အိန္ဒိယဘူတာရုံတွေမှာ အခမဲ့ ၀ိုင်ဖိုင်စတင် စမ်းသပ်ထုတ်လွှင့် - ညီလတ်ထွန်း(နည်းပညာ)

728x90 AdSpace

Trending

အိန္ဒိယဘူတာရုံတွေမှာ အခမဲ့ ၀ိုင်ဖိုင်စတင် စမ်းသပ်ထုတ်လွှင့်

အိန္ဒိယအစိုးရ နဲ့ Google ကုမ္ပဏီတို့ရဲ့ သဘောတူညီချက်အရ အိန္ဒိယနိုင်ငံတွေရဲ့ မီးရထားဘူတာရုံတွေမှာ အခမဲ့ ၀ိုင်ဖိုင်နည်းပညာ ကို ပြီးခဲ့တဲ့ ကြာသပတေးနေ့က စတင်ပြီး စမ်းသပ်ထုတ်လွှင့်ပေးခဲ့ရာ တစ်ရက်ကို လူဦးရေ ၁၅၀၀၀ ကျော် လာရောက် Access လုပ်ခဲ့ကြတယ် လို့ သတင်းရရှိပါတယ်။
.
ဂူးဂဲလ် က အိန္ဒိယရဲ့ လူအထူထပ်ဆုံး နဲ့ ခရီးသည်ဦးရေအများဆုံး ဘူတာရုံတွေ မှာ အခမဲ့ဝိုင်ဖိုင် အစီအစဉ် ကို စမ်းသပ်ခဲ့တာ ဖြစ်ပြီး ကမ္ဘာပေါ်မှာရှိတဲ့ လူဦးရေအများပြားဆုံးနေရာတွေတိုင်းမှာ ၀ိုင်ဖိုင်နည်းပညာကို သုံးစွဲထားတဲ့ နည်းပညာ ကို ရှိသင့်၊ သုံးသင့်တယ် လို့လည်း ပြောဆိုခဲ့ပါတယ်။ လာမယ့် နှစ်မှာ မီးရထားဘူတာရုံပေါင်း အရေအတွက် ၄၀၀ ကျော် အထိ တိုးချဲ့လုပ်ကိုင်သွားဖို့ အစီအစဉ် ရှိနေတယ် လို့ ဂူးဂဲလ်ကုမ္ပဏီ က ဆိုပါတယ်။
.
အဲဒီအပြင်မှာ Optic Fibre Cable လိုင်းကို လုပ်ကိုင်ဆောင်ရွက်ခွင့်ရရှိထားတဲ့ RailTel ကုမ္ပဏီ နဲ့ ပူးပေါင်းပြီး လာမည့်နှစ်မှာ အိန္ဒိယနိုင်ငံရဲ့ ၇၀ ရာခိုင်နှုန်းအထိ အင်တာနက် လိုင်းကြောင်းတွေ ကောင်းမွန်စွာ ဖြန့်ကျက်ထားနိုင်ဖို့ လုပ်ဆောင်သွားမယ် လို့ သတင်း ရရှိပါတယ်။


.
Ref : Mashable
Credit to digitaltimes.com.mm)
www.nyilattun.com



အိန္ဒိယဘူတာရုံတွေမှာ အခမဲ့ ၀ိုင်ဖိုင်စတင် စမ်းသပ်ထုတ်လွှင့် Reviewed by ညီလတ်ထွန်း(နည်းပညာ) on 5:09 PM Rating: 5   အိန္ဒိယအစိုးရ နဲ့ Google ကုမ္ပဏီတို့ရဲ့ သဘောတူညီချက်အရ အိန္ဒိယနိုင်ငံတွေရဲ့ မီးရထားဘူတာရုံတွေမှာ အခမဲ့ ၀ိုင်ဖိုင်နည်းပညာ ကို ပြီးခဲ့တဲ့ ...

No comments: