Telenor ဆင်းမ်ကတ်မှတ်ပုံတင်ခြင်းများ မြို့နှင့်ကျေးရွာ ၈၀၀ ခန့်တွင်ကျင်းပမည် - ညီလတ်ထွန်း(နည်းပညာ)

728x90 AdSpace

Trending

Telenor ဆင်းမ်ကတ်မှတ်ပုံတင်ခြင်းများ မြို့နှင့်ကျေးရွာ ၈၀၀ ခန့်တွင်ကျင်းပမည်

elenor ဆင်းမ်ကတ်မှတ်ပုံတင်ခြင်းများ မြို့နှင့်ကျေးရွာ ၈၀၀ ခန့်တွင်ကျင်းပမည်ဖြစ်ကြောင်း သိရ သည်။ 
ဒီဇင်ဘာလအတွင်းတွင် ‘ဆင်းကတ်မှတ်ပုံတင်နေ့များ’ကို တိုင်းဒေသကြီး ၆ ခု၊ ပြည်နယ် ၄ ခုနှင့် နေပြည်တော်တွင် ပြုလုပ်လျက်ရှိကြောင်း၊ ယင်းနေ့ကို ရန်ကုန်တွင် ဒီဇင်ဘာလ ၁၄ ရက်နေ့တွင် ကျင်းပမည် ဖြစ်ပြီး ဆင်းကတ်မှတ်ပုံတင်သူများကို လက်ဆောင်များ ပေးမည်ဖြစ်ကြောင်း၊ ဒီဇင်ဘာလ အတွင်းတွင် တယ်လီနော ၀န်ထမ်းများ နှင့် တယ်လီနော၏ ဖြန့်ချီရေးကိုယ်စားလှယ် ၀န်ထမ်းများသည် နေပြည်တော်၊ ပဲခူး၊ ဧရာဝတီ၊ တနင်္သာရီ၊ ဧရာဝတီ၊ မကွေး၊ စစ်ကိုင်း၊ကချင်၊ရခိုင်၊မွန်နှင့်ကရင်တို့ရှိ မြို့နှင့် ကျေးရွာပေါင်း ၈၀၀ ခန့်တွင် ဆင်းကတ်မှတ်ပုံတင် နေ့များကို ကျင်းပပြီး သုံးစွဲသူများ အလွယ်တကူ မှတ်ပုံတင် နိုင်ရန် ကူညီ ဆောင်ရွက်ကြမည် ဖြစ်ကြောင်းဆိုသည်။
 
အွန်လိုင်းမှ တစ်ဆင့်မှတ်ပုံတင်ရန် သုံးစွဲသူများအနေဖြင့် မည်သည့် မိုဘိုင်းလ် (သို့) ဝိုင်ဖိုင်အင်တာနက် ကွန်ရက်မှ မဆို http://ecaf.telenor.com.mm သို့ ဝင်ရောက်ပြီး မှတ်ပုံတင်နိုင်မည် ဖြစ်သည်။ မိုဘိုင်းလ် အက်ပလီကေးရှင်းမှ တဆင့် မှတ်ပုံတင်ရန်အတွက် အန်းဒရိုက်ဖုန်းဖြစ်စေ အိုင်ဖုန်းဖြစ်စေ ‘My Telenor’ app ကို http://bit.ly/mytelenor24တွင် ဒေါင်းလုဒ်ရယူနိုင်မည် ဖြစ်ကြောင်း သိရသည်။



 
 Credit-ထွန်းထွန်း
(internetjournal.media)


Telenor ဆင်းမ်ကတ်မှတ်ပုံတင်ခြင်းများ မြို့နှင့်ကျေးရွာ ၈၀၀ ခန့်တွင်ကျင်းပမည် Reviewed by ညီလတ်ထွန်း(နည်းပညာ) on 7:19 AM Rating: 5   elenor ဆင်းမ်ကတ်မှတ်ပုံတင်ခြင်းများ မြို့နှင့်ကျေးရွာ ၈၀၀ ခန့်တွင်ကျင်းပမည်ဖြစ်ကြောင်း သိရ သည်။   ဒီဇင်ဘာလအတွင်းတွင် ‘ဆင်းကတ်မှတ်ပံ...

No comments: