7,000mAh ဘက်ထရီပါဝင်သည့် Gionee M2017 ကို ဒီဇင်ဘာ ၂၆ တွင် တရားဝင် မိတ်ဆက်မည် - ညီလတ်ထွန်း(နည်းပညာ)

728x90 AdSpace

Trending

7,000mAh ဘက်ထရီပါဝင်သည့် Gionee M2017 ကို ဒီဇင်ဘာ ၂၆ တွင် တရားဝင် မိတ်ဆက်မည်

ပီးခဲ့သည့်လက တရုတ်နိုင်ငံ အရည်အသွေး စစ်ဆေးရေးအဖွဲ့ (TENAA) ထံမှ ရောင်းချခွင့်အတွက် အသိအမှတ်ပြုမှု ရရှိခဲ့သည့် Gionee M2017 ၏ ဒုတိယမြောက် ကြော်ငြာဓာတ်ပုံအရ ၎င်းစမတ်ဖုန်းကို ဒီဇင်ဘာ ၂၆ ရက်တွင် တရားဝင်မိတ်ဆက် ကြေညာမည်ဟု သိရသည်။
အဆိုပါ ဖုန်း၏ဒီဇိုင်းသည် ကွဲပြားခြားနားပြီး ၅.၇ လက်မ QHD touchscreen နှင့် 12 MP + 13MP dual ကျောဘက်ကင်မရာ၊ 8MP selfie ကင်မရာအပြင် 1.96GHz octa-core processor, 6GB RAM, 128GB storage နှင့် 7,000mAh ဘက်ထရီတို့ ပါဝင်သည်။


ဖုန်း၏အလေးချိန်က ၂၃၀ ဂရမ်ဖြစ်ပြီး အရွယ်ကြီးမားသည့် ဘက်ထရီကြောင့် ဖုန်းကထူထဲကာ အထူ ၁၀.၆၅ မီလီမီတာရှိသည်။ ၎င်းဖုန်းတွင် Android 6.1 Marshmallow ကို အသုံးပြုထားပြီး အရှေ့ဘက်တွင် လက်ဗွေဖတ် စနစ်ပါဝင်သည်။
ကျန်အသေးစိတ် အချက်အလက်ကိုမူ ဒီဇင်ဘာ ၂၆ ရက်တွင် သိရှိရမည်ဖြစ်သည်။




Ref: GSMArena
Credit- နောင်နောင်(internetjournal.media)



7,000mAh ဘက်ထရီပါဝင်သည့် Gionee M2017 ကို ဒီဇင်ဘာ ၂၆ တွင် တရားဝင် မိတ်ဆက်မည် Reviewed by ညီလတ်ထွန်း(နည်းပညာ) on 10:20 AM Rating: 5   ပီးခဲ့သည့်လက တရုတ်နိုင်ငံ အရည်အသွေး စစ်ဆေးရေးအဖွဲ့ (TENAA) ထံမှ ရောင်းချခွင့်အတွက် အသိအမှတ်ပြုမှု ရရှိခဲ့သည့် Gionee M2017 ၏ ဒုတိယမြောက...

No comments: