comments: