Cortana Search History ကို ဖယ်ရှားရှင်းလင်းခြင်း - ညီလတ်ထွန်း(နည်းပညာ)

728x90 AdSpace

Trending

Cortana Search History ကို ဖယ်ရှားရှင်းလင်းခြင်း

Windows 10 မှာ ထည့်သွင်းပေးထားတဲ့ Personal Assistant တစ်ခုဖြစ်တဲ့ Cortana ဟာ သုံးစွဲသူတွေ အတွက် အသုံးဝင်စေပေမယ့် တစ်ခါတစ်ရံမှာ ကိုယ်ရှာဖွေထားတဲ့ အကြောင်းအရာတွေ ဟာ history အနေနဲ့ ကျန်ရှိနေတဲ့ အတွက်ကြောင့် စိတ်ရှုပ်ရတတ်ပါတယ်။ Cortana ထဲမှာ ရှာဖွေထားတဲ့ Search history တွေကို ဖယ်ရှားရှင်းလင်းချင်တယ်ဆိုရင် ဖော်ပြပါ နည်းလမ်းအတိုင်း ပြုလုပ်နိုင်မှာဖြစ်ပါတယ်။
Cortana Search History ကိုဖယ်ရှားဖို့အတွက် Start Menu button ကို နှိပ်လိုက်ပါ။ နှိပ်ပြီးရင် Settings ဆိုတာကိုရွေးချယ်ပေးရပါမယ်။ ဒါမှမဟုတ် Notification Center ကို ကလစ်နှိပ်ပြီး All Settings ဆိုတာကိုလည်း ရွေးချယ်နိုင်မှာဖြစ်ပါတယ်။
Settings ထဲကိုရောက်ပြီဆိုရင် Privacy ဆိုတာကိုနှိပ်လိုက်ပါ။ Privacy ထဲကမှ Speech, inking, & typing ဆိုတာကိုရွေးချယ်ပေးရပါမယ်။ ရွေးချယ်ပေးပြီးရင် Stop getting to know me ဆိုတဲ့ခလုတ်ကို နှိပ်ရပါမယ်။ အဆိုပါ ခလုတ်ကို နှိပ်ပြီး Turn off ဆိုတာကို ထပ်နှိပ်ပေးရပါမယ်။
ဒါဆိုရင် Stop getting to know me ဆိုတဲ့ ခလုတ်ဟာ Get to Know me ဆိုပြီး ပြောင်းသွားပါလိမ့်မယ်။ နောက်တစ်ဆင့်ကတော့ ကိုယ်ရေးအချက်အလက်တွေကို Device ကနေ ဖယ်ရှားဖို့အတွက် Go to Bing and manage personal info for all your devices ဆိုတဲ့ လင့်ခ်ကို နှိပ်ပေးလိုက်ရင် Microsoft EDGE browser ပွင့်လာပြီး ကိုယ့်ရဲ့အချက်အလက်တွေနဲ့ ပတ်သက်တာကို ဖယ်ရှားရှင်းလင်းနိုင်ဖို့အတွက်ပြပေးပါလိမ့်မယ်။
အကယ်၍ ကိုယ်ရေးကိုယ်တာ အချက်အလက်တွေကို မထည့်သွင်းထားဘူးဆိုရင်တော့ Page not found ဆိုတာပဲပြသပါလိမ့်မယ်။ ရှိခဲ့တယ်ဆိုရင်တော့ အဆိုပါ နေရာအောက်ခြေနားမှာ Clear ဆိုတဲ့ ခလုတ်လေး တွေ့ရပါလိမ့်မယ်။ Clear ခလုတ်ကို နှိပ်လိုက်ရင် ကိုယ့်ရဲ့အချက်အလက်တွေ history ဖိုင်တွေကို ဖယ်ရှားရှင်းလင်းပေးသွားမှာဖြစ်ပါတယ်။



Ref: maketecheasier
CREDIT-သီဟ( internetjournal)



Cortana Search History ကို ဖယ်ရှားရှင်းလင်းခြင်း Reviewed by ညီလတ်ထွန်း(နည်းပညာ) on 3:19 AM Rating: 5   Windows 10 မှာ ထည့်သွင်းပေးထားတဲ့ Personal Assistant တစ်ခုဖြစ်တဲ့ Cortana ဟာ သုံးစွဲသူတွေ အတွက် အသုံးဝင်စေပေမယ့် တစ်ခါတစ်ရံမှာ ကို...

No comments: