နှစ်သစ်မှာ လက်တော့ပ်အသစ်တစ်လုံးဝယ်ဖို့ စဉ်းစားနေကြပါသလား။ ရုံးသုံး၊ကျောင်းသုံး လောက်ပဲသုံးမယ်။ ငွေအများကြီးမသုံးချင်ဘူးဆိုတဲ့သူတွေအတွက် တန်ဖိုးသင့်ပြီး စွမ်းဆောင်ရည် ကောင်းတဲ့ လက်တော့အမှတ်တံဆိပ်ငါးမျိုးကို ဖော်ပြပေးလိုက်ပါတယ်။
 Asus F555LA-AB31 (339.99 $)
asus-f555la-ab31
Asus F555LA-AB31 ကတော့ ၂၀၁၅ခုနှစ်ရဲ့ အရောင်းရဆုံး လက်တော့ပ်တွေထဲမှာပါ ပါတယ်။ မျက်နှာပြင်အရွယ်အစားက ၁၅.၆ လက်မရှိပြီးတော့  High Definition (HD) အထောက်အပံပေးပါတယ်။ ၁၅.၆ လက်မဆိုတာကကြီးမားတဲ့မျက်နှာပြင်ဖြစ်တာမို့ အသုံးပြုရတာအရမ်းအဆင်ပြေမှာပါ။ နောက်ပြီးတော့ Asusရဲ့ Sonicmaster အသံစနစ်ပါဝင်ပါတယ်။ CPU ကတော့ Intel ရဲ့ Core i3 ပရို ဆက်ဆာဖြစ်ပြီး အမြန်နှုန်းက 2.1 GHz ပါ။ မှတ်ဥာဏ် မာမိုရီ (Memory) က 4GB DDR3ပမာဏရှိပြီးတော့ Hard Drive ရဲ့သိုလှောင်နိုင်စွမ်းက 500 GB ရှိပါတယ်။ မျက်နှာပြင်ရဲ့အောက်ပိုင်းကတော့ အနည်းပုံ မကျပါဘူး။ကျောင်းသုံး၊လုပ်ငန်းသုံးပဲသုံးမယ်ဆိုရင်တော့တော်တော်သင့်တော်တဲ့လက်တော့ပ်တစ်လုံးပါ။ ဂရပ်ဖစ်အနေနဲ့ကတော့ Intel HD Graphics 5500 ပဲပါတဲ့အတွက် ဓါတ်ပုံ၊ဗွီဒီယိုတွေကိုတော့ အပျော်တမ်း တည်းဖြတ်လို့ပဲရပါမယ်။
  • Weight: 4.6 lbs
  • Processor: Intel Core i3-5010U 2.1 GHz
  • Display Size: 15.6 inch
  • RAM: 4GB DDR3
  • Graphics: Intel HD Graphics 5500
Acer Aspire  E 15 E5-574-53QS (389.88$)
acer
ဒေါ်လာလေးရာအောက်နဲ့ Intel Skylake i5 ပရိုဆက်ဆာပါတဲ့လက်တော့ပ်ရဖို့ဆိုတာက တော်တော်ကြီးရှားပါတယ်။ Acer Aspire ရဲ့ E 15 က မှာတော့ i5 ပရိုဆက်ဆာပါဝင်တဲ့အပြင် များသောအားဖြင့် တန်ဖိုးကြီးလက်တော့ပ်တွေမှာသာ ပါရှိတဲ့ လှပသေသပ်တဲ့ textured plastic ကာဗာနဲ့ ကာကွယ်ပေး ထားပါတယ်။ ဒေါ်လာလေးရာအောက်ဆိုရင် အများဆုံးတော့ရတတ်တာက AMD ပရိုဆက်ဆာ ဒါမှမဟုတ်ရင်တော့ Intel ရဲ့ ဈေးပေါပေါပရိုဆက်ဆာပါတဲ့ လက်တော့ပ်တွေပါ။ ဒါပေမယ့် Acer ကတော့ Intel ရဲ့ ဆဌမမြောက်မျိုးဆက် i5 6200U ပရိုဆက်ဆာကိုထည့်ထားပေးပါတယ်။ မှတ်ဥာဏ် (Memory) အနေနဲ့ကတော့ 4 GB အရွယ်အစားရှိပြီး ပိုမိုကောင်းမွန်ချင်တယ်ဆိုရင်တော့ 8 GB အထိမြှင့်လို့ ရပါမယ်။ Hard Drive ရဲ့သိုလှောင်နိုင်စွမ်းပမာဏကတော့ 1 TB ပါ။ ထပ်ပြီးတော့ အဆင့်မြှင့်ချင်သေးတယ်ဆိုရင်တော့ Hybrid drive ဒါမှမဟုတ်ရင် SSD နဲ့ မြှင့်လို့ရပါတယ်။ ဒါပေမယ့် တန်ဖိုးနည်းလက်တော့ဖြစ်တာမို့ ဂရပ်ဖစ်ကတော့ Intel HD Graphics 5500 ပဲပါပါတယ်။ ဂိမ်းကောင်းကောင်းဆော့လို့ရမှာ မဟုတ်ပေမယ့် Screen ရဲ့ရုပ်ထွက်ကတော့ 1366 x 768 အထိ ရရှိနိုင်ပါတယ်။
  • Intel Core i5-6200U 2.30GHz
  • Intel HD Graphics 520 Shared
  • 4GB DDR3L RAM
  • 1024GB 5400 RPM HDD
  • 15.6 inch, 1366 x 768 pixels (TN)
  • Windows 10 Home
  • 5.29 lbs
HP Pavilion 15-BA079DX 15.6-inch (374.80 $)
hp
HP ကတော့ တန်ဖိုးသင့်လက်တော့ပ်တွေကို ထုတ်နေတာကြာပါပြီ။ သူရဲ့တန်ဖိုးသင့်လက်တော့ပ်တိုင်းက AMD ပရိုဆက်ဆာတွေနဲ့များပါတယ်။ အခုလက်တော့ပ်မှာလဲ AMD ရဲ့ သတ္တမျိုးဆက် AMD A10-9600P ပရိုဆက်ဆာကိုသုံးထားပြီးတော့ မှတ်ဥာဏ် (Memory) က 6GB ပါဝင်ပါတယ်။ ပုံမှန် ရုံးလုပ်ငန်းသုံးမယ်ဆိုရင်တော့ တော်တော်ကြီးကိုအဆင်ပြေတဲ့ လက်တော့ပ်တစ်လုံးပါ။ တန်ဖိုးသင့်လက်တော့ပါဖြစ်တာနဲ့အညီPixel 1366 x 768 သာပေးနိုင်လို့ ရုပ်ထွက်က အရမ်းကြီးမကောင်းပါဘူး။  ဒါပေမယ့် 720p ဗွီဒီယိုတွေကိုတော့Streaming ကြည့်ရှုနိုင်မှာပါ။ Hard Drive ရဲ့သိုလှောင်နိုင်စွမ်းကတော့ 1 TB ပေးထားပေမယ့် လည်ပတ်အား5400 rpm ပဲရှိလို့ Window တက်တဲ့အချိန်နဲ့ အချို့အယ်ပလီကေးရှင်းတွေ သွင်းတဲ့အချိန်မှာ အနည်းငယ်ကြာနိုင်ပါတယ်။ HP ကတော့ သူ့ရဲ့လက်တော့ပ်က အားအပြည့်သွင်းထားခဲ့ရင် ဘတ္ထရီ ငါးနာရီအထိ သုံးနိုင်လို့ရ တယ်လို့ပြောထားပေမယ့် တကယ်တမ်းမှာတော့ သုံး၊လေးနာရီထက်မပိုပါဘူး။
  • AMD A10-9600P 2.3GHz
  • AMD Radeon R5 (Carrizo) Shared
  • 6GB DDR3L RAM
  • 1024GB 5400 RPM HDD
  • 15.6 inch, 1366 x 768 pixels (TN)
  • Windows 10 Home
  • 5 hours battery life
  • 4.72 lbs
Leneovo Ideapad 310 80SM003SUS 15.6-inch (399.00$)
lenovo
Lenovo ရဲ့ Ideapad ကလည်း တန်ဖိုးသင့်လက်တော့ပ်အမျိုးအစားပါ။ ဟိုးအရင် IBM နာမည်နဲ့ကတည်းတန်ဖိုးသင့်လက်တော့ပ်တွေကို ထုတ်လာခဲ့တာအခုချိန်အထိပါပဲ။ တန်ဖိုးသင့်အမျိုးအစားဖြစ်တဲ့အတွက်တော့ဂိမ်းအမြင့်ကြီးတွေဆော့လို့ရမှာ မဟုတ်သလို ပရော်ဖက်ရှင်နယ်ဒီဇိုင်နာတွေအတွက်လည်းမသင့်တော်ပါဘူး။Intle ရဲ့ ဆဌမမျိုးမြောက် Core i3 Skylake ပရိုဆက်ဆာပါဝင်ပြီးတော့ မှတ်ဥာဏ် (Memory) ကတော့4 GB DDR4 ပါဝင်ပါတယ်။ မှတ်ဥာဏ်ကို 8GB အထိ အဆင့်မြှင့်လို့ရပေမယ့် 2133MHz RAM အမျိုးအစားဖြစ်ဖို့တော့လိုပါတယ်။ Hard Drive ရဲ့ သိုလှောင်နိုင်စွမ်းပမာဏကတော့ 1TBပါ။ သူ့ရဲ့လည်ပတ်နှုန်းကလည်း5400 rpm သာရှိတာမို့လို့ SSD နဲ့ Hybrid drives ထက်စာရင်တာ့ အနည်းငယ်နှေးကွေးနေမှာ ဖြစ်ပါတယ်။မျက်နှာပြင်ကတော့ HD ဗွီဒီယိုတွေကို 720p နဲ့ကြည့်လို့ရပါတယ်။
  • Intel Core i3-6100U 2.30GHz
  • Intel HD Graphics 520 Shared
  • 4GB DDR4 2133MHz RAM
  • 1024GB 5400 RPM HDD
  • 15.6 inch, 1366 x 768 pixels (TN)
  • Windows 10 Home
  • 5 hours battery life

Dell Inspiron i3552-8040BLK 15.6-Inch (339.00$)

dell
Dell ရဲ့လက်တော့ပ်စီးရီးတွေထဲမှာ Inspiron စီးရီးကတော့ တန်ဖိုးသင့်စီးရီးတစ်ခုပဲဖြစ်ပါတယ်။ အခု Inspiron i3552-8040BLK ကတော့ Intel ရဲ့ Pentium N3700 ပရိုဆက်ဆာပါဝင်ပြီးတော့ အမြန်နှုန်းက 1.6 GHz ပါ။မှတ်ဥာဏ် (Memory) အနေနဲ့က 4GB DDR3 RAM ပါဝင်ပါတယ်။ ဒါပေမယ့် မှတ်ဥာဏကိုအဆင့်မြင့်နိုင်ခြင်းတော့ မရှိပါဘူး။ အခုလက်တော့က SSD Storage နဲ့လာတာဖြစ်တဲ့အတွက် ပုံမှန် Hard Drive တွေနဲ့လာတဲ့လက်တော့ပ်တွေထက် Bootup နဲ့ Load Times တွေပိုပြီးတော့ မြန်ဆန်ပါတယ်။ သိုလှောင်နိုင်စွမ်းကတော့128 GB တာရှိမို့လို့ နည်းတယ်လို့ပြောနိုင်ပါတယ်။ Window 10 pre-installed ပါဝင်လာတဲ့အပြင် ဘက္ထရီသက်တမ်းလည်း ကြာရှည်ခံပါတယ်။ ဂရပ်ဖစ်အနေနဲ့ကတော့ Braswell architecture ကို အခြေခံပြီးထုတ်ထားတဲ့ Intel HD Graphics ကိုသာထည့်သွင်းပေးထားတာကြောင့် ဂိမ်းအမြင့်ကြီးတွေဆော့ဖို့အဆင်ပြေမှာမဟုတ်ပါဘူး။ တန်ဖိုးသင့်လက်တော့တစ်လုံးဖြစ်တာနဲ့အညီ ရုံးသုံး၊ကျောင်းသုံး လုပ်ဆောင်ချက်တွေထက်တော့ ပိုမိုလုပ်ဆောင်နိုင်မှာ မဟုတ်ပါဘူး။
  • Intel Pentium N3700 1.6GHz
  • Intel HD Graphics (Braswell)
  • 4GB DDR3L RAM
  • 128GB SSD
  • 15.6 inch, 1366 x 768 pixels (TN)
  • Windows 10 Home
  • 6 hours battery life
  • 4.8 lbs





 Credit-Min Thu Kha(akhayar)
www.nyilattun.com