ကျပ်သုံးသိန်းအောက် အကောင်းဆုံး စမတ်ဖုန်းများ (Update) - ညီလတ်ထွန်း(နည်းပညာ)

728x90 AdSpace

Trending

ကျပ်သုံးသိန်းအောက် အကောင်းဆုံး စမတ်ဖုန်းများ (Update)

စမတ်ဖုန်းသုံးစွဲတဲ့ ဈေးကွက်ကျယ်ပြန့်လာတာကြောင့် စမတ်ဖုန်းထုတ်လုပ်သူတွေလည်း များပြားလာပြီး ဈေးနှုန်းနည်းနည်းနဲ့ ပစ္စည်းကောင်းကောင်းတွေလည်း ရလာနိုင်ပါတယ်။ ဒီနှစ်အတွင်းထွက်ခဲ့တဲ့ ဖုန်းတွေအပါအဝင် လုပ်ဆောင်ချက် ကောင်းမွန်တဲ့ ဖုန်းအတော်များများဟာလည်း တန်ဖိုးသင့်မော်ဒယ်တွေအဖြစ်ထွက်လာခဲ့တာပါ။ ဒါကြောင့် ကျွန်တော်က ဒီဇင်ဘာလအတွင်း Update အနေနဲ့ ကျပ်သုံးသိန်းအောက်နဲ့ ရနိုင်မယ့် စမတ်ဖုန်းတွေကို တင်ပြပေးလိုက်ပါတယ်။

Motorola Moto G4 Plus

Image result for Motorola Moto G4 Plus

Motorola ရဲ့ G4 Plus ဟာဆိုရင်တော့ Lenovo ရဲ့ ထုတ်ကုန်တွေထဲမှာ အမျိုးအစားသုံးမျိုးထုတ်လုပ်ထားတဲ့ အထဲက တစ်ခုပါပဲ။ အမြှင့်ဆုံး လုပ်ဆောင်ချက်တွေနဲ့ Moto G4 Plus ဟာ 1080p မျက်နှာပြင်နဲ့ Fingerprint Sensor, တွေပါဝင်တာပါ။ ဒါကြောင့် ၂၀၁၆ခုနှစ်ရဲ့ ဘတ်ဂျက်ဖုန်းတွေထဲမှာတော့ မှတ်သားဖွယ်ဖုန်းအမျိုးအစားတစ်မျိုးပါပဲ။
ဈေးနှုန်းကတော့ ကျပ်သုံးသိန်းပတ်ဝန်းကျင်ရှိပါတယ်။

Honor 5X

Image result for honor 5x
Huawei ရဲ့ Honor စီးရီးထဲက Honor 5 ဟာ Fingerprint ဆင်ဆာပါဝင်ပြီး မျက်နှာပြင်အကျယ် ၅.၅လက်မအရွယ် Full HD မျက်နှာပြင်၊ Snapdragon 616 Processor, 16GB Storage နဲ့ microSD ကတ်ကို 128GB အထိ တိုးမြှင့်နိုင်မှာ ဖြစ်ပါတယ်။ 13MP ကျောဘက်ကင်မရာ၊ 3000 mAh ဘက်ထရီနဲ့ Marshmallow 6.0 Android ဗားရှင်းနဲ့ အလုပ်လုပ်မှာ ဖြစ်ပါတယ်။ Honor 5X ကို Dark Grey Daybreak Silver နဲ့ Sunset Gold ဆိုပြီး အရောင်သုံးမျိုးရှိမှာဖြစ်ကာ ဈေးနှုန်းကျပ် ၂၅၀၀၀၀ ဝန်းကျင်ရှိပါတယ်။

Asus Zenfone 5 LTe

Best budget smartphones 2016: The best phones available to buy for under £200 - photo 1
Zenfone 5 ဟာ Asus ကထုတ်လုပ်ထားတဲ့ ဘတ်ဂျက်ဖုန်းတွေထဲမှာ Entry Level Android ဖုန်းတွေနဲ့ Top Level Flagship တွေရဲ့ ကွာခြားချက်ကို လျှော့ချနိုင်ခဲ့တဲ့ အမျိုးအစားတစ်ခုဖြစ်ပါတယ်။ မျက်နှာပြင်အကျယ် ၅လက်မရှိပြီး ၄လက်မနဲ့ မျက်နှာပြင်ကျယ် ကြိုက်သူတွေအတွက် ၆လက်မဆိုပြီးတော့လည်း နှစ်မျိုး ထုတ်လုပ်ထားပါသေးတယ်။ သေသပ်ပြီး၊ Premium ဆန်တဲ့ဒီဇိုင်းကိုထည့်သွင်းထားတာလည်း ဖြစ်ပါတယ်။ ဈေးနှုန်းကတော ကျပ် ၁၈၀၀၀၀ ဝန်းကျင်ရှိပါတယ်။

Sony Xperia M4 Aqua

Best budget smartphones 2016: The best phones available to buy for under £200 - photo 3
Sony ရဲ့ Xperia M4 Aqua ဟာ MWC 2015 ပွဲမှာ ထုတ်ဖော်ခဲ့တဲ့ အလယ်အလတ်တန်းစား စမတ်ဖုန်းအမျိုးအစားဖြစ်ပါတယ်။ Sony စမတ်ဖုန်းတွေရဲ့ အဓိကလုပ်ဆောင်ချက်တစ်ခုဖြစ်တဲ့ ရေစိမ်ခံနိုင်တဲ့ စွမ်းရည်ကို ထည့်သွင်းပေးထားပါတယ်။
Sony Xperia M4 Aqua ဟာ ဒီဇိုင်းနဲ့တခြားစွမ်းရည်တွေကို Xperia Z3, Z3+ စတဲ့ ဖုန်းတွေနဲ့ တူညီအောင်လုပ်ထားတာပါ။ ဈေးနှုန်းကတော့ ကျပ် ၂၀၀၀၀၀ ပတ်ဝန်းကျင်ရှိပါတယ်။

OnePlus X

Best budget smartphones 2016: The best phones available to buy for under £200 - photo 4
OnePlus X ဟာ ပြီးခဲ့တဲ့ ၂၀၁၅ အောက်တိုဘာလတုန်းက ထုတ်လုပ်ခဲ့တာဖြစ်ပြီး AMOLED မျက်နှာပြင်၊ Fingerprint Sensor တွေပါဝင်ပါတယ်။ ဒါပေမယ့် ညီနောင်ဖုန်းအနေနဲ့ ထုတ်လုပ်ခဲ့တဲ့ OnePlus 2 ဖုန်းထက် ပါးပါးလေး ဈေးများသွားပါတယ်။ ဈေးနှုန်းကျပ် ၂၀၀၀၀၀ ပတ်ဝန်းကျင်ရှိပါတယ်။

Oppo F1s

Image result for Oppo F1s
Oppo ရဲ့ Selfie ဘုရင်ဆိုပြီး အုန်းအုန်းထအောင် ကြော်ငြာနေတဲ့ ဖုန်းပါ။ ဈေးကတော့ Official Facebook မှာဖော်ပြထားချက်အရ ၂၆၉၀၀၀ ကျပ်ရှိပါတယ်။ လုပ်ဆောင်ချက်တွေကတော့ မျက်နှာပြင်အကျယ် ၅.၅လက်မ 720 x1280 pixels မျက်နှာပြင်၊ Mediatek MT3755 Chipset, 13MP ကျောဘက်ကင်မရာ၊ 16MP ရှေ့မျက်နှာကင်မရာ၊ 32GB နဲ့ 64GB Storage, 3GB နဲ့ 4GB RAM တွေပါဝင်ပါတယ်။ Fingerprint Sensor လည်းပါဝင်ပြီး အရောင်အနေနဲ့ Gold, Rose Gold နဲ့ Gray ဆိုပြီး ရနိုင်မှာပါ။

Xiaomi Mi 5

Image result for xiaomi mi5
ဒီနှစ် အစောပိုင်းက ထုတ်လုပ်ခဲ့တဲ့ Xiaomi ရဲ့ Mi 5 ဟာ လူကြိုက်များ ကြော်ကြားတဲ့ ဖုန်းအမျိုးအစားတစ်မျိုး ဖြစ်ပါတယ်။ ဖန်ကိုယ်ထည်နဲ့ ထုတ်လုပ်ထားခဲ့တဲ့ ဖုန်းဖြစ်ပြီး နောက်ပိုင်းမှာ Mi 5s ဆိုပြီး ဒုတိယ မျိုးဆက်ထပ်ထွက်ပါတယ်။ ဈေးနှုန်းကတော့ အနိမ့်ဆုံး မော်ဒယ်က ကျပ် ၂၉၀၀၀၀ နီးပါးရှိပါတယ်။ လုပ်ဆောင်ချက်တွေအနေနဲ့ မျက်နှာပြင်အကျယ် ၅.၁၅လက်မ၊ 1080 x 1920 p မျက်နှာပြင်၊ Qualcomm MSM8996 Snapdragon 820 Chipset၊ 32/64/128 GB ရှိတဲ့ Storage နဲ့ 3GB နဲ့ 4GB RAM တွေပါဝင်တာပါ။
Fingerprint Sensor, Android 6.0 Marshmallow ဗားရှင်းနဲ့ 3000mAh ဘက်ထရီတွေ ပါဝင်ပါတယ်။ အရောင်အနေနဲ့ Black, White, Gold နဲ့ Ceramic ဆိုပြီး ရိုးရှင်းလူကြိုက်တဲ့ အရောင်တွေနဲ့ပဲ ထုတ်လုပ်ထားတာ ဖြစ်ပါတယ်။
သင့်အနေနဲ့ နှစ်သစ်မှာ ဖုန်းသစ်လဲချင်နေပြီဆိုရင်တော့ ကျွန်တော်ဖော်ပြပေးခဲ့တဲ့ စမတ်ဖုန်းတွေက အထောက်အကူ ပြုလိမ့်မယ်လို့ ထင်ပါတယ်။





Credit-Joker (Akhayar)
Ref: Android Authority, Poket Link, GSM Arena, Facebook
www.nyilattun.com

ကျပ်သုံးသိန်းအောက် အကောင်းဆုံး စမတ်ဖုန်းများ (Update) Reviewed by ညီလတ်ထွန်း(နည်းပညာ) on 4:47 AM Rating: 5 စမတ်ဖုန်းသုံးစွဲတဲ့ ဈေးကွက်ကျယ်ပြန့်လာတာကြောင့် စမတ်ဖုန်းထုတ်လုပ်သူတွေလည်း များပြားလာပြီး ဈေးနှုန်းနည်းနည်းနဲ့ ပစ္စည်းကောင်းကောင်းတွေလည...

No comments: