၅.၅ လက်မ screen နှင့် 4,000mAh ဘက်ထရီပါဝင်သည့် Meizu M5 Note - ညီလတ်ထွန်း(နည်းပညာ)

728x90 AdSpace

Trending

၅.၅ လက်မ screen နှင့် 4,000mAh ဘက်ထရီပါဝင်သည့် Meizu M5 Note

တရုတ်နိုင်ငံတွင်ပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲတစ်ခုတွင် Meizu က M5 Note ဟုခေါ်သည့် ကုမ္ပဏီ၏ နောက်ဆုံးပေါ်စမတ်ဖုန်းကို ပွဲထုတ်မိတ်ဆက်ခဲ့သည်။
M5 Note တွင် Full HD resolution ဖြင့် အသုံးပြုနိုင်မည့် ၅.၅ လက်မ 2.5D curved glass display ပါဝင်သည်။ Mediatek Helip P10 processor ကိုအသုံးပြုထားပြီး 3GB RAM, 16/32GB storage အမျိုးအစားနှင့် 4GB RAM, 64GB အမျိုးအစားတို့ဖြင့် ရရှိနိုင်သည်။
ပင်မကင်မရာက 13MP ဖြစ်ပြီး f/2.2 aperture နှင့် phase detection autofocus (PDAF) တို့ဖြင့် ရိုက်ကူးနိုင်သည်။ Selfie ကင်မရာက 5MP ဖြစ်သည်။ Screen ၏ အောက်ဘက်တွင် လက်ဗွေဖတ်စနစ်ပါဝင်ပြီး ၀.၂ စက္ကန့်အတွင်း ဖုန်းကို unlock လုပ်ပေးနိုင်ကာ သုံးစွဲသူ၏ အဖိုးတန်အချက်အလက်များကို လုံခြုံမှုပေးနိုင်မည်ဖြစ်သည်။
သတ္တုကိုယ်ထည်၏အထူမှာ ၈.၁၅ မီလီမီတာဖြစ်ပြီး မီးခိုးရောင်၊ ငွေရောင်၊ ရွှေရောင်၊ အပြာရောင်ဖြင့် ရရှိနိုင်သည်။ အရွယ်ကြီးမားသည့် 4,000mAh ဘက်ထရီပါဝင်ပြီး လျင်မြန်စွာအားသွင်းနိုင်သည့် mCharge နည်းပညာကြောင့် ဘက်ထရီကို မိနစ် ၉၀ အတွင်း ၁၀၀ ရာခိုင်နှုန်း အားသွင်းနိုင်သည်။ ၎င်းဖုန်းတွင် Android 6.0 Marshmallow နှင့်အတူ Meizu ၏ နောက်ဆုံးပေါ် Flyme user interface 6.0 ဖြင့် သုံးနိုင်သည်။
Meizu M5 Note ကို ဒီဇင်ဘာ ၈ ရက်တွင် တရုတ်နိုင်ငံ၌ စတင်ရောင်းချမည်ဖြစ်သည်။ တန်ဖိုးမှာ 3GB/16GB အတွက် ၈၉၉ ယွမ် (၁၃၀ ဒေါ်လာ)၊ 3GB/32GB အတွက် ၉၉၉ ယွမ် (၁၄၅ ဒေါ်လာ)၊ 4GB/64GB အတွက် ၁,၄၉၉ ယွမ် (၂၁၈ ဒေါ်လာ) အသီးသီးကျသင့်မည်ဖြစ်သည်။ အနောက်နိုင်ငံဈေးကွက်များ၌ ရောင်းချမည့်အချိန်ကို ကုမ္ပဏီမှ ထုတ်ဖော်ပြောကြားခဲ့ခြင်း မရှိပေ။
Ref: AndroidAuthority

Tags: 

၅.၅ လက်မ screen နှင့် 4,000mAh ဘက်ထရီပါဝင်သည့် Meizu M5 Note Reviewed by Thiha Htike on 8:43 PM Rating: 5 တရုတ်နိုင်ငံတွင်ပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲတစ်ခုတွင် Meizu က M5 Note ဟုခေါ်သည့် ကုမ္ပဏီ၏ နောက်ဆုံးပေါ်စမတ်ဖုန်းကို ပွဲထုတ်မိတ်ဆ...

No comments: