Windows 10 တွင် God Mode ကို Enable ပြုလုပ်ခြင်း - ညီလတ်ထွန်း(နည်းပညာ)

728x90 AdSpace

Trending

Windows 10 တွင် God Mode ကို Enable ပြုလုပ်ခြင်း

Windows Operating System ရဲ့ God Mode ဆိုတာကတော့ Windows အတွင်းရှိ Settings တွေကို တစ်နေရာတည်းကနေ အသုံးပြုနိုင်အောင် စီစဉ်ထားတဲ့ backdoor တစ်ခုဖြစ်ပါတယ်။
God Mode ကနေ Windows Operating System အတွင်းက Settings တွေကို အလွယ်တကူနဲ့ အလျင်အမြန် ပြင်ဆင်နိုင်မှာဖြစ်တဲ့အတွက် ပုံမှန် Settings တွေကို တစ်နေရာချင်းစီ သွားရောက် ပြင်ဆင်စရာမလိုတော့ပါဘူး။ Windows 10 မှာ God Mode ကို Enable ပြုလုပ်ဖို့အတွက် ဖော်ပြပါ နည်းလမ်းအတိုင်း ပြုလုပ်နိုင်မှာဖြစ်ပါတယ်။
Windows 10 တွင် God Mode ကို Enable ပြုလုပ်ဖို့ဆိုရင် Desktop ပေါ်မှာ Right-click နှိပ်ပါ။ New > Folder ဆိုတာကိုရွေးချယ်ရပါမယ်။ Folder ပေါ်လာရင် Folder Name နေရာမှာ ဖော်ပြထားတဲ့
GodMode.{ED7BA470-8E54-465E-825C-99712043E01C} ဆိုတဲ့ code ကို ထည့်သွင်းပေးရပါမယ်။ ပြီးသွားရင် Enter နှိပ်လိုက်ပါ။ ဒါဆိုရင် folder icon ဟာ ပြောင်းလဲသွားပါလိမ့်မယ်။ အဆိုပါ icon ကို double-click နှိပ်လိုက်ရင် Windows 10 ရဲ့ God Mode ကို စတင် အသုံးပြုနိုင်ပြီ ဖြစ်ပါတယ်။



Ref: windowscentral
Credit- internetjournal



Windows 10 တွင် God Mode ကို Enable ပြုလုပ်ခြင်း Reviewed by ညီလတ်ထွန်း(နည်းပညာ) on 3:10 AM Rating: 5   Windows Operating System ရဲ့ God Mode ဆိုတာကတော့ Windows အတွင်းရှိ Settings တွေကို တစ်နေရာတည်းကနေ အသုံးပြုနိုင်အောင် စီစဉ်ထားတဲ့ b...

No comments: