LG က G Pad III 10.1 FHD LTE Tablet ကို ရောင်းပြီ - ညီလတ်ထွန်း(နည်းပညာ)

728x90 AdSpace

Trending

LG က G Pad III 10.1 FHD LTE Tablet ကို ရောင်းပြီ

LG က တက်ဘလက်အသစ်တစ်လုံးကို တောင်ကိုရီးယားမှာ ရောင်းချပေးလိုက်ပါတယ်။ G Pad III 10.1 FHD LTE လို့ အမည်ပေးထားပြီး ၁၀.၁ လက်မ Full HD Display တပ်ဆင်ထားပါတယ်။ 4G LTE ဆက်သွယ်မှုကို ထောက်ပံ့ပါတယ်။
အတွင်းပိုင်းမှာ Octa-Core 1.5GHz Processor ထည့်သွင်းထားပြီး Snapdragon 600 Series ထဲမှ တစ်ခု ဖြစ်နိုင်ပါတယ်။ 2GB RAM, 32GB Storage တပ်ဆင်ထားပါတယ်။ microSD Card ကိုလည်း စိုက်နိုင်ပါတယ်။ အရှေ့နဲ့ အနောက် နှစ်ဘက်စလုံးမှာ 5MP Camera တစ်လုံးစီ တပ်ဆင်ထားပါတယ်။ 6000mAh Battery နဲ့ Android 6.0.1 ထည့်သွင်းထားပါတယ်။
ဒစ်ဂျစ်တယ် ဘောပင်ပါတဲ့ မော်ဒယ်ကို လာမယ့်နှစ်နှောင်းပိုင်းမှာ ရောင်းချမယ်လို့ LG က ပြောပါတယ်။ Kickstand ကိုလည်း တက်ဘလက်နဲ့ တွဲဖက် အသုံးပြုနိုင်ပါတယ်။ အခြားနိုင်ငံများမှာ ရောင်းချမယ့် သတင်းကို LG က ကြေညာခြင်း မရှိသေးပါဘူး။ ဒါပေမယ့် LG က သူ့ရဲ့ တက်ဘလက်များကို နိုင်ငံတကာမှာ ရောင်းချပေးလေ့ရှိပါတယ်။ အမေရိကန်မှာဆိုရင် Carriers များကနေ ရောင်းချကြပါတယ်။ တက်ဘလက်ရဲ့ ဈေးနှုန်းမှာ ၄၂၉ ဒေါ်လာ ဖြစ်ပါတယ်။


Ref : android police
Credit- http://digitaltimes.com.mm)
LG က G Pad III 10.1 FHD LTE Tablet ကို ရောင်းပြီ Reviewed by ညီလတ်ထွန်း(နည်းပညာ) on 8:07 AM Rating: 5   LG က တက်ဘလက်အသစ်တစ်လုံးကို တောင်ကိုရီးယားမှာ ရောင်းချပေးလိုက်ပါတယ်။ G Pad III 10.1 FHD LTE လို့ အမည်ပေးထားပြီး ၁၀.၁ လက်မ Full HD Dis...

No comments: